မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေတောင်သူ လယ်သမားများ၏
လူမှုဘဝမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက် ထားရှိကာ တစ်ချိန်က
အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထား သော လယ်ယာမြေများအား ယခုအခါ
နိုင်ငံတစ်ဝန်းမူလပိုင်ရှင် များထံ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍လွှဲပြောင်းပေး လျက်ရှိပါသည်။ ဤသို့ လယ်ယာမြေများနှင့်အခြားမြေများ စနစ် တကျပြန်လည်လွှဲပြောင်းပေးလိုက်ခြင်းဖြင့် စိုက်ဧကများတိုးကာ ကုန်ထုတ်စွမ်းအားများမြင့်မားလာမည်ဖြစ်ပါသည်။ သို့သော်လည်း အချို့သောဒေသများတွင် မြေယာလွှဲပြောင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေဆဲဖြစ်ပါသည်။
ထို့ကြောင့်လည်း ဒုတိယသမ္မတဦးဥာဏ်ထွန်းက ဇန်နဝါရီ ၂၂ ရက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
အစည်းအဝေးခန်းမ ၌ကျင်းပသည့် တိုင်းဒေသကြီးမြေအသုံးချမှု
စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် မိမိတို့နိုင်ငံအတွက် ရင်ဆိုင်နေရသော
ကြီးမား သည့်စိန်ခေါ်မှုများတွင် မြေယာပြဿနာများသည်လည်း တစ်ခု
အပါအဝင်ဖြစ်ပါကြောင်း၊ မြေယာပြဿနာများ ကြီးမားစွာ ပေါ်ပေါက်လာရခြင်းမှာ
စနစ်ဟောင်း၏ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးခြင်း၊
ပိုင်ဆိုင်မှုအထောက်အထားပုံစံများ စစ်ဆေးရန် ခက်ခဲခြင်း၊ ခေတ်နှင့်လျော်ညီမှုမရှိတော့သည့် လုပ်ထုံးလုပ်နည်း ဟောင်းများ၊ ဥပဒေဟောင်းများပါရှိနေခြင်းကြောင့်
ဖြစ်ပါ ကြောင်း၊ ယင်းအားနည်းမှုကို အခွင့်ကောင်းယူကာ စီမံကိန်းများ
ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဒေသခံများ၏သဘောထားများကို
လျစ်လျူရှုခြင်းများကြောင့်လည်း မြေယာ ပြဿနာများ
ပေါ်ပေါက်နေရခြင်းဖြစ်ပါကြောင်း။
စွန့်လွှတ် မြေများအား သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေး
အပ်ရာတွင် အဂတိတရားကင်းရှင်းမှု၊ စေတနာမှန်သော စာနာ ထောက်ထားမှုများဖြင့်
သက်ဆိုင်သူများသို့ တည်ဆဲဥပဒေများ နှင့်အညီ ပွင့်လင်းမြင်သာစွာ
လွှဲပြောင်းပေးအပ်ကြရန် ဖြစ်ပါ ကြောင်း၊ ပေးအပ်ရန်ကျန်မြေများကို
ထပ်မံစိစစ်ပြီး လွှဲပြောင်း ပေးအပ်သင့်သည့်မြေများဖြစ်ပါက
အမြန်ဆုံးလွှဲပြောင်းပေးအပ် ကြရန်နှင့် လုပ်ငန်းဆောင်ရွက်မှုအပိုင်းများတွင် နှောင့်နှေးကြန့် ကြာမှုများရှိနေခြင်းများကိုလည်း ပိုမိုလွယ်ကူရှင်းလင်းမည့် လုပ်ငန်းစဉ်များနှင့် ဖြည့်စွက်ဆောင်ရွက်သွားကြရန်ဖြစ်ပါ ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးနှင့်သက်ဆိုင်သည့် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေများနှင့် အခြားမြေများ သိမ်းဆည်းခံ ရမှုကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက်
စုံစမ်းရေး ကော်မရှင်မှ ပေးပို့လာသည့် အစီရင်ခံစာအပိုဒ် ၁ မှ ၇ အထိ
မြေအမှုတွဲ ၅၇၆ မှုရှိပြီး စိစစ်ပြီးအမှုတွဲ ၅၄၆ မှု၊ စိစစ်ဆဲအမှု ၃ဝ
ရှိကြောင်း၊ စိစစ်ပြီးအမှု ၅၄၆ မှုတွင် စွန့်လွှတ်မြေ ၁၃၆၂၉ ဒသမ ၇၁၆ ဧကနှင့်
အစီရင်ခံစာတွင် မပါရှိသော်လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ
သီးခြားပြန်လည်စွန့်လွှတ်မြေ ၃၂၇၇ ဒသမ ၂၈၃ ဧက ဖြစ်၍
စုစုပေါင်းစွန့်လွှတ်မြေမှာ ၁၆၉ဝ၆ ဒသမ ၉၉၉ ဧက ဖြစ်ကြောင်းသိရပြီး
သက်ဆိုင်ရာတောင်သူ ၂၇၆၁ ဦးထံသို့ မြေ ၁ဝဝ၄၂ ဒသမ ၃ဝ၄ ဧကနှင့် သက်ဆိုင်
ရာဌာနများသို့ ၆၂၉၈ ဒသမ ၇၁၃ ဧက စုစုပေါင်း ၁၆၃၄၁ ဒသမ ဝ၁၇ ဧက
ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သို့ပါ၍ နိုင်ငံတစ်ဝန်းဒေသအသီးသီးတို့တွင်လည်း
အလား တူမြေယာလွှဲပြောင်းမှုများ ဆောင်ရွက်လျက်ရှိရာ လွှဲပြောင်းပေးရန်
ဆောင်ရွက်လျက်ရှိသော လယ်ယာမြေနှင့် အခြားမြေများအား မူလပိုင်ရှင်များထံသို့
ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အဂတိတရားမပါဘဲ စိတ်ကောင်း၊ စေတနာ ကောင်းများထားရှိကာ အလျင်အမြန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment