Wednesday, January 28, 2015

နိုင်ငံတကာ ပညာသင်ဆုများ လျှောက်ထားနိုင်


 



 မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲဒေသများဖြစ်သည့် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ကျောင်းသား
ကျောင်းသူများအနေနဲ့ နိုင်ငံတကာမှ ပေးအပ်သော ပညာသင်ဆုများကိုလျှောက်ထားနိုင်သည့်အခွင့်အလမ်းများစွာရှိနေပြီး သင့်လျော်ရာ ဘာသာရပ်အလိုက် သက်ဆိုင်ရာအရည်
အချင်းစစ် စာမေးပွဲများကို ဖြေဆိုရမည်ဖြစ်တယ်။TOEFL,IELTS နှင့် အခြားနိုင်ငံတကာ အသိအမှတ်ပြု အင်္ဂလိပ်စာအရည် အချင်းစစ်စာမေးပွဲများကို ဖြေဆိုထားမည့်ဆို ပိုပြီးအဆင်ပြေမှာဖြစ်တယ်။

အခုဆို မြန်မာကျောင်းသားအနေနဲ့ နိုင်ငံတကာမှာ ကျောင်းတွေတက်ရောက်သင်ကြား နေပေမယ့် ပညာသင်ဆု(အပြည့်အဝပေးသောပညာသင်ဆုနှင့် ကုန်ကျစရိတ်တစ်ဝက်သာ ပေးချေသောပညာသင်ဆု)နဲ့သွားရောက်တဲ့ ကျောင်းသား ကျောင်းသူအနည်းငယ်သာရှိနေပါတယ်။ အခုဖော်ပြပေးသွားမယ့် ပညာသင်ဆုများကတော့ အပြည့်မဟုတ်တောင် ၅ဝရာခိုင်နှုန်းလောက် ကုန်ကျခံပေးမယ့် ပညာသင်ဆုများပဲဖြစ်ပါတယ်။ ယင်းဆုများကိုလျှောက် ထားရာမှာ အသက်အရွယ်ကန့်သတ်ချက်မရှိဘဲ လျှောက်ထားနိုင်ပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံကပေးအပ်တဲ့ ပညာသင်ဆုကတော့ ဗီယာရက်စ် လေ့ကျင့်ရေးဆိုင်ရာ ပညာသင်ဆုနှင့်မဟာဘွဲ့ပညာသင်ဆုများပဲ
ဖြစ်ပါတယ်။ လျှောက်ထား သူများက အာဖရိက၊ အာရှ သို့မဟုတ် လက်တင်အမေရိက ဒေသရှိ ကျောင်းသား ကျောင်းသူများ ဖြစ်ရပါမယ်။အီဖဲလ်ပညာသင်ဆုကတော့ပြင်သစ်နိုင်ငံက ပေးအပ်တဲ့
ပညာသင်ဆုဖြစ်ပြီး မဟာ(အင်ဂျင်နီယာ) ဘွဲ့ တက်ရောက်သင်ကြားလိုများနဲ့ ပါရဂူ(အင်ဂျင်နီယာ)ဘွဲ့ အတွက်
ပေးအပ်တာဖြစ်ပါတယ်။ ပြင်သစ်ဘာသာစကားက မြန်မာ ကျောင်း
သားများနဲ့ အနည်းငယ်စိမ်းနေတာကြောင့် မြန်မာ ကျောင်းသားများအနေနဲ့ အများကြီးလျှောက်ထားလေ့ မရှိပါဘူး။ နောက်ပြင်သစ်ကပေးအပ်နေတဲ့ စီးပွားရေးဘာသာရပ် ပညာသင်ဆုကတော့INSEAD ဖြစ်ပြီး ပြင်သစ်
နိုင်ငံမှာရှိတဲ့ စီးပွားရေးဘာသာရပ်သင်ကြားပို့ချပေးနေတဲ့ ကျောင်းပေါင်း ၅ဝကျော်ကစီးပွားရေးဘာသာရပ်များကို လေ့လာလို့ရမယ့် အခွင့်အရေးတစ်ရပ်ပါပဲ။ ဂျာမနီနိုင်ငံမှ DAAD ပညာသင်ဆုကို အာရှ-ပစိဖိတ်
ဒေသ၊ ပစိဖိတ်ကျွန်းနိုင်ငံများ၊ တောင်အမေရိကအပါအဝင် ဥရောပအရှေ့ပိုင်းရှိ နိုင်ငံများမှ မဟာဘွဲ့ရရှိသူများအနေနဲ့ လျှောက်ထားနိုင်တဲ့ ပညာသင်ဆုဖြစ်ပါတယ်။

(မေလဲ့သင်း)

No comments:

Post a Comment