Thursday, January 29, 2015

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


 
 

နေပြည်တော် ဇန်နဝါရီ ၂၈

 မူးယစ်တပ်ဖွဲ့စု(၁ဝ၂)နေပြည်တော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ စိုင်းနွံ၏နေအိမ်အား သတင်းအရ ရှာဖွေရာ ¤င်းနှင့်အတူ ဇနီးဖြစ်သူ မနန်းမိုင်အား တွေ့ရပြီး အိမ်ခန်းအတွင်းရှိ ဈေးရောင်းသည့်စင် ဒုတိယထပ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ဝ၅ ပြား သိမ်းဆည်းရမိသဖြင့် စိုင်းနွံ(၄၈)နှစ်နှင့် မနန်းမိုင် (၄၃)နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(မူးယစ်ဗဟို)

No comments:

Post a Comment