Wednesday, January 28, 2015

နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးကျင်းပ




မန္တလေး ဇန်နဝါရီ ၂၇

(၁၁)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနတို့အကြား နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး ကို သြစတြေးလျအာရှ လူကုန်ကူး တိုက်ဖျက်ရေးအစီအစဉ် Program to Combat Traffick in Passon (AAPTIP)၏ပံ့ပိုးကူညီမှုဖြင့် ယနေ့ နံနက် ၉ နာရီတွင် မန္တလေးမြို့ ရွှေမန်းတောင်ခြေရှိ Mandalay Hill Resort Hotel ၌ ကျင်းပ သည်။


အဆိုပါအစည်းအဝေးသို့ မြန်မာ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ထွန်း ဦးဆောင်သည့် အဖွဲ့ဝင် ၁၇ ဦးနှင့် ထိုင်းနိုင်ငံ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် Mr.Suwana Suwan-juta ဦးဆောင်သည့်အဖွဲ့ဝင် ၁၇ ဦး တို့တက်ရောက်ကြပြီး နှစ်နိုင်ငံအဖွဲ့ အစည်းများဆက်သွယ်ရေး နယ်စပ် ဖြတ်ကျော်ဖြစ်ပွားခဲ့သည့် လူကုန်ကူးခံ ရသူများ ပြန်လည်စေလွှတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် မည့်အစီအစဉ်များ ဆွေးနွေးကြမည် ဖြစ်သည်။


ထို့အပြင် (၁ဝ)ကြိမ်မြောက် အစည်းအဝေးနှင့် ဆွေးနွေးခဲ့သည့် ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှုများ၊ တရားစွဲဆိုသည့်အမှုများ အမြန်စီရင် ဆုံးဖြတ်ချက်ချနိုင်ရေး၊ ထိုင်းနိုင်ငံ ဘက်ရှိ တရားမဝင် အလုပ်ရှာဖွေပေး သည့်အေဂျင်စီများနှင့် လူကုန်ကူးမှု ကျူးလွန်သည့် အေဂျင်စီများကို ထိရောက်စွာ အရေးယူရေး၊ ထိုင်း ငါးဖမ်းလှေများပေါ်၌ လူကုန်ကူးခံ ရပြီး အင်ဒိုနီးရှားနိုင်ငံ ကျွန်းများ ပေါ်၌ရောက်ရှိနေသော မြန်မာ အလုပ်သမားများကို နိုင်ငံသားစိစစ် ရာတွင် ပူးပေါင်းအဖြေရှာရေး၊ အမှု စီရင်ရာတွင် မျှတမှုရှိရေး၊ မြန်မာ သံရုံးမှ အသိအမှတ်ပြုနိုင်ရေး စသည် ဖြင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။


တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment