Wednesday, January 28, 2015

ပွဲခင်းအတွင်းဓားထိုးခံရပြီး လူငယ်တစ်ဦးသေဆုံးမှု ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ




မော်လူး ဇန်နဝါရီ ၂၇


စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့ မော်လူးဒေသ ဟဲနုကျေးရွာ တပ်ဦးဓာတ်ပေါင်းစု ဘုရားပွဲ၌ ဇန်န ဝါရီ ၁၅ ရက် ည ၁ဝ နာရီ ၂၃ မိနစ်က ပွဲခင်းအတွင်းဓားထိုးခံရပြီး သေဆုံးသွားသည့် လူငယ်အားဓား ဖြင့်ထိုးခဲ့သည့် ပြစ်မှုကျူးလွန်သူကို ဇန်နဝါရီ ၂၅ ရက်က ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

 ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၅ ရက် ည ၁၁ နာရီ ၂၃ မိနစ်တွင် အင်းတော် မြို့နယ် မော်လူးဒေသ မင်းသာ ကျေးရွာနေ အောင်မျိုးဦး (၁၈နှစ်) သည် ဟဲနုကျေးရွာတပ်ဦး ဓာတ် ပေါင်းစုဘုရားပွဲသို့ သူငယ်ချင်းများ နှင့် သွားရောက်ကြရာ ပွဲခင်းအတွင်း ကခုန်ကြရင်းထိခိုက်မိရာမှ ဓားထိုးခံ ရမှု ဖြစ်ပွားခဲ့သည်။ ၎င်းသည်ဒဏ်ရာ တစ်ချက်ရရှိပြီး စိုးရိမ်ရ၍မော်လူးမှ ပုညဂါရဝ လူမှုကူညီရေးအသင်းပိုင် မော်တော်ကားဖြင့် ကသာမြို့ ဆေးရုံ သို့ပို့ဆောင်ခဲ့ရာ ဆေးရုံမရောက်မီ ဇန်နဝါရီ ၁၆ ရက် နံနက် ၂ နာရီ ၅ မိနစ်တွင် သေဆုံးသွားခဲ့သည်။၎င်း သေဆုံးမှုကိုဖခင်ဖြစ်သူ ဦးမျိုးမြင့်က အရေးယူပေးပါရန် တိုင်ကြားမှုအပေါ် ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်း ဆီးရမိနိုင်ရေးအတွက် ကသာခရိုင် ဒုတိယရဲမှူးကြီး လှစိန်၊ အင်းတော် မြို့(ခေတ္တ)ဒုရဲမှူး မြင့်စိုး၏ ညွှန်ကြား မှုဖြင့် မော်လူးနယ်မြေရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်အေးမင်းသိန်း၊ ပင်ဝဲ ရဲကင်း ရဲအုပ် မင်းသိန်းထွန်းနှင့် တာဝန်ရှိသူတို့က စုံစမ်းဖော်ထုတ်ခဲ့ရာ မော်လူးဒေသ ပုန်းဟုန်ကျေးရွာအုပ်စု စဥ့်ခိုးကျေးရွာနေ ထက်သျှား(ခ) ထက်ရှားကို ဇန်နဝါရီ ၂၅ ရက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ အမှုနှင့် ပတ်သက်၍ မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းက အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
(၁၇၁)

No comments:

Post a Comment