ဂျွန်နီဒပ်ဟာဆိုရင် သက်ရှိအမျိုးသားများတွင် ဆွဲဆောင်မှုအရှိဆုံး
အမျိုးသားအဖြစ်လည်းကောင်း၊ သူ့ရဲ့စွယ်စုံဖန်တီးနိုင်တဲ့
အနုပညာအရည်အသွေးများကြောင့်လည်းကောင်း
ဟောလိဝုဒ်အသိုင်းအဝိုင်းများနှင့် အလွန်ရေပန်းစားသူပါ။ ဒါပေမယ့်
သူဟာဟောလိဝုဒ်ရဲ့ ယဉ်ကျေးမှုတွေကို မကြိုက်နှစ်သက်ပါဘူးလို့ ဆိုထားတဲ့သူလည်း
ဖြစ်ပါတယ်။
အသက်(၅၁)နှစ်အရွယ်ရှိ မင်းသားက သူ (၂၄)နှစ်အရွယ်မှာတုန်းက 21 Jump Streetဇာတ်ကားမှာအနည်းငယ်နာမည်ရလာတော့အမျိုးသမီးငယ်လေးတွေက သူ့ကိုလာရောက်နှုတ်ဆက်တဲ့အခါ အရမ်းကိုစိတ်လှုပ်ရှားမိပြီး ဒီအခြေအနေကိုမယုံနိုင်လောက်အောင်ကိုအသစ်အဆန်းဖြစ်နေပါတယ်လို့ET မဂ္ဂဇင်းနဲ့အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။
ဒပ်ဟာလူအများကို စိတ်ချမ်းသာအောင် ထားတတ်သူတစ်ယောက်ဖြစ်ပြီး သူ့ပရိသတ်တွေဘယ်လောက်ပဲများများ၊ဘယ်မှာပဲတွေ့တွေ့ ဖော်ရွေစွာဆက်ဆံ တတ်သူ၊ အမှတ်တရ လက်မှတ်တွေကို ဂရုတစိုက်ရေးထိုးပေးတတ်သူ တစ်ယောက်လည်းဖြစ်ပါတယ်။ ပြီးတော့ သူက A Nightmare on Elm Street ကားမှာအနည်းငယ်အောင်မြင်မှုရရှိလာပြီး၁၉၈၆ခုနှစ်မှာ အော်စကာဆုရ Platoon ဇာတ်ကားမှာပါဝင်ခွင့်ရခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း ဒါရိုက်တာ အိုလီဗာစတုန်းကို ကျေးဇူးတင်ခဲ့သူဖြစ်ပါတယ်။ မင်းသားက Platoon ကားက ကျွန်တော့်ဘဝအတွက် အကြီးမားဆုံး အတွေ့အကြုံတစ်ခုပါပဲ။ ဒါရိုက်တာ အိုလီဗာစတုန်းနဲ့ အလုပ်တွဲလုပ်ရတာ မင်းသားတိုင်းအတွက် အိပ်မက်ပဲ'' ဟု ပြောကြားခဲ့ဖူးသည်။
ဒပ်သည် သူ၏စောစောပိုင်းရရှိခဲ့သော အောင်မြင်မှုအပေါ် မသေချာ သေးသကဲ့သို့ ခံစားနေရပြီး ဟောလိဝုဒ်လုပ်ငန်းကြီးတစ်ခုလုံးအပေါ် သူ့အနေ ဖြင့်အမှန်တကယ်အကျိုးပြုနိုင်ခဲ့ရဲ့လားဟု တွေးတောနေတတ်သူဖြစ်သည်။ ယခု အသက်(၅၁)နှစ်အရွယ်ရောက်ရှိလာသည့်တိုင်အောင် အများကြီးပြောင်းလဲ သွားခြင်းမျိုးမရှိဘဲ Details မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ''ကျွန်တော်အခုထက်ထိကျွန်တော်ချစ်တဲ့အရာတွေ၊ ဖြစ်စဉ်တွေနဲ့ဝေးကွာနေသလိုခံစားရတယ်။ လူတွေက ဘယ်လောက်အသက်ရှည်ရှည်နေရမှာမို့လို့ ဆန္ဒတွေဘာကြောင့် ဒီလောက်များနေသလဲဆိုတာမျိုးကိုလည်း စဉ်းစားမိတယ်'' ဟု ပြောကြားခဲ့ပါတယ်။
ဟောလိဝုဒ်ရဲ့ယဉ်ကျေးမှုကို ပျော်ဝင်ခြင်းမရှိဘဲ ဝါသနာပါရာ သရုပ်ဆောင်အလုပ်ကိုသာ အပတ်တကုတ်ကြိုးစားလုပ်ဆောင်သူဖြစ်ပါတယ်။ ဒပ်ဟာအောင်မြင်မှုကို ရုပ်အလှထက် သူ့ရဲ့ပီပြင်တဲ့ ဇာတ်ကောင်စရိုက်များဖြင့်သာ ထိန်းသိမ်းထားသူဖြစ်ပါတယ်။ အခုဆို အမေရိကန်နိုင်ငံမှာ ဒပ်ရဲ့ကားအသစ်ဖြစ်တဲ့"Mortdecai"ကို ရုံတင်ပြသနေပြီဖြစ်ပါတယ်။

No comments:
Post a Comment