Wednesday, January 28, 2015

မန္တလေးမြို့တွင်းကွေ့ရှောင်လမ်း စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်းသစ် ကွန်ကရစ်ခင်း





 


 မြစ်ငယ် ဇန်နဝါရီ ၂၇

 မန္တလေးမြို့တွင်း ကွေ့ရှောင်လမ်း ဖြစ်သော စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်းသစ်ကို မကြာမီက လမ်းဖို့မြေသားများ ပြီးစီးပြီဖြစ်၍ ယခုအခါကွန်ကရစ် ခင်းလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ရာ လမ်းပိုင်းအခြေအနေမှာ ပထမ ပိုင်းအဆင့် ပြီးစီးနေပြီဖြစ်သည်။

ယခင် လမ်းဟောင်းဖြစ်သော စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်းသည် ကတ္တရာလမ်းဖြစ်ပြီး ယခု ထပ်ပိုး နောက်ထပ် ရှစ်လက်မ ကွန်ကရစ် ထပ်မံခင်းမည်ဖြစ်သည်။ သို့မှသာ ယခင်လမ်းဟောင်းနှင့် ယခုလမ်းသစ် သည် တစ်ပြေးညီဖြစ်မည်ဖြစ်သည်။

မန္တလေးမြို့တွင်း ကွေ့ရှောင်လမ်း တစ်ဖြစ်လည်း စစ်ကိုင်း-မြစ်ငယ်ဖြတ် လမ်းသည် အကွာအဝေး ၄ မိုင် ၆ ဖာလုံသာရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို အဓိကဆက်သွယ်ထားပြီး ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ပါ ဤလမ်းကို ဗဟိုပြု၍ ကွန်ရက်သဖွယ် ဆက်သွယ်နိုင်မည့် လမ်းဖြစ်သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက ပြည်တွင်းပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့် ပြုရာမှ သော်တာဝင်းကုမ္ပဏီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မောင်မောင်စိုး(မြစ်ငယ်)

No comments:

Post a Comment