Wednesday, January 28, 2015

ရက်ဒလေကူးပါး Elephant Man ပြဇာတ်တွင် ပါဝင်ကပြဖျော်ဖြေမည်



 


 အော်စကာဆန်ခါတင်ဆုစာရင်း တွင် သုံးကြိမ်တိုင်တိုင် ဝင်ရောက်နိုင် ခဲ့သောမင်းသား ဘရက်ဒလေကူးပါးသည် လန်ဒန်မြို့၌ တင်ဆက်မည့် ဆင်လူသား (Elephant Man) ပြဇာတ်တွင် ပါဝင်တင်ဆက်ရန်အတွက် သဘောတူညီခဲ့သည်။Hangover ကြယ်ပွင့်မင်းသားအနေဖြင့် ဂျွန်မားရစ်ခ်၏ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုဖြစ်ရပ်မှန် ပြဇာတ်တွင် ဂျွန်မားရစ်ခ်အဖြစ် သရုပ်ဆောင် မည်ဖြစ်သည်။ ဖေဖော်ဝါရီ ၂၁ ရက် အထိ နယူးယောက်မြို့တွင် တင်ဆက် မည့် ယင်းပြဇာတ်တွင် အခြားနာမည် ကျော်များဖြစ်သည့် ပက်ထရစ်ရှာ ကလော့ဆန်နှင့် အလက်ဇန်ဒရိုနီဗိုလာတို့လည်းပါဝင်မည်ဖြစ်သည်။

ထို့နောက် မေ ၁၉ ရက်တွင် လန်ဒန် မြို့သို့ ပြောင်းရွှေ့တင်ဆက်မည်ဖြစ် ကာ အသက်(၄ဝ)နှစ်ရှိ ကူးပါးသည် ၁၉၇၇ ခုနှစ်တွင် လန်ဒန်၌တင်ဆက် ကပြခဲ့သော ၎င်း၏ပထမဆုံးဆင်ဖြင့် ဖျော်ဖြေမှုဖြစ်သည့် ဘားနက်ပိုမာရေစ် ပြဇာတ်ကတည်းက အမေရိကန် ဝေဖန်အကဲဖြတ်စာရေးဆရာများ၏ လက်ခုပ်သံကိုရရှိခဲ့သူဖြစ်သည်။

မားရစ်ခ်၏အမျိုးမျိုးပြောင်းလဲနေသော ရုပ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီး ခဲ့မှု ပုံစံများနှင့် အနီးစပ်ဆုံးတူစေရန် မိတ်ကပ်ပညာ အကူအညီမယူဘဲ ၎င်း၏ပုံသဏ္ဌာန်ကို ဇာတ်ကောင်စရိုက်နှင့်တူညီစေရန် အားထုတ်သွား မည်ဟုဆိုသည်။ သို့မှသာ စင်မြင့်ထက်တွင် ၎င်း၏ပုံပန်းသဏ္ဌာန်မှာ ဇာတ်ကောင်စရိုက်အတိုင်း ပေါ်လွင်ထင်ရှားစွာ ဖန်တီးနိုင်မည်ဖြစ်သည်။ ကူးပါးသည် ယခင်အော်စကာဆန်ခါ တင်ဆု စာရင်းတွင်လည်း Silver Linigns Playbook ဇာတ်ကား နှင့် American Hustle ဇာတ်ကားများ ဖြင့် ပါဝင်ခဲ့ဖူးသူဖြစ်ပြီး ယခုနှစ်တွင် တတိယအကြိမ်အဖြစ် အမေရိကန် စစ်ဘက်ဆိုင်ရာတွင် ထူးချွန်ထက်မြက်သော သေနတ်သမားအဖြစ် ပုံဖော်ထားသည့် American Sniper ကားဖြင့် ပါဝင်နေသည်။

စကော့ အီလစ်စ် စီစဉ်ကြီးကြပ်သည့် ယင်း Elephant Man ပြဇာတ်ကို Theater Royal Hypermart တွင် သြဂုတ် ၈ ရက် အထိ တင်ဆက်သွားမည်ဖြစ်သည်။ အခြား အမေရိကန်သရုပ်ဆောင် ဂျွန်ဂွတ်မင်းကလည်း ယင်းပြဇာတ်တွင် ကူးပါးနှင့်အတူ ပါဝင်ဖျော်ဖြေ မည်ဖြစ်သည်။

No comments:

Post a Comment