Thursday, January 29, 2015

ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဖြစ်ရန် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် နိုင်ငံရေးပါတီများ ၊ CSO များ၊ မီဒီယာများအနေဖြင့် ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်

Photo: ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲဖြစ်ရန် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် နိုင်ငံရေးပါတီများ ၊ CSO များ၊ မီဒီယာများအနေဖြင့် ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်
===================================================

လားရှိုး ဇန်နဝါရီ ၂၈

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံ ပွဲကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက လားရှိုးမြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လားရှိုး၊ မူဆယ်၊ ကျောက်မဲ ခရိုင်တို့မှ ခရိုင်ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထုများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ''အထွေထွေရွေးကောက်ပွဲကို ယခု နှစ်အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပသွားရန် သတ်မှတ်ကြေညာထားကြောင်း၊ အခြေခံမဲဆန္ဒစာရင်း ပြုစုခြင်းကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် Online မှ ကြည့်ရှုနိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မကြာမီကာလတွင်Voter Training နှင့် Voter Education လုပ်ငန်းများကို ဆောင် ရွက်မည်ဖြစ်ပါကြောင်း၊ Voter Education ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၊ ခရိုင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများ၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း (CSO) များနှင့် မီဒီယာများကို လေ့ကျင့် ပညာပေးသွားမည်ဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ ဖြစ်စေရန် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၊ မဲရုံဝန်ထမ်းများ၊ သက်ဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများ၊ CSO များ၊ မီဒီယာများ အနေဖြင့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များကို သိရှိပြီး ဥပဒေနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ဥပဒေကို သိရှိမှသာအမှားအမှန်ကိုသိရှိပြီး Check & Balance လုပ်နိုင်မည် ဖြစ် ကြောင်း''ဖြင့် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ခေါင်းဆောင် နှင့်လားရှိုးခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတို့မှ ရွေးကောက်ပွဲဆိုင်ရာများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး တက်ရောက် လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဖြေကြားပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တို့က ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားသည်။

(ဝေလင်း)

No comments:

Post a Comment