Thursday, January 29, 2015

ကုန်စည်သယ်ယူမည့် ဆိပ်ခံတံတားနှစ်စင်း သီလ၀ါ၌ တည်ဆောက်မည်

Photo: ကုန်စည်သယ်ယူမည့် ဆိပ်ခံတံတားနှစ်စင်း  သီလ၀ါ၌ တည်ဆောက်မည်
==============================================

သတင်း-ခင်ရတနာ
ဓာတ်ပုံ-မေဦးမိုး

ရန်ကုန်   ဇန်နဝါရီ   ၂၈

နိုင်ငံအတွင်း ကုန်စည်ကူးသန်း ရောင်းဝယ်မှု ပိုမိုမြန်ဆန်စေရေးနှင့် နိုင်ငံခြားတင်ပို့မှု  လွယ်ကူစေရေး အတွက်  ကုန်စည်သယ်ယူမှုဆိပ်ခံ တံတားများကို သီလဝါစက်မှုဇုန် အတွင်း ကမ်းနားမြေကွက်များပေါ်၌ တည်ဆောက်ရန် လျာထားဆောင် ရွက်မည် ဖြစ်ကြောင်း သိရသည်။

''ဆီထွက်သီးနှံတွေနဲ့ ပတ်သက် တဲ့ ဆိပ်ခံတံတားတစ်ခုနဲ့ ကောက်ပဲ သီးနှံတွေ သယ်ယူပို့ဆောင်နိုင်မယ့် ဆိပ်ခံတံတားတစ်ခုစီကို တည်ဆောက် သွားပြီး   ကုန်စည်တင်ပို့ရေးအတွက်  ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါပေမယ့် လုပ်ငန်းစတင်နိုင်ဖို့အတွက် မြေယာ ပိုင်ဆိုင်မှုကို အရင်ဆုံးဆောင်ရွက်သွား မှာဖြစ်ပါတယ်။ မြေရှင်တွေအတွက်    အကျိုးခံစားခွင့်တွေကို ဆောင်ရွက် ပေးမှာဖြစ်လို့ အထောက်အထားနဲ့ တကွ ပြောကြားမယ်ဆိုရင်  အားလုံး အဆင်ပြေအောင် ညှိနှိုင်းပြီးချိန်မှာ တော့ ဆိပ်ခံတံတားတွေ စတင်တည် ဆောက်မယ်''ဟု မြန်မာနိုင်ငံလယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း  (MAPCO)     မှ တာဝန်ရှိသူတစ်ဦးက   ပြောကြားသည်။

အဆိုပါတည်ဆောက်မည့် နေရာ များမှာ မြေကွက်အမှတ် ၂၇ မှ ၂၉ အထိဖြစ်ကြောင်း သိရသည်။ ဆိပ်ခံ တံတားများတည်ဆောက်မည့် စီမံကိန်း ကြောင့် မြေဈေးများထိခိုက်မှုမရှိသော် လည်း တည်ဆောက်ပြီးစီးသွားပါက အနီး  ပတ်ဝန်းကျင်မြေကွက်များ ဈေးနှုန်းလှုပ်ခတ်နိုင်ကြောင်း စက်မှုဇုန်မြေကွက် အကျိုးဆောင်  ကိုထွန်းမင်းဝင်းက ပြောသည်။

မြေကွက်များနှင့် ပတ်သက်သည့် မြေယာကိစ္စရပ်များ ဖြေရှင်းညှိနှိုင်း ခြင်းကို ယခုအချိန်မှ စတင်ဆောင်ရွက်နေပြီး  တည်ဆောက်ရေးလုပ်ငန်း များကို မကြာမီစတင်နိုင်ရန် မျှော်မှန်းထားကြောင်း MAPCO  မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။                             (မြန်မာ့အလင်း)

No comments:

Post a Comment