တေလာဆွစ်၏ '' ၁၉၈၉'' တေးစီးရီးသည် ယခုဇန်နဝါရီ နောက်ဆုံး ပတ်အတွင်းတွင်
ရောင်းချခဲ့ရသောစီးရီးအရေအတွက် လေးသန်းပြည့်ခဲ့ပြီး ဘေဘုတ်ပေါ်ရှိ
အရောင်းရဆုံး စီးရီးခွေစာရင်း၏ နံပါတ်နှစ်နေရာတွင်ရှိနေသည်။
တေလာသည်ယခုအထိစီးရီးခွေငါးခွေထွက်ရှိထားပြီးဖြစ်ရာသူမ၏ရောင်းအားအကောင်းဆုံး တေးစီးရီးမှာ ၂ဝဝ၈ ခုနှစ်တွင် ထွက်ရှိထားသော''Fearless'' ဖြစ်ပြီး ၆ ဒသမ ၉ သန်းခန့်ရောင်းချခဲ့ပြီးဖြစ်သည်။ တေလာသည် စုစုပေါင်း တေးစီးရီးခွေ ၂၇ ဒသမ ၁ သန်းခန့် အမေရိကန်တွင် ရောင်းချခဲ့ပြီး ဖြစ်သည်။
ဘေဘုတ်ပေါ်တွင်တင်ထားသော စီးရီး ၂ဝဝ အနက် မက်ဂန်ထရီနာ၏" Title'' စီးရီးသည် ရောင်းအားအကောင်းဆုံး နံပါတ်တစ်နေရာတွင်ရှိနေသည်။

No comments:
Post a Comment