နေပြည်တော် ဇန်နဝါရီ ၂၈
အစိုးရအုပ်ချုပ်ရေး ယန္တရား ဖွဲ့စည်းမှု ပြင်ဆင်ပြောင်းလဲရေး
ဆိုင်ရာ အသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်း သည့်
အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက နေပြည်တော် ရှိ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်း
အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော
ဦးတင်နိုင်သိန်း၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်
ဦးအောင်သိမ်း၊ ဒေါက်တာစန်းလွင် တို့နှင့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်
ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင် သိန်းက ဆွေးနွေးပြောကြားရာတွင် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် (၄)ရပ်အနက် အုပ်ချုပ် ရေးယန္တရား တိုးတက်ကောင်းမွန် အောင် ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရတာဝန်ယူသည့် အချိန်မှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ ပါကြောင်း၊ ပထမဦးစွာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးမဏ္ဍိုင်ကြီး (၃)ရပ် ထူထောင် ဆောင်ရွက်ခဲ့ရာတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ထူထောင် ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင် ခြင်းတို့ကို ပြုလုပ်ခဲ့ရပြီး လိုအပ် သည့် ဥပဒေလုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းခြင်း၊ ရှိရင်းဥပဒေများကို ပြင်ဆင်ခြင်း စသည့်လုပ်ငန်းများ ကို နှစ်နှစ်ကျော်ကာလအထိ အချိန်ယူ လုပ်ဆောင်ခဲ့ရပါကြောင်း၊ အချို့ ဥပဒေလုပ်ထုံးလုပ်နည်းများကို ခေတ် စနစ်နှင့်အညီ ပြင်ဆင်ရန် များစွာ လိုအပ်လျက်ရှိနေသည့်အတွက် ဆက် လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရဌာနအသီးသီး၏ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ မှုများကိုလည်း ပြုလုပ်ခဲ့ရပါ ကြောင်း။
ခေတ်သစ်စနစ်သစ်ကို ကူး ပြောင်းရာတွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုလိုအပ်သည့်အတွက် စွမ်း ဆောင်ရည်မြှင့်တင်သည့် သင်တန်း များ၊ ဆွေးနွေးပွဲများကို ပြည်တွင်း ပြည်ပပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ ပြည်သူများ ပူးပေါင်းပါဝင်သော အုပ်ချုပ်မှုစနစ်ကို စတင်ခဲ့ရာ ထိုက် သင့်သည့် အရှိန်အဟုန်ရရှိလာပြီး ဆက်လက်၍ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများကို တတိယအဆင့် (Third Wave) အရှိန်မြှင့်တင်ဆောင် ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ ရည်မှန်းချက်နှင့် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနအသီးသီး ၏ ဖွဲ့စည်းမှုများကို ပြန်လည်သုံးသပ် ပြီး အင်အားကျစ်လျစ်စွာဖြင့် စွမ်း ဆောင်ရည် မြှင့်တင်နိုင်ရန်အတွက် မကြာမီက စတင်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းဦးစီးဌာန ၂ဝ ခုကို ပထမ အဆင့်အဖြစ် လျှော့ချပြင်ဆင် ဆောင်ရွက်လျက် ထိုသို့လျှော့ချ ပြင်ဆင်သော ဝန်ထမ်းအင်အားများ ဖြင့် အခြားအင်အားလိုအပ်နေသည့် ဌာနများတွင် ပူးပေါင်းဖွဲ့စည်းသွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ဝန်ကြီးရုံး များ၌ လုပ်ငန်းများပိုမိုအားကောင်း စေရန် အမြဲတမ်းအတွင်းဝန်ရာထူး အပါအဝင် ရုံးအဖွဲ့ကိုလည်း အင်အား တိုးချဲ့ဖွဲ့စည်းသွားရမည် ဖြစ်ပါ ကြောင်း။
