Thursday, January 29, 2015

မိတ္ထီလာနှင့်တောင်ငူတို့တွင် ၅၀၀ ကေဗွီဓာတ်အားခွဲရုံတည်ဆောက်ရန် စီမံကိန်းအကောင်အထည်ဖော်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားပိုမိုပို့လွှတ်နိုင်မည်

Photo: ပြည်ထောင်စု လွှတ်တော်အစည်းအဝေး
=========================

မိတ္ထီလာနှင့်တောင်ငူတို့တွင် ၅၀၀ ကေဗွီဓာတ်အားခွဲရုံတည်ဆောက်ရန် စီမံကိန်းအကောင်အထည်ဖော်ခြင်းဖြင့်  လျှပ်စစ်ဓာတ်အားပိုမိုပို့လွှတ်နိုင်မည်
=================================================

နေပြည်တော် ဇန်နဝါရီ  ၂၈

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး သတ္တမနေ့ကို ယနေ့ မွန်းလွဲပိုင်းတွင် အစီအစဉ်(၉)ခုဖြင့် ကျင်းပသည်။ 

အစည်းအဝေးတွင်   နိုင်ငံတော် သမ္မတထံမှပေးပို့သော  ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီထံမှ    ဂျပန်ယန်း ၂၄ ဒသမ ၆၇၈ ဘီလီယံချေးယူခွင့် နှင့်စပ်လျဉ်း၍   လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက  မိတ္ထီလာနှင့်တောင်ငူ တို့၌   ၅ဝဝ ကေဗွီ  ဓာတ်အားခွဲရုံနှစ်ရုံတည်ဆောက်ရန်အတွက် ဂျပန် ယန်း ၂၄ ဒသမ ၆၇၈ ဘီလီယံကို ချေးယူသွားမည်    ဖြစ်ပါကြောင်း၊ အတိုးနှုန်းတစ်နှစ်လျှင် သုည ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ပြီး   ဆိုင်းငံ့ကာလ ၁ဝ နှစ်နှင့်  ပြန်ဆပ်ကာလ ၃ဝ နှစ် ဖြစ်သည့်အတွက် စုစုပေါင်းချေးငွေ သက်တမ်းသည်   ၄ဝ နှစ် ဖြစ်ပါ ကြောင်း၊     အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ တစ်ဝန်း လျှစ်စစ်ဓာတ်အား    ပိုမို ပို့လွှတ်နိုင်မည်ဖြစ်ပြီး   နိုင်ငံ၏စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို     ကောင်းစွာ အထောက်အကူပြုနိုင်မည်    ဖြစ်ပါ ကြောင်း၊  ထို့အပြင် အာဆီယံ၊ မဟာ မဲခေါင် စသည့်ဒေသတွင်း   နိုင်ငံ အချင်းချင်းချိတ်ဆက်မည့် ဓာတ်အား ကွန်ရက်စနစ်၏ အစိတ်အပိုင်းအဖြစ် တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက   ယင်းချေးငွေကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ် တော်ကိုယ်စားလှယ်များ   အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ သည်။ 

ယင်းနောက်    ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေ ကြမ်းနှင့် ၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ ကြမ်းများတွင်ပါဝင်သော   စီမံကိန်း လုပ်ငန်းများ၊   ဘဏ္ဍာငွေအရအသုံး ဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြန်ကြား ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီး ဌာန၊    လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊  အားကစား ဝန်ကြီးဌာန၊  ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊  လယ် ယာစိုက်ပျိုးရေးနှင့်  ဆည်မြောင်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်   သစ်တောရေးရာဝန်ကြီး ဌာန၊    စွမ်းအင်ဝန်ကြီးဌာနနှင့်    ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ  ပြည်ထောင်စုအဆင့်    အဖွဲ့အစည်း ဝင်များက လွှတ်တော်သို့    ဆက်လက် ရှင်းလင်းတင်ပြကြသည်။ 

ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဝန်ကြီး ဌာနအနေဖြင့်   ဆောင်ရွက်မည့် မြန်မာ့ရုပ်မြင်သံကြားကို   Analo-gue  စနစ်မှ    ဒီဂျစ်တယ်စနစ်သို့ အဆင့်အလိုက်    ပြောင်းလဲဆောင် ရွက်ရေးနှင့်   ရုပ်သံလိုင်းသစ်များ တိုးချဲ့ထုတ်လွှင့်နိုင်ရေး၊  ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကို   ပြည်သူ့ဆက်ဆံရေးလုပ်ငန်း အပြင် ပြန်ကြားရေးဝန်ကြီးဌာနနှင့်သက်ဆိုင်သည့်ဥပဒေ၊  နည်းဥပဒေ များကို   ကြီးကြပ်သည့်ဌာနအဖြစ်  တိုးချဲ့တာဝန်ယူဆောင်ရွက်သွားရေး၊ မြန်မာ့ရုပ်ရှင်လောကကို  နည်းပညာ၊ အတတ်ပညာဖြင့်    အဆင့်အတန်း မြင့်မားတိုးတက်အောင်   ဆောင်ရွက် ရေး၊ ပြည်သူလူထုအတွက်   သုတ၊ ရသစာပေများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့်  ထုတ်ဝေနိုင်ရေး၊ သတင်းနှင့်    စာနယ်ဇင်းလုပ်ငန်း အနေဖြင့် အများပြည်သူဝန်ဆောင်မှုမီဒီယာစံနှုန်းများ  ကျင့်သုံးနိုင်ရေး အတွက်  ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များ၊     ယင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက်  အသုံးစရိတ်တင်ပြ တောင်းခံမှုအခြေအနေ၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ  အခြေအနေနှင့် ၂ဝ၁၄-၂ဝ၁၅  ဘဏ္ဍာနှစ်ခွင့်ပြုငွေ ထက် လျော့နည်းတောင်းခံခဲ့မှု အခြေ အနေများ၊ ပြန်ကြားရေးဝန်ကြီးဌာနရှိ စီးပွားရေး အဖွဲ့အစည်းနှစ်ခုဖြစ်သည့်  သတင်းနှင့်   စာနယ်ဇင်းလုပ်ငန်းနှင့်  ပုံနှိပ်ရေးနှင့်   စာအုပ်ထုတ်ဝေရေး လုပ်ငန်းတို့၏ ၂ဝ၁၃-၂ဝ၁၄ ၊၂ဝ၁၄-၂ဝ၁၅   ဘဏ္ဍာရေးနှစ်အလိုက်  အမြတ်ရရှိမှု  အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် က လေကြောင်းပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်   နိုင်ငံခြား ချေးငွေ၊ နိုင်ငံခြားအထောက်အပံ့များ၊ ပုဂ္ဂလိက   ရင်းနှီးမြှုပ်နှံသူများနှင့် J.V, BOT  နှင့်     PPP  စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ အနေများ၊   ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၏ ၂ဝ၁၅-၂ဝ၁၆ ရသုံး မှန်းခြေငွေစာရင်းများ၊   ရေကြောင်း ကဏ္ဍအတွက် မြစ်ကြောင်းထိန်းသိမ်း ရေးလုပ်ငန်းစဉ်များ၊  ရေလမ်းဖွံ့ဖြိုး ရေးလုပ်ငန်းများ၊     ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းများအဆင့်မြှင့်တင် ပြုပြင် တည်ဆောက်မည့် လုပ်ငန်းစဉ်များ၊ သဘာဝဘေးအန္တရာယ် ရာသီဥတု စောင့်ကြည့် လေ့လာရေးလုပ်ငန်း စဉ်များ၊    လေဆိပ်စီမံကိန်းများ၊ ပြုပြင်ထိန်းသိမ်းရမည့်    လေဆိပ် များအတွက်   ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။

ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဝန်ကြီးဌာန၏  စီမံကိန်းလုပ်ငန်း များနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ များ၊   မူဝါဒနှင့်ရည်မှန်းချက်များ အကောင်အထည်   ဖော်နိုင်ရေး အတွက် အသုံးစရိတ်တင်ပြထားသည့် အခြေအနေများ၊  ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေထက်   လျော့ နည်းတင်ပြထားမှု အခြေအနေများ၊ ရငွေအပိုင်းတွင်လည်း ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်ထက် တိုးမြှင့်လျာထား မှု အခြေအနေများနှင့် ငွေလုံးငွေရင်း အသုံးစရိတ်များအဖြစ် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို  ရှင်းလင်း တင်ပြ သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးမြင့်မောင်က ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် မည့်စီမံကိန်းလုပ်ငန်းများ၊ သာမန် နှင့် ငွေလုံးငွေရင်း ရန်ပုံငွေလျာထား ချက်များ၊  ကြွေးမြီကိစ္စရပ်များ၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တကာနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊  သစ်တောစိုက်ခင်း တည်ထောင်မည့်  လုပ်ငန်းစဉ်များ၊ သစ်တောတက္ကသိုလ်အတွက် ဆောင် ရွက်မည့်လုပ်ငန်းစဉ်များ၊   အပူပိုင်း ဒေသ  စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

ယနေ့အစည်းအဝေးကို ညနေ ပိုင်းတွင်    ရပ်နားလိုက်ပြီး အစည်း အဝေး အဋ္ဌမနေ့ကို ဇန်နဝါရီ ၂၉ ရက်တွင်   ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  

(သတင်းစဉ်)

ပြည်ထောင်စု လွှတ်တော်အစည်းအဝေး

No comments:

Post a Comment