နေပြည်တော် ဇန်နဝါရီ ၂၈
၂ဝ၁၅ ခုနှစ် (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံ ခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို
ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီက နေပြည်တော် စည်ပင်သာယာရေး ကော်မတီ
အစည်းအဝေးခန်းမ၌ ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသိန်းညွန့် တက်ရောက် အမှာစကားပြောကြား သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
(၆၈) နှစ်မြောက် ပြည်ထောင်စု နေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်း ညွန့်က (၆၈)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီ အသီးသီးက လုပ်ငန်းဆောင်ရွက် ချက်များကို လိုအပ်ချက်မရှိအောင် ယခင်နှစ်များနည်းတူ စနစ်တကျ စီမံကြပ်မတ်ဆောင်ရွက်သွားကြရန်၊ အခမ်းအနားသို့ တက်ရောက်ကြမည့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ကပြဖျော်ဖြေမည့် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် နိုင်ငံရေး ပါတီများမှဥက္ကဋ္ဌများ အဆင်ပြေ ချောမွေ့စွာ တည်းခိုနေထိုင်နိုင် ရေး၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တိုင်းရင်းသား ကိုယ်စားလှယ်များ ၏ ကပြဖျော်ဖြေမှုကို နေပြည်တော် ရှိ ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များအား ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ သည်။
(မြန်မာ့အလင်း)

No comments:
Post a Comment