ထရီပိုလီ ဇန်နဝါရီ ၂၈
လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ ကော်ရင်သီရာဟိုတယ်ကို စစ်သွေး ကြွများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နိုင်ငံခြားသားငါးဦး အပါအဝင် လူ ကိုးဦး သေဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက ပြောသည်။
သေနတ်သမားများသည်ဟိုတယ် အတွင်း လျှပ်တစ်ပြက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဧည့်ကြိုနေရာသို့ သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။ ၄င်း အခင်းဖြစ်ပွားရာ နေရာအနီးတွင် ကားဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်။ သေနတ်သမားများသည် အသေခံ ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း အတည်မပြုနိုင်သော သတင်းရင်းမြစ် များက ဖော်ပြသည်။
သေဆုံးသူများတွင် အမေရိကန် နိုင်ငံသားတစ်ဦးနှင့် ပြင်သစ်နိုင်ငံသား တစ်ဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါဟိုတယ် တိုက်ခိုက်မှု အခြေအနေသည် ယခုအခါတွင် အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပြောခဲ့သည်။
အမေရိကန်အစိုးရက ၄င်းနိုင်ငံ သားတစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး အတည်ပြုခဲ့သည်။ သေဆုံးသွားသော အမေရိကန်နိုင်ငံသားမှာ လုံခြုံရေး ကန်ထရိုက်တာ တစ်ဦးဖြစ်သည်ဟု ယူဆရသည်။
တိုက်ခိုက်သူ သေနတ်သမား အရေအတွက်နှင့် ပတ်သက်၍ သတင်းဖော်ပြချက်များမှာ တိကျမှု မရှိသေးဘဲ အငြင်းပွားဖွယ်ဖြစ်နေ သည်။
အိုင်အက်စ်နှင့် ဆက်နွှယ်မှု ရှိသော သတင်းရင်းမြစ်တစ်ခုမှ အိုင်အက်စ်က အကြမ်းဖက်လုပ်ရပ် များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
တိုက်ခိုက်မှုတွင် မျက်မြင်တစ်ဦး က ရုတ်တရက် သေနတ်ပစ်သံများ ကြားရပြီး လူများ၎င်းရှိရာဘက် သို့ပြေးလာကြောင်း၊ ၎င်းတို့အားလုံး ဟိုတယ်နောက်ဘက် မြေအောက် ဥမင်မှတစ်ဆင့် ထွက်ပြေးလွတ် မြောက်လာကြကြောင်း၊ ထို့ နောက် ဟိုတယ်ကိုပိတ်လိုက်ကြောင်း ပြော ကြားသည်။
လုံခြုံရေး သတင်းရင်းမြစ်က သေနတ်သမားတစ်ဦး အဖမ်းခံရ ပြီး လုံခြုံရေးဝန်ထမ်းလေးဦး သေဆုံးခဲ့ကာ လူများဒဏ်ရာရရှိ ခဲ့ကြောင်း ဘီဘီစီသို့ ပြောကြားခဲ့ သည်။ (ဘီဘီစီ)

No comments:
Post a Comment