Thursday, January 29, 2015

အိုင်ဗန်နိုဗစ်၏ အချိန်ပိုခေါင်းတိုက်သွင်းဂိုးဖြင့် လီဗာပူးအား အနိုင်ရရှိကာ ချယ်လ်ဆီးအသင်း ကက်ပီတယ်ဝမ်းဖလားဗိုလ်လုပွဲသို့ တက်လှမ်း



 


ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပရီမီယာလိဂ်၏ ထိပ်တန်းအဆင့်ရှိ အသင်းကြီးနှစ်သင်းဖြစ်သည့် ချယ်လ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အိုင်ဗန်နိုဗစ်၏ နောက်ကျသွင်းဂိုးဖြင့် ချယ်လ်ဆီး အသင်းက လီဗာပူးအသင်းအား တစ် ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ချယ်လ်ဆီးအသင်းသည် ကက်ပီတယ်ဝမ်း ဖလားနောက်ဆုံးဗိုလ်လုပွဲသို့

ချယ်လ်ဆီးအသင်းနှင့် လီဗာပူး အသင်းတို့သည် ကက်ပီတယ်ဝမ်း ဖလားဆီမီးဖိုင်နယ် ပထမအကျော့ တွင် လီဗာပူးအသင်း၏ အိမ်ကွင်းအမ်ဖီးလ်၌ တစ်ဖက်တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ယခုဒုတိယပွဲစဉ်တွင် လီဗာပူးအသင်းအနေဖြင့် အဝေးကွင်းတွင် ဂိုးမသွင်းနိုင်ခဲ့ဘဲ နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ကာ နည်းပြဘရန်ဒန်ရော့ဂျာ၏ လီဗာပူးအသင်း ကက်ပီတယ် ဝမ်းဖလား နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးလက် လွှတ်ဆုံးရှုံးခဲ့ရသည်။

ချယ်လ်ဆီးအသင်းသည် ယခုလီ ဗာပူးအသင်းနှင့်ပွဲစဉ်တွင် ကော် စတာ၊ မာတစ်၊ ဖာဘရီဂတ်စ်၊ ဟာ ဇက်၊ အော်စကာ၊ ဝီလီယံ၊ တယ်ရီ၊ အိုင်ဗန်နိုဗစ်၊ ဖီးလစ်ပီလူးဝစ်ဇ် စသည့်ကစားသမားများကို ၄-၂-၃-၁ ကစားကွက်ဖြင့်လည်းကောင်း၊ လီဗာပူးအသင်းမှာ စတာလင်အားအထောင် ထားကာကော်တင်ဟို၊ မိုရီနို၊ ဟန် ဒါဆန်၊ ဂျာရတ်၊ မာကိုဗစ်၊ ဆာခို၊ စကာတယ် စသည့်ကစားသမားများ ကို ၃-၄-၂-၁ ပုံစံဖြင့်လည်းကောင်း ပွဲထွက်ကစားခဲ့ကြသည်။

ယင်းပွဲစဉ်တွင် ကက်ပီတယ်ဝမ်း ဖလားဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ရေးအတွက် နှစ်သင်းစလုံးအကြိတ်အနယ် ကစားခဲ့ကြရာ သာမန်ပွဲကစားချိန် မိနစ် ၉ဝ ပြည့်သည်အထိ ပြိုင်ပွဲ၏ ရလဒ်မထွက်ပေါ်ခဲ့ဘဲ အချိန်ပိုရောက်မှသာ ချယ်လ်ဆီးအသင်းက နောက်ခံလူအိုင်ဗန်နိုဗစ်၏ ခေါင်းတိုက်သွင်းဂိုးဖြင့် အနိုင်ရရှိကာ ကက်ပီတယ်ဝမ်း ဖလားရရှိမည့် မျှော်လင့်ချက်ရောင် ခြည်တစ်ခုဖြစ်လာခဲ့သည်။

ချယ်လ်ဆီးအသင်း အနေဖြင့် လီဗာပူးအသင်းအား အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင် ခဲ့ခြင်းသည် အက်ဖ်အေဖလားစတုတ္ထ အဆင့်ပြိုင်ပွဲတွင် လိဂ်ဝမ်းကလပ် ဘရက်ဖို့ဒ်အသင်းအား လေးဂိုး-နှစ် ဂိုးဖြင့် ရှက်ဖွယ်ရှုံးနိမ့်ကာ အက်ဖ်အေ ဖလားပြိုင်ပွဲကို နှုတ်ဆက်လိုက်ရခြင်းအတွက် ဖြေဆေးဟုပင် ဆိုရမည်ဖြစ်သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်း သည် အက်ဖ်အေဖလားမှ ထွက်ခဲ့ရ ခြင်းကြောင့် ဖလားလေးလုံးရယူမည် ဆိုသည့် မျှော်လင့်ချက်ကုန်ဆုံးသွား ခဲ့သော်လည်း ကက်ပီတယ်ဝမ်းဖလားနှင့် ပရီမီယာလိဂ်ဖလားကိုမူ အရယူရန် ပစ်မှတ်ထားလျက်ရှိသည်။

(ငွေကြယ်)

No comments:

Post a Comment