Wednesday, January 28, 2015

လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့်အဖွဲ့နှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး


 


 တောင်သာ ဇန်နဝါရီ ၂၇

 အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ လမ်းလျှောက်ဆန္ဒဖော်ထုတ် လျက်ရှိသော ကျောင်းသားအဖွဲ့သည် မြင်းခြံမြို့တွင် အခြေပြုလျက်ရှိရာမှ မြင်းခြံမြို့မှ ကျောင်းသားကျောင်းသူများ၊ ဒေသခံအချို့နှင့် ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့မှ တောင်သာမြို့သို့ ဆက်လက်ထွက်ခွာခဲ့သည်။

အဆိုပါအဖွဲ့အား အဆင့်မြင့်ပညာဦးစီးဌာန (အထက်မြန်မာပြည်)ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံပညာရေးသုတေသန အဖွဲ့ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာခိုင်မြဲ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်သင်းနှင့် မြင်းခြံဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာကိုကိုမြင့်တို့ ပါဝင်သောအဖွဲ့က မွန်းလွဲပိုင်းတွင် မြင်းခြံ-တောင်သာ ကားလမ်းရှိ မိုင်တိုင်(၄၄၈/၇)၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် အဆိုပါအဖွဲ့မှ နန္ဒာစစ်အောင်နှင့် အောင်မှိုင်းဆန်းတို့ နှစ်ဦးက နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ၎င်းတို့နှစ်ဦး တွေ့ဆုံမည် ဖြစ်ကြောင်း၊ လမ်းလျှောက်ဆန္ဒပြခြင်းကို တောင်သာမြို့အထိ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက်ထွက်ခွာသွားခဲ့ရာ ည ၈ နာရီခန့်တွင် တောင်သာမြို့ မုန်ပင်ဘုန်းကြီးကျောင်းသို့ ရောက်ရှိညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။

(ဝ၄ဝ)

No comments:

Post a Comment