သီဟ -ရေးသားသည်
နယူးကာဆယ် ဇန်နဝါရီ ၂၇
အာရှဖလား အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းက
သြစတြေးလျနှင့် ယူအေအီးအသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်
သြစတြေးလျအသင်း နှစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်
ရောက်သွားခဲ့သည်။
သြစတြေးလျအသင်း၏ အနိုင်ဂိုး များကို ပွဲစပြီး ၃
မိနစ်တွင် ထရန့် ဆိုင်ဘူရီက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ၁၄မိနစ်တွင်
ဒေးဗစ်ဆန်က ထပ်မံ သွင်းယူပေးခဲ့သည်။ အိမ်ရှင် သြစ တြေးလျအသင်းသည်
၂ဝ၁၁ခုနှစ်တွင် ဗိုလ်လုပွဲသို့ တစ်ကြိမ်တက်ရောက်ခဲ့ ဖူးသည်။
ဂျပန်အသင်းနှင့်တွေ့ဆုံကာ အချိန်ပိုတွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်
ပြီး ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရ သည်။ ယခုနှစ်ဗိုလ်လုပွဲတွင် တောင်
ကိုရီးယားအသင်းနှင့် တွေ့ဆုံမည် ဖြစ်ပြီး တောင်ကိုရီးယားအသင်း သည် ၁၉၅၆၊
၁၉၆ဝ တို့တွင် ဖလား နှစ်ကြိမ်ရရှိထားသည်။ ဒုတိယနေရာ သုံးကြိမ်၊ တတိယနေရာ
လေးကြိမ် ရရှိထားသည့် အစဉ်အလာရှိသော အသင်းဖြစ်သည်။
အာရှဖလား အများဆုံးဗိုလ်စွဲ ထားသည့် ဂျပန်အသင်းသည် ဖလား လေးကြိမ် ရရှိထားပြီး ဆော်ဒီအာရေဗျ သုံးကြိမ်၊ အီရန် သုံးကြိမ်၊ တောင် ကိုရီးယား နှစ်ကြိမ်၊ အစ္စရေး တစ်ကြိမ်၊ ကူဝိတ် တစ်ကြိမ်၊ အီရတ် တစ်ကြိမ်တို့ ဖြစ်ကြ သည်။
၂ဝ၁၅ အာရှဖလား ဗိုလ်လုပွဲ စဉ်ကို ဇန်နဝါရီ ၃၁ ရက်တွင် ယှဉ် ပြိုင်ကြမည်ဖြစ်ပြီး တတိယနေရာလုပွဲ စဉ်ကို ဇန်နဝါရီ ၃ဝ ရက်နေ့တွင် အီရတ်နှင့် ယူအေအီးအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

No comments:
Post a Comment