ရန်ကုန် ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံ အများစုသို့ နိုင်ငံကိုယ်စားပြု သွား ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ကာယ ဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲများသို့ နိုင်ငံတကာအဆင့်မီ မောင်နှင့်မယ် မျိုးဆက်ပေါ်ထွန်းရေး ရည်ရွယ်သည့် ကာယဗလ၊ ကာယအလှနှင့် ကာယ ကြံ့ခိုင်မှုပြိုင်ပွဲများကို ကမာရွတ်မြို့ နယ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
''ဒီနေ့ ဆရာမကြီးတို့ ရန်ကုန် ပညာရေးတက္ကသိုလ်မှာ ကျင်းပတဲ့ ကာယဗလ၊ ကာယအလှနဲ့ကာယ ကြံ့ခိုင်မှုပြိုင်ပွဲတွေကို ကျင်းပပေးရတဲ့ရည်ရွယ်ချက်ကတော့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆိုတဲ့ ဆောင်ပုဒ် နဲ့အညီ ဒီပြိုင်ပွဲကနေ တက္ကသိုလ် ပေါင်းစုံ ပြိုင်ပွဲ၊ အဲဒီကမှတစ်ဆင့် နိုင်ငံတကာကို ရင်ပေါင်တန်း သွား ရောက်ယှဉ်ပြိုင်နိုင်တဲ့ နိုင်ငံကိုယ်စား ပြု ကာယဗလမောင်နဲ့ မယ်တွေအဆင့် အထိ ဖြစ်လာစေဖို့ ကျင်းပပေးရခြင်း ဖြစ်ပါတယ်။ ထူးခြားတာက ဒီနှစ်မှာ ပြိုင်ပွဲတစ်ခုတိုးလာတာက ကမ္ဘာ့နိုင်ငံ အသီးသီးမှာကျင်းပနေတဲ့ အလှမယ် အမျိုးသမီးများရဲ့ ကာယကြံ့ခိုင်မှု ပြိုင်ပွဲကိုလည်း ထည့်သွင်းထားပါ တယ်''ဟု ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးအေးမြင့်က ပြောကြားသည်။
ပြိုင်ပွဲတွင် ယခင်နှစ်များက ကာယဗလနှင့် ကာယအလှမယ်ပြိုင်ပွဲ များသာ ကျင်းပခဲ့သော်လည်း ယနေ့ မြန်မာအမျိုးသမီးများ ကမ္ဘာ့အလှ မယ်ပြိုင်ပွဲများတွင် ရင်ပေါင်တန်းပါဝင်ယှဉ်ပြိုင်နိုင်ရန် ကာယကြံ့ခိုင်မှု ပြိုင်ပွဲကိုလည်း ထပ်မံတိုးမြှင့် ကျင်းပခဲ့သည်။ ကာယဗလပြိုင်ပွဲတွင် အမျိုးသားငါးဦး၊ ကာယအလှမယ် ပြိုင်ပွဲတွင် အမျိုးသမီး ကိုးဦးနှင့် နိုင်ငံတကာအလှမယ် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် အလှမယ်ငါးဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ရန်ကုန်ပညာရေး တက္ကသိုလ်၏ ကာယဗလ၊ ကာယ အလှနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲများကို ၂ဝ၁၁ ခုနှစ်ကတည်းက စတင်ပြီး နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ကျင်းပသည့် ပြိုင်ပွဲသည် ပဉ္စမမြောက်ကျင်းပခြင်း ဖြစ်သည်။ ပြိုင်ပွဲများ၌ ဒိုင်များ အဖြစ် အားကစားဝန်ကြီးဌာနအောက် ရှိ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှုအဖွဲ့ချုပ်မှ အတွေ့အကြုံရ ဒိုင်များက လာရောက်အကဲဖြတ် အမှတ်ပေးကူညီဆောင်ရွက်ခဲ့သည်။
'' ကျွန်မတို့ ဒီပြိုင်ပွဲကို ဒိုင်အဖြစ် လာရောက်လုပ်ပေးတဲ့အခါမှာ အပြည် ပြည်ဆိုင်ရာနဲ့ မတူတဲ့ဟာလေး တော့ နည်းနည်း ကွဲပြားနေတာတွေ့ရပါ တယ်။ ဟိုးအရင် ၂ဝ၁၂ မတိုင်ခင်က ကျင်းပခဲ့တဲ့ပွဲတွေနဲ့ နောက်ပိုင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေက တကယ် တော့ မတူတော့ပါဘူး။ နောက်ပိုင်း ကျင်းပခဲ့တဲ့ပွဲတွေမှာ မြန်မာအမျိုး သမီးတွေ မြန်မာနိုင်ငံအလှမယ်ဆု တစ်ခုတည်းနဲ့ ရပ်တည်မနေဘဲ နိုင်ငံ တကာအလှမယ်ပြိုင်ပွဲတွေကို ရင်ပေါင် တန်းဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ယခင် ကျင်းပခဲ့တဲ့ အမျိုးသမီးတွေရဲ့ ကာယ အလှမယ်ပြိုင်ပွဲကို ကာယကြံ့ခိုင်မှု ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါ တယ်။ ဒီပြိုင်ပွဲမှာက ဒီနှစ်မှ စတင် ထည့်သွင်းကျင်းပတာပါ။ အခြားနိုင်ငံ တွေလို အလျင်စလိုသွားလို့တော့ မရ ဘူးပေါ့။ ဖြည်းဖြည်းချင်းတော့ ကိုယ့် ဆီက ပြိုင်ပွဲဝင်တွေကို အားကစား ဖြစ်တဲ့အတွက် အားကစားတစ်ခုလို မြင်စေပြီး အပြည်ပြည်ဆိုင်ရာကို ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် မွေးမြူ သွားရမှာဖြစ်ပါတယ်'' ဟု ယနေ့ပွဲတွင် ဒိုင်အဖြစ် လာရောက်ကူညီ ဆောင် ရွက်ပေးသည့် မြန်မာနိုင်ငံကာယဗလ နှင့် ကာယကြံ့ခိုင်မှုအားကစား အဖွဲ့ချုပ်မှ အမှုဆောင် ဒေါ်ရီရီဝင်း (မြန်မာနိုင်ငံအမျိုးသမီးနည်းပြချုပ်)က ပြောကြားသည်။
ယနေ့ကျင်းပသည့် ပြိုင်ပွဲများ၌ ကာယဗလမောင်ပြိုင်ပွဲတွင် ပထမဆု ကျော်လင်းထွန်း၊ ဒုတိယဆု စစ်နိုင် မင်း၊ တတိယဆု သိန်းမြင့်မောင်နှင့် ကာယအလှမယ်ပြိုင်ပွဲတွင် ပထမဆု မယမင်းဆွေ၊ ဒုတိယဆု မနော်သဇင် ဖွေးနှင့် တတိယဆု မသိင်္ဂီဆွေတို့ ရရှိ ကြပြီး အမျိုးသမီးကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် ပထမဆု ဖြိုးဖြိုးလှိုင်၊ ဒုတိယဆု လဲ့နေရည်ဦးနှင့် တတိယ ဆု လှိုင်အိဖြူတို့ရရှိခဲ့ကြောင်း သိရ သည်။
မောင်စိန်လွင်(မြန်မာ့အလင်း)
No comments:
Post a Comment