ပြည်သူ့လွှတ်တော်အစည်းအဝေး
နေပြည်တော် ဇန်နဝါရီ ၂၈
နေပြည်တော် ဇန်နဝါရီ ၂၈
ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမ နေ့ကို ယနေ့နံနက်
၁ဝ နာရီက အစီအစဉ် ၁ဝခုဖြင့်ကျင်းပပြီး နိုင်ငံ့ ဝန်ထမ်းအမျိုးသမီးများ၏
မီးဖွားခွင့်၊ အားကစားနှင့် မှုခင်းထိန်းချုပ်နိုင်မှု ဆိုင်ရာ
မေးခွန်းများမေးမြန်းဖြေကြား ခဲ့ကြသည်။
အစည်းအဝေးတွင် တမူးမဲဆန္ဒ နယ်မှ ဦးခင်မောင်ရွှေ၏ ''နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွင် ဝန်ထမ်းအမျိုးသမီးများအား လုပ် သက်မည်မျှရှိမှ မီးဖွားခွင့်ပေးရမည် ဟု သတ်မှတ်ချက်ရှိ၊ မရှိ၊ ရှိပါက ဥပဒေပုဒ်မ၊ နည်းဥပဒေပုဒ်မတို့ကို ဖော်ပြပေးရန်နှင့် မရှိပါက တမူးခရိုင် မြို့သစ်မြို့ မင်းသာတိုက်နယ်ဆေးရုံ တွင် တာဝန်ထမ်းဆောင်သော နိုင်ငံ့ ဝန်ထမ်းအမျိုးသမီးအား လစာပြည့် မီးဖွားခွင့်ရရှိရေး မည်သို့စီမံဆောင် ရွက်ပေးမည်ကို သိရှိလိုကြောင်း'' မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ များတွင် ဝန်ထမ်းအမျိုးသမီးအား မီးဖွားခွင့်ခံစားခွင့်ပြုရာ၌ လုပ်သက် မည်မျှရှိရမည်ကို တစ်စုံတစ်ရာမျှ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသည့် အတွက် ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း မည် သည့်ဝန်ထမ်းအမျိုးသမီးမဆို မီးဖွား ခွင့်ကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁ဝ၁နှင့် ၁ဝ၂ ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အပြည့်အဝခံစား ခွင့်ရှိပါကြောင်း၊ တမူးခရိုင် မြို့သစ်မြို့ မင်းသာတိုက်နယ်ဆေးရုံ၌ တာဝန် ထမ်းဆောင်သော နိုင်ငံ့ဝန်ထမ်းအမျိုး သမီး၏ လစာပြည့်မီးဖွားခွင့်ခံစား နိုင်ရေးကိစ္စအတွက် နိုင်ငံ့ဝန်ထမ်း ဥပဒေများကို ရည်ညွှန်းကိုးကားလျက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ စာရွက် စာတမ်း အထောက်အထားများနှင့် တကွ တင်ပြလျှောက်ထားရမည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်း လှိုင်၏ ''ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ရာဇဝတ်မှုများ တစ်နေ့ တခြား များပြားလာခြင်းအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းကျဆင်း ရေးအတွက် ထိန်းချုပ်နိုင်မှု အခြေ အနေ ရှိ၊ မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ရန်ကုန် တိုင်းဒေသကြီး၌ လူဦးရေစုစုပေါင်း ၇၃၅၅ဝ၇၅ ဦးရှိပြီး ရဲတပ်ဖွဲ့နှင့် ပြည်သူ (၁ အချိုး ၁၂၂၈) အချိုးနှုန်း ဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးတာဝန်များကို ထမ်းဆောင်လျက် ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဖြစ်ပွားသော ဖြစ်စဉ်များအပေါ် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဦးစီး၍ ခရိုင်လေးခုမှ ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ် ၄၄ မြို့နယ်မှ ရဲတပ်ဖွဲ့မှူးများ၊ စခန်း မှူးများ၊ အထူးအဖွဲ့များမှ တပ်ခွဲမှူး များ၊ တပ်စုမှူးများကို တွေ့ဆုံကာ မှုခင်း ဖြစ်စဉ်အပေါ်မူတည်၍ ရေတို အစီအမံများ၊ တည်မြဲစီမံချက်များကို အခါမလပ်သုံးသပ်၍ လူသတ်မှု၊ လု ယက်မှု၊ လူအုပ်စုဖြင့်ကျူးလွန်သော မှုခင်းဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် အလေးထားဆောင်ရွက်လျက် ရှိပါ ကြောင်း။
မှုခင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်းများဖြင့် နယ်မြေစိုးမိုးခြင်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မှုခင်းဖြစ်ပွားစေနိုင်သည့် လောင်းကစား၊ လက်နက်ပုန်း၊ ယစ်မျိုး၊ ပြည့်တန်ဆာ၊ မူးယစ်ဆေးဝါး၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ၊ ရဲအက် ဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၊ အရေးပေါ်စီမံမှု အက် ဥပဒေ၊ ဆင်ဆာမဲ့ဗီဒီယိုခွေများ ဖမ်းဆီးမှု စသည့်ကြိုတင်ကာကွယ်မှု (၁ဝ) မျိုးကို အရှိန်အဟုန်ဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် လုယက် မှုအခြေအနေတို့ကို စိစစ်ရာ ၂ဝ၁၁ ခုနှစ်တွင် လူသတ်မှု ၁၅၅ မှု ဖြစ်ပွား ခဲ့ရာ ၁၄၆ မှု တရားစွဲတင်နိုင်ခဲ့ပြီး လုယက်မှု ၄၇ မှု ဖြစ်ပွားရာ ၃၂ မှု တရားစွဲတင်နိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် လူသတ်မှု ၁၆၄ မှု ဖြစ်ပွား ခဲ့ရာ ၁၅၆ မှု တရားစွဲတင်နိုင်ခဲ့ပြီး လုယက်မှု ၃ဝ မှုဖြစ်ပွားရာ ၂၆ မှု တရားစွဲတင်နိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် လူသတ်မှု ၁၃ဝ မှု ဖြစ်ပွား ခဲ့ရာ ၁၂၁ မှု တရားစွဲတင်နိုင်ခဲ့ပြီး လုယက်မှု ၃၃ မှုဖြစ်ပွားရာ ၂၅ မှု တရားစွဲတင်နိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင် လူသတ်မှု ၁၈၆ မှု ဖြစ်ပွားခဲ့ ရာ ၁၇၂ မှု တရားစွဲတင်နိုင်ခဲ့ပြီး လု ယက်မှု ၄၈ မှုဖြစ်ပွားရာ ၃၅ မှု တရား စွဲတင်နိုင်ခဲ့ပါကြောင်း၊ လူအုပ်စုဖြင့် ကျူးလွန်သော မှုခင်းဖြစ်စဉ်များမှာ ၂ဝ၁၁ ခုနှစ်တွင် ဖြစ်ပွားမှုမရှိကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် တစ်မှု၊ ၂ဝ၁၃ ခုနှစ် တွင် ငါးမှု၊ ၂ဝ၁၄ ခုနှစ်တွင် သုံးမှုဖြစ် ပြီး ကျူးလွန်သည့် တရားခံအားလုံး ကို ဖမ်းဆီးတရားစွဲတင်နိုင်ခဲ့ပါ ကြောင်း။
အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံ သားအားလုံး ပူးပေါင်းဆောင်ရွက်မှု ကြောင့် ဖြစ်ပွားသော မှုခင်းများကို ရာနှုန်းပြည့်နီးပါး ဖော်ထုတ်တရားစွဲ တင်နိုင်မှု ရှိနေပြီဖြစ်ပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးမှ တည်ဆဲ ဥပဒေများကို လိုက်နာဆောင်ရွက် ခြင်း၊ မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် စွမ်းအားပြည့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပိုမို တိုးမြှင့်နိုင်ပါက တရားဥပဒေစိုးမိုးရေး ခိုင်မာလာပြီး မှုခင်းဖြစ်စဉ်များကို ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေက ''ကျေးလက်နေပြည်သူ များ၏ အခြေခံကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်ရေးနှင့် မြို့ပြနှင့် ကျေးလက်ကျန်းမာရေး စောင့်ရှောက် မှု အဆင့်အတန်းကွာဟချက် ကျဉ်း မြောင်းရေးတို့အတွက် သင့်တင့်သည့် ကျေးရွာတိုင်း၌ သားဖွားဆရာမ တစ်ဦးစီ ခန့်အပ်တာဝန်ပေးနိုင်ရေး ငါးနှစ်စီမံကိန်းတစ်ရပ် ရေးဆွဲဆောင် ရွက်သွားရန် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ တိုက်တွန်းကြောင်း''အဆိုကို တင်သွင်းသည်။
အဆိုနှင့်စပ်လျဉ်း၍ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်က နှစ်စဉ်မြို့နယ်များ၏ လို အပ်ချက်နှင့်အညီ ကျေးလက်ကျန်းမာ ရေးဌာန ၆ဝ ခု၊ ကျေးလက်ကျန်းမာ ရေးဌာနခွဲ အနည်းဆုံး ၂၄ဝ တိုးမြှင့် ဖွင့်လှစ်ရန် အမျိုးသားကျန်းမာရေး ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းရေး ဆွဲထားပြီးဖြစ်ပါကြောင်း၊ လက်ရှိ အနေဖြင့် ကျေးရွာပေါင်း ၆၄၁၃၄ ရွာ၌ အခြေခံကျန်းမာရေးဝန်ထမ်း ၂၁ဝ၇၄ ဦးဖြင့် စောင့်ရှောက်သည့် အပြင် တိုက်နယ်ဆေးရုံ ၆ဝ၇ ရုံဖြင့် လည်း စောင့်ရှောက်နေပါကြောင်း။
လက်ရှိ သားဖွားသင်တန်း ကျောင်း ၂ဝ အပါအဝင် သူနာ ပြု၊ သားဖွားနှင့် နှီးနွှယ်သင်တန်း ကျောင်း စုစုပေါင်း ၄၆ ကျောင်း ဖွင့် လှစ်၍ လေ့ကျင့်မွေးထုတ်ပေးလျက် ရှိပါကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ ပညာ သင်နှစ်မှစ၍ သားဖွားသင်တန်း ကျောင်းနှစ်ကျောင်းနှင့် သူနာပြု သင်တန်းကျောင်းနှစ်ကျောင်း ထပ်မံ ဖွင့်လှစ်၍ နိုင်ငံတော်အတွက် လို အပ်သည့် သားဖွားဆရာမများကို တိုးမြှင့်မွေးထုတ်ပေးသွားမည် ဖြစ်ပါ ကြောင်း။
၂ဝ၂ဝ ပြည့်နှစ်တွင် သားဖွား ဆရာမ စုစုပေါင်း ခန့်မှန်းဦးရေ ၂၃၆၁၅ ဦး မွေးထုတ်နိုင်မည်ဖြစ်ပြီး ကျေးရွာပေါင်း ၆၃၈၉၃ ရွာအတွက် သင့်တင့်သည့် ကျေးရွာနှစ်ရွာမှ သုံးရွာ အတွင်း သားဖွားဆရာမတစ်ဦး ခန့် ထားနိုင်မည်ဖြစ်ပါကြောင်း၊ သားဖွား ဆရာမများ ခန့်ထားနိုင်ခြင်းမရှိသေးမီ ကျေးလက်ဒေသများမှ သင့်လျော်သူ များကိုရွေးချယ်၍ အရန်သားဖွား ဆရာမ သင်တန်းများပေး၍ ကျေးရွာ များတွင် ပြန်လည်တာဝန်ချထားနိုင် ရေး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် လိုအပ်သည့် ကျေး လက်ကျန်းမာရေးဌာနများ တိုးချဲ့ ဆောင်ရွက်ရန်လည်း စီမံချက်များ ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ယင်းအဆိုကို ထောက်ခံဆန္ဒမဲ များသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment