မကွေး ဇန်နဝါရီ ၂၈
မကွေးတိုင်းဒေသကြီး၊မကွေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မီးလင်းရေးကော်မတီအဖွဲ့က ၂ဝ၁၄-၂ဝ၁၅ ခုနှစ်အတွင်း မဟာ
ဓာတ်အားလိုင်းမှ ကျေးရွာမီးလင်းရေးလုပ်ငန်းကို ကျပ်သန်းပေါင်း ၂၄၁ ဒသမ ၅၆၇၂ ဖြင့် ၂ဝ၁၄ခုနှစ် သြဂုတ်မှ စတင်စီမံကိန်းအကောင်အထည်
ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝါဂွမ်း၊စမ်းကန်၊ကန်ရွာ၊ ဂွေးတောက်စမ်း ကျေးရွာတို့တွင်အဆိုပါမီးလင်းရေးလုပ်ငန်းကို ပွင့်သာကုမ္ပဏီအဖွဲ့ကဆောင်ရွက်နေပြီး၊ ထိုလုပ်ငန်း
ဆောင်ရွက်ခြင်းကိုမီးလင်းရေးအဆင့်ဆင့်ကော်မတီများဖွဲ့စည်းဆောင်ရွက်ကြသည်။
အဆိုပါလုပ်ငန်း အမြန်ပြီးစီးဆောင်ရွက်နိုင်ရန် မြို့နယ်အဆင့်ဆင့် လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ မြို့
နယ်ကျေးလတ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်၊ ပွင့်သာ ကုမ္ပဏီမှ ဦးဇော်မင်းဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၂၅ ရက် တွင် အဆိုပါကျေးရွာ လေးရွာသို့ ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
ဝါဂွမ်းကျေးရွာနှင့်စမ်းကန်ကျေးရွာတို့တွင်ပြီးစီး၍မီးများစတင်သုံးစွဲနေပြီဖြစ်သည်။ ကျန်နှစ်ရွာနှင့် ကန်ရွာတွင် ၉၅ရာခိုင်နှုန်းခန့်ကိုလည်းကောင်း၊
ဂွေးတောက်စမ်းကျေးရွာတွင်၇ဝရာခိုင်နှုန်းခန့်ကိုလည်းကောင်း ဆောင်ရွက်ပြီးစီးပြီးဖြစ်သောကြောင့် လျှပ်စစ်မီးရရှိပါက မြို့ပြကျေးလက်ကွာဟ
ချက်နည်းပါးလာတော့မည်ဖြစ်သည်။
လျှပ်စစ်အန္တရာယ်ကိုလည်း ဂရုပြုရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်း ကုမ္ပဏီဘက်မှလည်း ဌာန သက်
မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ယခုနှစ် မတ်လအတွင်း ရွာနှစ်ရွာကို အပြီးဆောင်ရွက်သွားရန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ပြောကြား
ခဲ့သည်။
အဆိုပါကျေးရွာ လေးရွာအတွင်လုပ်ငန်းအားလုံးပြီးပါက ကျေးလက်နေပြည်သူများ အိမ်ခြေ ၆၃ဝ၊ အိမ်ထောင်စု ၁၂၅၉ စု၊ လူဦးရေ ၄ဝ၁၉
တို့သည် မြို့နှင့်မခြား လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ မီးမရရှိသော ရွာများကိုလည်း မီးရရှိရေးအတွက် နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုး
မှုဖြင့်ကျေးရွာများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မီးမရှိသေးသော ရွာများကို အဓိကထားပြီး အမြန်မီးလင်းရေး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြော
ကြားခဲ့သည်။
စမ်းကန်ကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးညွန့်လှိုင်က ''ကျွန်တော်တို့ ရွာကယခင် မကွေးဆေးတက္ကသိုလ်ဘက်က မီးလင်းတာကို ကြည့်ပြီး မီးလင်းချင်ခဲ့တာ ကြာခဲ့ပြီ ဖြစ်ပါတယ်''
ဟု ပြောသည်။
ကျော်ဇေယျ

No comments:
Post a Comment