Thursday, January 29, 2015

ဂျပန်အစိုးရအကူအညီဖြင့် မုန်တိုင်းအန္တရာယ်ကာကွယ်ရေး မိုးလေဝသရေဒါစခန်း သုံးခု တည်ဆောက်


 


ရန်ကုန် ဇန်နဝါရီ ၂၈

 ဂျပန်အစိုးရအကူအညီဖြင့် အကောင်အထည်ဖော်တည်ဆောက်လျက် ရှိသော မုန်တိုင်းအန္တရာယ်ကာကွယ်ရေး မိုးလေဝသရေဒါစခန်း သုံးခုကို ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဖြူတွင် ဆောက်လုပ်မည်ဟု သိရသည်။

မုန်တိုင်းအန္တရာယ်ကာကွယ်ရေး မိုးလေဝသရေဒါစခန်း သုံးခုကို ရန်ကုန် မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနရုံး၊ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လေကြောင်းမိုးလေဝသခန့်မှန်း ရေးရုံးနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မင်းပြင်ရွာတို့၌ တည်ဆောက်မည် ဖြစ်သည်။

ကျောက်ဖြူ(မင်းပြင်) စခန်းတည်ဆောက်ရေးလုပ်ငန်းများကို ၂ဝ၁၅ ခုနှစ် မတ်လတွင်လည်းကောင်း၊ ရန်ကုန်စခန်းကို ၂ဝ၁၆ ခုနှစ် မတ်လတွင် လည်းကောင်း၊ မန္တလေးစခန်းကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင်လည်းကောင်း၊ တည်ဆောက်ရေးလုပ်ငန်းများပြီးစီးရန် သတ်မှတ်ထားသည်။

ကျောက်ဖြူ (မင်းပြင်) စခန်း ရေဒါသည် ယခုနှစ် သြဂုတ်လတွင် ပစ္စည်း ကိရိယာများ တပ်ဆင်ပြီးစီးမည်ဖြစ်၍ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် လျက်ရှိသော ရာသီဥတုပြောင်းလဲမှုနှင့် မုန်တိုင်းများအား အနီးကပ် ထောက်လှမ်းကြည့်ရှု၍ နေပြည်တော်ရှိ ဘက်စုံသဘာဝဘေးကာကွယ်ရေးဗဟိုဌာန နှင့် ချိတ်ဆက်ကာ ပြည်သူများအား အချိန်မီထုတ်ပြန်ပေးသွားမည်ဟု သိရသည်။ မိုးလေဝသ ရေဒါတစ်ခု၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၂ သန်း ခန့်ရှိကြောင်း သိရသည်။

(ဝဝ၁)

No comments:

Post a Comment