Wednesday, January 28, 2015

ငါးသိုင်းချောင်းမြို့၌ ပေါ့ဆမီးကြောင့် နေအိမ် ၂၈လုံးမီးလောင်ဆုံးရှုံး




ပုသိမ်၊ ဇန်နဝါရီ ၂၇

 ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မြို့မရပ်ကွက်
၌ ဇန်နဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲတွင် မီးလောင်မှုဖြစ်ပွားရာ လူနေ
အိမ်ခြေ ၂၈ လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဇန်နဝါရီ၂၆ ရက်ညနေ ၃ နာရီခွဲက ငါးသိုင်းချောင်းမြို့
မြို့မရပ်ကွက်နေ မျိုးလွင်(၃၅)နှစ်သည် နေအိမ်၌ ထင်းမီးဖိုဖြင့် ထမင်း
အိုးတည်ပြီး အိမ်အပြင်သို့ ထွက်သွားခိုက် ထင်းမီးဖိုမှ မီးဖိုအကာသို့
မီးကူးစက်ရာ ပေ(၂ဝ x ၃ဝ)သွပ်မိုးအုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ်
အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး အနီးရှိ စက်သုံးဆီဆိုင်သို့ ဆက်လက် မီးကူးစက်လောင်ကျွမ်းရာမှ မြို့မရပ်ကွက်အတွင်းရှိ နေအိမ်
၂၈ လုံး မီးလောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်း
ကုန်း၊ ကျုံပျော်၊ ရေကြည်၊ လေးမျက်နှာ၊ ငါးသိုင်းချောင်း အစရှိသော မီး
ငြှိမ်းသတ်ယာဉ်များ၊ မီးသတ် ရေသယ်ယာဉ် ၄၅ စီးနှင့် သန္ဓေမီးသတ်
တပ်ဖွဲ့ဝင် ၉ဝ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁ဝ၊ နယ်မြေခံတပ်မှတပ်မတော်သား ၅၁ ဦးနှင့် ဒေသခံ
လူမှုရေးအဖွဲ့အစည်းများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၇နာရီခွဲတွင်
မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် မြို့မရပ်ကွက်မှ မီးဘေးဒုက္ခသည် စုစု
ပေါင်း၁၅၇ ဦးတို့အား ဈေးဝဓမ္မာရုံနှင့်ရှေ့ဆောင်ဓမ္မာရုံတို့တွင် မီးဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထား ရှိကြောင်းသိရသည်။

ပေါ့ဆစွာမီးသုံးစွဲသူ မျိုးလွင်(၃၅)နှစ်အား ငါးသိုင်းချောင်းနယ်မြေ
ရဲစခန်းက (ပ)၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ (၂၈၅) ဖြင့်အရေးယူထားကြောင်း သိရသည်။

ပုသိမ်လှကြည်

No comments:

Post a Comment