အစိုးရအုပ်ချုပ်မှုယန္တရားတိုးတက် ကောင်းမွန်စေရန်အတွက် Restruc- turing နှင့် Reengeerin ပြုလုပ် လျက်ရှိရာ အသွင်ကူးပြောင်းရေး ကာလလုပ်ငန်းစဉ်များသည် အဆင် ပြေချောမွေ့ရန် လိုအပ်သည့်အတွက် ဘဏ္ဍာငွေအရအသုံးစာရင်းများနှင့် စာရင်းစစ်ကန့်ကွက်ချက် ဖြေရှင်း ခြင်းများ၊ နိုင်ငံခြားအကူအညီ အထောက်အပံ့ ချေးငွေဆိုင်ရာများ၊ စသည်တို့ကို အချိန်ယူစစ်ဆေး လွှဲ ပြောင်း လက်ခံမှုပြုနိုင်ရန်အတွက် ၂ဝ၁၅ ခုနှစ် မတ်လကုန်အထိ အချိန် ပေးထားပါကြောင်း၊ ထူးခြားသည့် အခြေအနေရှိပါက အချိန်ထပ်မံ လိုအပ်လျှင် အကျိုးအကြောင်းဖြင့် တင်ပြနိုင်ပါကြောင်း။
တက္ကသိုလ်၊ ကောလိပ် ၁၃၆ ခုကို သက်ဆိုင်ရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ များအတွင်းမှ ခွဲထုတ်လျက် ၂ဝ၁၅ ခုနှစ် မတ်လဘဏ္ဍာနှစ်ကုန်ဆုံးချိန်ထိ ဘဏ္ဍာရငွေသုံးငွေစာရင်းများ စာရင်း စစ်ကန့်ကွက်ချက်များ၊ နိုင်ငံခြား အကူအညီအထောက်အပံ့နှင့် ချေးငွေ ကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက် သွားပြီး လာမည့်ပညာသင်နှစ်မှစ၍ ပြင်ဆင်ပြဋ္ဌာန်းမည့် အမျိုးသားပညာ ရေးဥပဒေနှင့်အညီ သီးခြားလွတ်လပ် စွာစီမံခန့်ခွဲနိုင်ရန် စီစဉ်လျက်ရှိပါ ကြောင်း။
ဝန်ကြီးဌာနများ၏ လက်အောက် ဌာနများ ဖျက်သိမ်း၊ ပြင်ဆင်၊ ပေါင်းစည်းခြင်းများ ပြုလုပ်ရာ၌ လက်ရှိ ညွှန်ကြားရေးမှူးချုပ်များမှစ၍ အောက်ခြေဝန်ထမ်းအဆင့်ဆင့်ထိ တစ်စုံတစ်ရာ အင်အားလျှော့ခြင်း မရှိဘဲ ဌာန၏လိုအပ်ချက်နှင့်အညီ တာဝန်ခွဲဝေပိုင်းခြားမှု ထိရောက်စွာ လုပ်ကိုင်နိုင်ရန်အတွက် အဓိက ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ပါကြောင်း၊ မဖြစ်မနေလိုအပ်ချက်အရ ပြောင်းရွှေ့ ရမည်ဆိုပါက သားသမီးများပညာ သင်နှစ် ကုန်ဆုံးသည့်အခါမှသာလျှင် အဆင်ချောမွေ့အောင် စီမံပေးရန် ဖြစ်ကြောင်း၊ အချို့ဌာနများ၏ ပြင်ဆင်ဖွဲ့စည်းမှု၌ ရုံးအဆောက်အအုံ နှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ လတ်တလော အဆင်မပြေပါက လက်ရှိမူလနေရာ၌ ဆက်လက်ထား ရှိပြီး အဆောက်အအုံ အဆင်ပြေသည့် အချိန်မှသာလျှင် ပြောင်းရွှေ့ပေး ရန်ဖြစ်ကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် လက်ရှိထားရှိသော ပြည်ထောင်စုဝန်ကြီးဌာနများ၏ ရုံး၊ ဌာနများ၏ Duty and Function များသည် ဝန်ကြီးဌာနတစ်ခုလုံးကို ကိုယ်စားပြု၍ ဒေသ၌ ပြည်သူ့ ဝန်ဆောင်မှုပြုနိုင်ရန် ဖွဲ့စည်းပြင်ဆင် တာဝန်ပေးအပ်ရန် လိုအပ်ပါ ကြောင်း။
