Wednesday, January 28, 2015

ပြည်သူများက ၀န်ထမ်းများကို ယုံကြည်လျှင် လုပ်သမျှအားလုံးအောင်မြင်မည်

Photo: ပြည်သူများက ၀န်ထမ်းများကို ယုံကြည်လျှင် လုပ်သမျှအားလုံးအောင်မြင်မည်
===============================================

မန္တလေး ဇန်နဝါရီ ၂၇

 နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု တတိယလှိုင်းနှင့်တာဝန်ခံမှု၊ တာဝန် ယူမှုစနစ်အပေါ် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က မန္တလေးမြို့(၆၆)လမ်းနှင့်(၂၆)လမ်းထောင့်ရှိ     တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး   အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 

ရှေးဦးစွာ    တိုင်းဒေသကြီး လျှပ်စစ်နှင့်   စက်မှုလက်မှုဝန်ကြီး ဌာနဝန်ကြီး  ဦးကျော်မြင့်က အဖွင့် အမှာစကားပြောကြားပြီး နိုင်ငံတော် သမ္မတ၏    စီးပွားရေးအကြံပေး ပါမောက္ခ   ဒေါက်တာအောင်ထွန်း သက်က သုံးသပ်ဆွေးနွေးရာ အဖွဲ့ အစည်းတွင် အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍနှစ်ခုရှိကြောင်း၊ ယခုအခါ ထို နှစ်ခုဖြင့် မလုံလောက်တော့ဘဲ အရပ် ဘက်အဖွဲ့အစည်းလည်း လိုကြောင်း၊ နိုင်ငံတိုးတက်ရန်  အဆိုပါသုံးဖွဲ့  ဟန် ချက်ညီရန်လိုကြောင်း၊ ဝန်ထမ်းတွေ ယုံကြည်မှုမရှိလျှင် ဘာမျှမရကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ယုံကြည် မှုရှိရန်လိုကြောင်း၊ ပြည်သူနှင့်ဝန်ထမ်း များကြား   ယုံကြည်မှုရှိရမည်ဖြစ် ကြောင်း၊ မယုံကြည်သည်ကို ယုံကြည် လာအောင်လုပ်ရန်မှာ ဝန်ထမ်းများ၏တာဝန်သာဖြစ်ကြောင်း၊ ရလဒ်တစ်ခု တည်းကိုမကြည့်ဘဲ  ဘယ်နည်းဖြင့် ရလဒ်ရသလဲဆိုသည်က   အရေးကြီး ကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိက အတူတူ ဖြစ်ရမည်ဖြစ်ကြောင်း၊   ဝန်ထမ်း အားလုံးသည်    ပြည်သူ၏ဝန်ကို ထမ်းသော လူများဖြစ်သည်နှင့်အညီ မျှတရမည်၊ ရိုးသားရမည်၊ လုပ်သင့် လုပ်ထိုက်သည်ကို    လုပ်ရမည်ဖြစ် ကြောင်း၊ ပြည်သူများက ဝန်ထမ်း များကို  ယုံကြည်လျှင်   လုပ်သမျှ အားလုံး အောင်မြင်မည်ဖြစ်ကြောင်း၊ အထက်နှင့်အောက် နားလည်မှုရှိရ မည်ဖြစ်ကြောင်း၊ တကယ် တာဝန် ယူသူ၊    တာဝန်ကျေသူများသည် ရိုးသားရမည်၊  တက်တက်ကြွကြွလုပ်ဆောင်ရမည်၊ ပြည်သူကို ဂရုစိုက် ရမည်၊  ကူညီရမည်၊  ယုံကြည်ရမည် ဖြစ်ကြောင်းစသဖြင့်   ဆွေးနွေးပြော ကြားသည်။

ထို့နောက် တက်ရောက်လာသူ များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးရာ   ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က  ပြန်လည်ဖြေ ကြားဆွေးနွေးခဲ့သည်။   အဆိုပါဆွေးနွေးပွဲကို ဇန်နဝါရီ  ၂၈ ရက်  မွန်းလွဲ ၁ နာရီတွင်  ဆက်လက် ကျင်းပသွားမည်ဟု သိရသည်။      
တင်မောင်(မန္တလေး)

No comments:

Post a Comment