ယခုအခါ ဟားဗက်တက္ကသိုလ်၏အဝေးသင်ပညာရေးအစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့် သင်ယူနိုင်ပြီဖြစ်သည်။ ကမ္ဘာ့အဆင့်(၁) တက္ကသိုလ်
ဖြစ်သည့် မန်ဆာချူးဆက်နည်းပညာ တက္ကသိုလ်(MTI) နှင့် ဟားဗက်
တက္ကသိုလ်နှစ်ခုပူးပေါင်း၍ ယင်းကျောင်းနှစ်ကျောင်းတွင် သင်ကြား
ပေးနေသည့် အတန်းချိန်များအတိုင်း ကုန်ကျစရိတ်ကျခံရမှုမရှိဘဲ သင်ကြား
နိုင်မည်ဖြစ်သည်။
လူတိုင်းအတွက် ပညာရေးဟူသော ရည်မှန်းချက်ဖြင့် ကမ္ဘာ့ပညာတတ်
လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရန်အတွက် ကမ္ဘာ့အင်အားကြီး
တက္ကသိုလ်နှစ်ခု ပူးပေါင်း၍ အွန်လိုင်းပညာရေးစနစ်ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
စဉ်ဆက်မပြတ်ပညာရေးနှင့် ဟားဗက်တိုးချဲ့ကျောင်းဌာနခွဲက ဘာသာရပ်ပေါင်းစုံကို အသံ(Audio)၊ အရုပ်(Video) ၊ မာတီမီဒီယာစနစ်
များဖြင့်အင်တာနက်မှကြည့်ရှုသင်ကြားနိုင်အောင်တာဝန်ယူ၍တင်ပေးလျက်ရှိသည်။Streaming Video နည်းပညာဖြင့် သင်ခန်းစာများကို တိုက်ရိုက် (Live) ပို့ချပေးလျက်ရှိသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုနိုင်ရန်၊ အိမ်စာများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အပြင် စာသင်ခန်းထဲရှိ အခြားကျောင်းသား ကျောင်းသူများနှင့် ဆရာများကိုပါ
ဆက်သွယ်နိုင်ရန်အတွက် အခြားထပ်တိုးနည်းပညာများကိုပါ အသုံးပြုလာကြသည်။
ယင်းအွန်လိုင်းအင်တာအက်တစ်သင်ခန်းစာများကတကယ်လက်တွေ့ဘဝတွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများအားလိုက်လျောညီထွေတုံ့ပြန်တတ်စေရန်အတွက်ပါ အသုံးဝင်သောသင်ခန်းစာများဖြစ်သည်။
စီးပွားရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ဆေးပညာနှင့် ကျန်းမာရေးစောင့်ရှောက်မှု စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့များကိုပါ အွန်လိုင်းမှာပင် သင်ကြားနိုင်ပြီ
ဖြစ်သည်။
မေလဲ့သင်း

No comments:
Post a Comment