Wednesday, January 28, 2015

ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရေး ဆွေးနွေး






 ချောင်းဦး၊ ဇန်နဝါရီ ၂၇

နယ်စပ်ဈေးကွက်ပျက်၍အရှုံးကြီးရှုံးနေသောဖရဲ၊သခွားမွှေးဈေး ပြန်လည်ဦးမော့လာစေရေးအတွက်ဖရဲ၊သခွားမွှေးသစ်သီးဝလံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသည့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်က
ချောင်းဦးမြို့နယ်မင်းခေါင်ကျေးရွာသုံးထပ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှာစကားပြောကြားပြီး ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချရမှု အခြေအနေများကိုစစ်ကိုင်း တိုင်းဒေသကြီး သစ်သီးဝလံပန်းမန်နှင့်ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်းဥက္ကဋ္ဌ ဦးစောမြင့်က ဆွေးနွေးတင် ပြခဲ့သည်။

ဆက်လက်၍ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး မုံရွာစီးပွားရေးတက္ကသိုလ်မှ
ပညာရှင်တစ်ဦးက ဖရဲ၊ သခွားမွှေး ထုတ်လုပ်ရောင်းချမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ စီးပွားရေးရှေ့အလားအလာ စာတမ်းကို ဖတ်ကြားခဲ့သည်။

ယင်းနောက်ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနရုံးချုပ်မှ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက်ဖရဲ၊သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(ဗဟို)မှဖရဲ၊သခွားမွှေးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု၊ထုပ်ပိုးသယ်ယူပို့ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအကြံပြုစာတမ်းများ ဖတ်ကြားခဲ့သည်။

ဆက်လက်၍ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ဖရဲ၊ သခွားမွှေးသစ်သီးဝလံများ၏ ပြည်တွင်း၊ ပြည်ပဈေးကွက်
အခြေအနေစာတမ်းကို ဖတ်ကြားပြီးဒေသခံတောင် သူများ၊ ကုန်သည်ကြီးများ ဈေးကွက်ကိုမည်သို့ ဆောင်ရွက်လျက် ကောင်းမွန်မည့် နည်းလမ်းများကို ဝိုင်း ဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းထွန်း

No comments:

Post a Comment