Wednesday, January 28, 2015

သာစည်မြို့နယ်တွင် ယာဉ်စည်းကမ်းဖောက်ဖျက်သူများကို အရေးယူ



 


သာစည်၊ ဇန်နဝါရီ ၂၇

 မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းနေသောကြောင့် မော်တော်ဆိုင်ကယ်
မောင်းနင်သူများကို မြို့လယ်လမ်းပေါင်းဆုံမီးပွိုင့်
အနီးတွင် စစ်ဆေးအရေးယူလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးကြကြောင်းသိရသည်။

ယင်းသို့စစ်ဆေးရာတွင်မော်တော်ဆိုင်ကယ်များမြို့တွင်းတွင်နှစ်ဦးထက်ပို၍စီးနှင်းမှု၊ဆိုင်ကယ်စီးဦးထုပ်မဆောင်းမှု၊မီးနီမီးစိမ်း ပြသမှုကိုအလေးမထားဘဲမောင်းချင်သလိုမောင်းနှင်နေသူများအား စစ်ဆေး၍အရေးယူလျှက်ရှိသည်။

ယာဉ်စည်းကမ်း စစ်ဆေးရေးအဖွဲ့အနေဖြင့်တစ်နေ့လျှင် နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီထိတစ်ကြိမ်၊ မွန်းလွဲ ၂ နာရီနောက်ပိုင်းတွင် တစ်ကြိမ်စစ်ဆေးကြပြီး ယနေ့အထိစည်းကမ်လိုက်နာမှုမရှိသော ဆိုင်ကယ်စီးနှင်းသူများကို တွေ့ရှိနေရ၍ ယာဉ်စည်းကမ်း၊ လမ်း
စည်းကမ်းလိုက်နာနိုင်ရန်ယခုကဲ့သို့စစ်ဆေးအရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

မောင်ကို (သာစည်)

No comments:

Post a Comment