ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံတွင်
လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ ယူ-၂ဝ အသင်းသည် ဇန်နဝါရီ ၂၇ ရက်
ညပိုင်းက ဂျာမနီတတိယတန်းကလပ် BAK Berlin အသင်းနှင့် ယှဉ်ပြိုင်ကစားရာ လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ ယူ-၂ဝ အသင်းမှာ နန္ဒကျော်၊ အောင်သူ၊ သန်းပိုင်၊ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ ထိုက်ထိုက် အောင်တို့ဖြင့် လူစုံပွဲထွက်လာခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲအစနှစ်မိနစ်တွင် မြန်မာအသင်း ဂိုးစပေးခဲ့ရသော်လည်း ၂၅ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အသင်းခေါင်းဆောင် နန္ဒကျော်က သွင်းယူပေးခဲ့သည်။ မြန်မာ ယူ-၂ဝအသင်းအတွက် ဂိုးများကို ၆၈ မိနစ်တွင် သန်းပိုင်၊ ၈၈ မိနစ်တွင် အောင်သူနှင့် ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ငြိမ်းချမ်းအောင်တို့က သွင်းယူပေးခဲ့သည်။ မြန်မာယူ-၂ဝ အသင်းသည် တူရကီခြေစမ်းခရီးစဉ် နောက်ဆုံးပွဲအဖြစ် ဇန်နဝါရီ ၂၉ ရက် (ယနေ့)တွင် ဘရာဇီးဒုတိယတန်းကလပ် အသင်းနှင့် ထပ်မံကစားမည်ဖြစ်သည်။
(ဖိုးသော်ဇင်)

No comments:
Post a Comment