Thursday, January 29, 2015

စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ



 


 နေပြည်တော် ဇန်နဝါရီ ၂၈

 ကရင်ပြည်နယ် ဘားအံမြို့နယ် နတ်ထိပ်ကျေးရွာအထွက် လယ်ကွင်း ရှိ မီးသွေးဖိုသို့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က ဇန်နဝါရီ ၂၇ ရက် နံနက် ၅ နာရီခွဲတွင် သတင်းအရ သွားရောက် ရှာဖွေရာ စောကျော်ရွှေ (၄၅)နှစ် (ဘ)ဦးတောင်သူ၊ စောအိခုံ (ခ) အောင်ဝေနိုင် (၄ဝ)နှစ် (ဘ)ဦးထဲနပ်၊ စောငွေလာ (၄ဝ)နှစ် (ဘ)ဦးအကျော့ တို့အား WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆၉ ပြား၊ အရှည် လေးပေခွဲခန့်ရှိ တူမီးသေနတ် တစ်လက်၊ ခဲသီး သုံးတောင့်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် နံနက် ၁၁ နာရီတွင် စောကျော်ရွှေ၏ ထွက်ဆိုချက်အရ လက္ခဏကျေးရွာနေ စောသိမ်းစိုး မောင် (ခ) အေအာလာ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စောသိမ်းစိုး မောင် (ခ) အေအာလာသည် သေနတ်အတို တစ်လက်၊ သေနတ် အရှည် တစ်လက်တို့နှင့်အတူ ခြံအနောက်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်သွားခဲ့သည်။ ယင်းနေအိမ်အတွင်း ဆက်လက်ရှာဖွေရာ ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ယင်း ကျည် ၁ဝ၆ တောင့်၊ အမ်-၁၆ သေနတ်တစ်လက်၊ ယင်းကျည်အိမ် အရှည် သုံးခု၊ အတို လေးခု၊ ယင်း ကျည်တောင့် ၃၈ဝ၊ စနိုက်ပါတပ် ပွိုင့်-၂၂ ပြောင်းရှည်သေနတ် တစ်လက်၊ ယင်းကျည်အိမ် တစ်ခု၊ ယင်းကျည် ၁၁ တောင့်၊ ဘီအေ-၁ဝ၃ ဒုံးပစ်လောင်ချာ တစ်လက်၊ ဗုံးသီး နှစ်လုံး၊ အကူယမ်းတောင့် နှစ်ခု၊ ကာဘိုင်ကျည်အိမ် အရှည် နှစ်ခု၊ ကျည် အတောင့် ၃ဝ၊ အေကေ-၄၇ ကျည်အိမ် တစ်ခု၊ ၁၂ ဗို့ကျည် ခြောက်တောင့်၊ ဖျု့(စ်)ပါ ဘီအေ-၁ဝ၉ လက်ပစ်ဗုံး သုံးလုံး၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၉၁ ပြား၊ အနက်ရောင် ပိုက်ဆံအိတ် တစ်လုံးနှင့် ငွေကျပ် ၅၁ဝဝဝ၊ ပြောက်ကျားဦးထုပ် တစ်လုံး၊ အစိမ်းရောင်ဘယ်ရီဦးထုပ် တစ်လုံး၊ ပြောက်ကျားအင်္ကျီ တစ်ထည်၊ ဘောင်းဘီရှည် နှစ်ထည်၊ ဘေးလွယ်အိတ် (စစ်စိမ်းရောင်) သုံးလုံး၊ ဖိနပ် တစ်ရံ၊ အီကွေ့မင့် တစ်စုံ၊ သေနတ် ဂျိုင်းလွယ်ကျိုး တစ်စုံ၊ လက်ထိပ်တစ်စုံ၊ ဓားမြှောင် နှစ်လက်၊ZTE တံဆိပ်ပါ ဖုန်းတစ်လုံး (ဆင်းကတ်ပါ)၊WOU SUM လက်ကိုင်စကား ပြောစက်တစ်လုံးတို့အား တွေ့ရှိ သိမ်းဆည်းခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ သုံးဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသော စော သိမ်းစိုးမောင်တို့အား အိန္ဒုရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

(မြဝတီ)

No comments:

Post a Comment