ခရိုင်အဆင့်တွင် မြို့နယ်များ၏ စီမံခန့်ခွဲမှု၊ စီမံကိန်းနှင့် ဘဏ္ဍာငွေ ဦးစားပေးရွေးချယ်စီမံမှု၊ မြေယာကိစ္စ စီမံခန့်ခွဲမှု၊ လက်အောက်မြို့နယ်များ ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် Monitoring and Evaluation ထိရောက်အားကောင်း အောင် တာဝန်များအပ်နှင်း ဖွဲ့စည်း ပေးသွားရန်လိုအပ်ပါကြောင်း။
မြို့နယ်အဆင့်တွင် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို တစ် နေရာတည်းတွင် ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်း လုပ်ဆောင်ပေးနိုင်ရေး အတွက် စုပေါင်းရုံးများကို နှစ် အလိုက် လျာထားပြီး ဖွင့်လှစ်ဆောင် ရွက်သွားရန် ဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရာတွင် မိမိတို့ကဏ္ဍရည်မှန်းချက်တာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် မူဝါဒမဟာဗျူဟာလုပ်ငန်းစဉ် များအပေါ် မူတည်၍ဖွဲ့စည်းပြီး ဥပဒေလုပ်ထုံးလုပ်နည်း ရုံးလုပ်ငန်း စည်းမျဉ်း မူဘောင်ရေးဆွဲပြီး လက် အောက်သို့ စနစ်တကျ လုပ်ပိုင်ခွင့် ခွဲဝေ (Decentralization) ပေး၍ ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ အင်အားဖြန့်ခွဲပုံနှင့် လုပ်ငန်းတာဝန်ဖြန့်ခွဲပုံကို ကဏ္ဍအလိုက်၊ ဒေသအလိုက် လုပ်ငန်း ပမာဏအရွယ်အစားအပေါ် မူတည် ၍ အသေးစိတ်တွက်ချက် ဆောင်ရွက် စေလိုပါကြောင်း၊ အခက်အခဲရှိပါက ဆွေးနွေးတင်ပြညှိနှိုင်းသွားရန် လိုအပ် ပါကြောင်းဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြည်ထောင်စု ဝန်ကြီးဌာနများကို ခေတ်စနစ်နှင့် အညီ ဖွဲ့စည်းပုံပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၁၊ ဇယား ၂နှင့် ဇယား ၃ ပါ လုပ်ငန်းများပေါ် မူတည်၍ ဝန်ကြီး ဌာနများ၏ ဖွဲ့စည်းပုံကို စဉ်းစားရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံကို မိမိတို့၏လုပ်ငန်းတာဝန်များအလိုက် လိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်/မြို့နယ် အဆင့် အထိ ဖွဲ့စည်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ခရိုင်/မြို့နယ်များတွင် စုပေါင်းရုံးများကို ဘဏ္ဍာရေးနှစ် အလိုက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို One Stop Service ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ခရိုင်နှင့် မြို့နယ် စုပေါင်းရုံး များတွင် Server များ တပ်ဆင်၍ e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောင်းလဲလာသည့် ခေတ်စနစ်အရ အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲမှုနှင့် လိုက်လျော ညီထွေရှိမည့် ရုံးလုပ်ငန်းစနစ်လက်စွဲ ပြုစုရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ညှိနှိုင်းဆောင် ရွက်ရန် လိုအပ်သည့် အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာ ကြသည့် ‘ဒုတိယဝန်ကြီးများ၊ ဝန်ကြီး ဌာနအသီးသီးတို့မှ ညွှန်ကြားရေး မှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြား ရေးမှူးများက မေးမြန်းဆွေးနွေးချက် များအပေါ် ပြည်ထောင်စုဝန်ကြီး များက ပြန်လည်ရှင်းလင်းဆွေးနွေး သည်။
(သတင်းစဉ်)

No comments:
Post a Comment