လာမည့် ဇန်နဝါရီ ၃ဝ ရက် သောကြာနေ့ ညနေ ၃ နာရီမှ ၅ နာရီအထိ ရန်ကုန်မြို့
မင်းရဲကျော်စွာလမ်းရှိUMF CCIတွင် စီးပွားရေးစီမံခန့်ခွဲမှု
ဘာသာရပ်နှင့်ပတ်သက်၍ ယူကေရှိတာဝန်ရှိသူတစ်ဦးက လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း SR Worldwide Educationr မှ EducationCouncellor မခြူးခြူးကပြောသည်။
စီးပွားရေးစီမံခန့်ခွဲမှုကို စိတ်ဝင်စားသူများ မလေးရှားနိုင်ငံတွင် ကျောင်းလခ ၃ဝ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းပညာသင်ဆုအဖြစ် ယူကေနိုင်ငံမှဘွဲ့ကိုရယူနိုင်
မည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများသည်ဒီကရီဖောင်ဒေးရှင်းDegree Foundation အတန်းမှာ စတင်တက်ရောက်နိုင်ပြီး အောင်မြင်ပြီးဆုံးပါက Bachelor တန်းသို့တိုက်ရိုက်ကူး ပြောင်းနိုင်မည်ဖြစ်ကြောင်း Degree Foundation ကို တစ်နှစ်ကြာတက်ရောက်ရမည်ဖြစ်ပြီး ဘာသာရပ်ပေါင်း ၁၄ ခုကို လေ့လာသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်
ပြောသည်။
''စီးပွားရေးဘာသာရပ်ကို ဂုဏ်ထူးတန်းတက်ရောက်လိုတဲ့သူတွေအတွက် Degree of Fondation အတန်းပြီးရင်BA(Hons)Business Studies BA(Hons)Business Studies သုံးနှစ်တက်ရောက်ရမှာဖြစ်တယ်။ ဘာသာရပ်ပေါင်း ၂၄ ဘာသာကို သင်ကြားရပြီး Cardiff Metropolitan University မှပေးအပ်မည့် ဘွဲ့ကိုရမှာပဲဖြစ်တယ်။ BA(Hons)Business Studies ဘာသာရပ်ကို မလေးရှားမှာ နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်၊ ကျန်တဲ့နောက်ဆုံးနှစ် တစ်နှစ်ကို လန်ဒန်မှာ ကျောင်းလစာမပြောင်းဘဲ သွားရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်''ဟု မခြူးခြူးကပြောသည်။
မလေးရှားနိုင်ငံတွင် Cardiff Metropolitan University
မှပေးအပ်မည် နိုင်ငံတကာအသိအမှတ်ပြု MBA တက်ရောက်လိုသူများသည် WestminsterInternationalCollege(WIC)တွင်လေ့လာနိုင်ပြီးတစ်နှစ်ကြာတက် ရောက်ရမည်ဖြစ်သည်။
မလေးရှားနိုင်ငံရှိWICသည်လန်ဒန်ရှိLSCGroupofColleges ကျောင်းခွဲကျောင်းတစ်ကျောင်းပြီး မလေးရှားပညာရေးဝန်ကြီးဌာနနှင့်Malaysian Qualifications Agency (MQA) မှအသိအမှတ်ပြုခံထားရသောကျောင်း တစ်ကျောင်းဖြစ်သည်။
စန္ဒာဝင်း

No comments:
Post a Comment