ဝက်ထီးကန်၊ ဇန်နဝါရီ ၂၈
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း (ဝက်ထီးကန်)တွင် ရဲတပ်သားသစ်သင်တန်း (၂၇၁/၂ဝ၁၄) တေဇတပ်ခွဲ
သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် အဆိုပါစစ်ရေးပြကွင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မျိုးမင်းထိုက် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်းပြောကြားကာ သင်တန်းထူးချွန်ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
သင်တန်းသို့ သင်တန်းသား ၂ဝ၂ ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်း
နှင့် သင်တန်းဆင်းပွဲသို့ အမှတ် (၂) ရဲလေ့ကျင့်ရေးကျောင်းအုပ်ကြီး ဒုတိယ
ရဲမှူးကြီးတင့်ဝေ၊ ဒုတိယကျောင်းအုပ်၊ နည်းပြမှူးချုပ်၊ ဦးစီးအရာရှိများ၊ သင်တန်းနည်းပြများ၊ ဝက်ထီးကန်တိုတ်နယ်ရှိလူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များနှင့် သင်တန်းသားများ၏ မိဘဆွေမျိုးများ စုစုပေါင်း ၄၁၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဇာနည်

No comments:
Post a Comment