Thursday, January 29, 2015

မန်ဒီမောနှင့် ရွိုင်ယန်အဒမ်တို့ရဲ့ အိမ်ထောင်ရေး အဆုံးသတ်



 


အဆိုတော်၊ သရုပ်ဆောင် မန်ဒီမောနှင့် ရော့ခ်အဆိုတော် ရွိုင်ယန်အဒမ်တို့၏ ခြောက်နှစ်တာ ဖြတ်သန်းခဲ့သော အိမ်ထောင်ရေးသည် အဆင်မပြေသည့်သတင်းတစ်စွန်း တစ်စမျှ မကြားရဘဲ ချက်ချင်းဆိုသလို ကွာရှင်းပြတ်စဲခဲ့ပြီဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ၂ဝဝ၉ ခုနှစ် မတ် ၁ဝ ရက်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ရာ ခြောက်နှစ်နီးပါးအကြာတွင် ကွာရှင်းခဲ့ခြင်းဖြစ်သည်။

နှစ်ဦးသဘောတူဖော်ပြချက်တွင် ''မန်ဒီမောနှင့် ရွိုင်ယန်အဒမ်တို့လက်ထပ်ပြီး ခြောက်နှစ်နီးပါးအကြာတွင် အိမ်ထောင်ရေးကို အဆုံးသတ်ရန် ချင့်ချိန်စဉ်းစားဆုံးဖြတ် ခဲ့ကြသည်။ သို့သော် တစ်ဦးကိုတစ်ဦးလေးလေးစားစား၊ ရင်းရင်းနှီးနှီး၊ ငြိမ်းငြိမ်းချမ်းချမ်းပင် လမ်းခွဲခဲ့ကြခြင်းဖြစ်ကာ ၎င်းတို့နှစ်ဦးလုံးက မီဒီယာများကို တောင်းဆိုလိုသည်မှာ ယခုလို အချိန်တွင် မိမိတို့၏ ကိုယ်ပိုင်ဘဝများကို လေးစားစေလိုပါသည်'' ဟု ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦးစလုံးသည် အောင်မြင်ကျော်ကြားသည့် ပုဂ္ဂိုလ်များဖြစ်ရာ မည်သို့သော ပြဿနာများကြောင့် လမ်းခွဲရသည်ဆိုသည်ကို သတင်းသမားများကစောင့်ကြည့်လေ့လာ ခဲ့သော်လည်း အသေးစိတ်ပြဿနာကိုမူ မသိရှိခဲ့ရပေ။ တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်ရှိကြသော (၃ဝ)နှစ်ရှိ မောနှင့် အသက်(၄ဝ) ပြည့်ခဲ့ပြီဖြစ်သော အဒမ်တို့နှစ်ဦး သားသမီးမထွန်းကားခဲ့ခြင်းက ပြဿနာတစ်ရပ်ဖြစ်မည်ဟု မီဒီယာများက ခန့်မှန်းရေးသား ဖော်ပြခဲ့ကြသည်။

No comments:

Post a Comment