Thursday, January 29, 2015

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရုရှားသို့မေလအတွင်းသွားမည်

Photo: မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရုရှားသို့မေလအတွင်းသွားမည်
=================================================

မော်စကို  ဇန်နဝါရီ  ၂၈

မြောက်ကိုးရီးယား   ခေါင်း ဆောင် ကင်ဂျုံအန်းသည် မေလတွင် မော်စကိုသို့  အလည်အပတ်  လာ ရောက်ရန် ရုရှား၏  ဖိတ်ခေါ်မှုကို   လက်ခံလိုက်ပြီဖြစ်ကြောင်း တောင် ကိုရီးယားယွန်ဟတ် သတင်းဌာနက ဖော်ပြသည်။

ကင်ဂျုံအန်း၏အမည်ကို ထုတ် ဖော်ရည်ညွှန်းထားခြင်းမရှိသည့် ကရင်မလင်မှ    စာဖြင့်ရေးသား  တုံ့ပြန်ပြောဆိုမှုအပေါ်    ၄င်း သတင်းဌာနက ကိုးကားဖော်ပြလိုက် ခြင်းဖြစ်သည်။

ကင်ဂျုံအန်းသည်၂ဝ၁၁ ခုနှစ်  နှောင်းပိုင်း  မြောက်ကိုရီးယားတွင် အာဏာရလာပြီးနောက်ပိုင်း  မည် သည့်  ပင်လယ်ရပ်ခြားနိုင်ငံသို့မျှ သွားရောက်ခဲ့ခြင်း မရှိပေ။ ၄င်း၏ ပထမဆုံးပြည်ပခရီးစဉ်နှင့်  ပတ်သက် ၍  နိုင်ငံတကာက စိတ်ဝင်စားလျက် ရှိရာ   ၄င်း၏မူဝါဒ   မဟာဗျူဟာ အတွက် စောင့်ကြည့်ရန်အသင့်ရှိနေ ကြသည်။  ရုရှားနိုင်ငံအနေဖြင့် မစ္စတာ ကင်ဂျုံအန်း၏ ပထမဆုံး တရားဝင်ခရီးစဉ်အတွက်   လက်ခံ ဖွယ်ရှိကြောင်း    ယခုလအစောပိုင်း တွင် သတင်းများ ထွက်ပေါ်လာခဲ့ သည်။                    
 (ဘီဘီစီ)

No comments:

Post a Comment