Thursday, January 29, 2015

ကောင်းခါးကျေးရွာဖြစ်စဉ်တွင် အမှုမှန်ပေါ်ပေါက်စေရေး တပ်မတော်က သက်ဆိုင်ရာအဖွဲ့အစည်းများအား ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိ


 


 နေပြည်တော် ဇန်နဝါရီ ၂၈


 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ်မြို့နယ်ခွဲ ကောင်းခါးကျေးရွာတွင် ဇန်နဝါရီ ၁၉ ရက်က KBC ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်မှ လုပ်အားပေး ဆရာမနှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေး ဖော်ထုတ်မှုများကို ဇန်နဝါရီ ၂ဝ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၉ ရက် ညနေတွင် ကောင်းခါးရွာသို့ ရောက်ရှိအခြေပြုခဲ့ သည့် တပ်မတော်စစ်ကြောင်းအပေါ် သံသယရှိမှုအတွက် တပ်မတော် အနေဖြင့် လိုအပ်သောစုံစမ်း စစ်ဆေးမှုများအား ပြုလုပ်ခဲ့သည့် အပြင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှုများတွင်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ တပ်မတော်စစ်ကြောင်းအား နယ်မြေလုံခြုံရေးတာဝန်များ ပေးအပ်ရန်ရှိသော်လည်း ထပ်မံပေး အပ်ခြင်းမပြုဘဲ အမှုမှန်ပေါ်ပေါက် စေရေး စစ်ဆေးဖော်ထုတ်မှုတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ကောင်း ခါးကျေးရွာ၌ ဆက်လက်အခြေပြုစေ လျက်ရှိသည်။

တရားခံ ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန် စုံစမ်းစစ်ဆေးရေးအဖွဲ့များ သွားရောက်စစ်ဆေးမှုအား လုံခြုံရေးလိုက်ပါ ဆောင်ရွက်ပေးခြင်း၊ ပြစ်မှုကျူးလွန် သူ ဆံပင်မှ ရယူထားသောDNA နှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန် အဆိုပါ စစ်ကြောင်းမှ တပ်မတော်သားများ၏ ဆံပင်နမူနာများအား ပေးပို့ခြင်းတို့ ဖြင့် အမှုမှန်ပေါ်ပေါက်စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ဝိုင်းဝန်းပံ့ပိုးကူညီပေးလျက်ရှိသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းပိုင်း ဆိုင်ရာ မျက်မြင်တွေ့ရှိချက်များနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေး ဖော်ထုတ်ချက်များအရ တပ်မတော် သားများသည် တရားခံဖြစ်နိုင်ဖွယ်ရာ မရှိကြောင်း သုံးသပ်သိရှိရသော်လည်း သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှု များပြုလုပ်နေစဉ် တပ်မတော်အပေါ် ပုတ်ခတ်စွပ်စွဲပြောဆိုမှုများ ပြုလုပ်လာကြောင်း တွေ့ရှိရသဖြင့် အမှု မှန်ပေါ်ပေါက်ချိန်တွင် တပ်မတော်အား မဟုတ်မမှန် ရေးသားပြောဆိုမှုများနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(မြဝတီ)

No comments:

Post a Comment