နိုင်ခြေအဆင့် သတ်မှတ်မခံရသူ မက်ဒီဆင်ကီးစ်က ဗီးနစ်ဝီလျံကို အနိုင်ကစားပြီး ပထမဆုံးအကြိမ် အဖြစ် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ရာ မဲလ်ဘုန်းတွင် သြစတြေးလျ အိုးပင်း၌ ဝီလျံညီအစ်မ တွေ့ဆုံ နိုင်မှုကိုပါ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
အသက် ၁၉ နှစ်အရွယ် နိုင်ခြေ အဆင့်သတ်မှတ်မခံရသူ အမေရိကန်တင်းနစ်မယ်က ဗီးနစ်ဝီလျံကို တစ်နာရီ ၅၄ မိနစ်အတွင်း ၆-၃၊ ၄-၆၊ ၆-၄ ဖြင့် အနိုင်ကစားခဲ့ရာ အကြို ဗိုလ်လုပွဲတွင် နိုင်ခြေအဆင့်(၁)သတ်မှတ်ခံရသူ ဆီရီနာနှင့် တွေ့ဆုံယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ ဆီရီနာသည် ကွာတား ဖိုင်နယ်တွင် နိုင်ခြေအဆင့် (၁၁)သတ်မှတ်ခံရသူ ဒိုမီနီကာဆစ်ဗိုဗာကို ၆-၂၊ ၆-၂ ဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။
အမျိုးသားတစ်ဦးချင်းပွဲစဉ်များ တွင် အန်ဒီမာရေးနှင့် သောမတ်စ် ဘားဒက်တို့ အကြိုဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

No comments:
Post a Comment