Wednesday, January 28, 2015

ဝင်ငွေနည်းပြည်သူများ ၀ယ်ယူနိုင်စွမ်းရှိစေမည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိ

Photo: ပြည်သူ့လွှတ်တော်အစည်းအဝေး 
=====================

ဝင်ငွေနည်းပြည်သူများ ၀ယ်ယူနိုင်စွမ်းရှိစေမည့်  တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိ
===================================

နေပြည်တော်  ဇန်နဝါရီ  ၂၇

ပြည်သူ့လွှတ်တော်  (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး သတ္တမ နေ့ကို ယနေ့နံနက်ပိုင်းတွင်  အစီ အစဉ် (၁ဝ)ခုဖြင့် ကျင်းပပြီး မေးခွန်း (၂)ခုမေးမြန်းဖြေကြားခြင်း၊ အဆို(၂)ခု တင်သွင်းခြင်း၊   ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း၊  ဥပဒေကြမ်း(၁)ခု အတည်ပြုခြင်းနှင့်  အမျိုးသားလွှတ် တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသည့်   ဥပဒေကြမ်း(၁)ခု အသိပေးတင်ပြခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။

အစည်းအဝေးတွင်  ရွှေပြည်သာ မဲဆန္ဒနယ်မှ     ဦးတင်မောင်ဦး၏  ''နိုင်ငံတော်အတွင်း   လယ်ယာမြေ ဆုံးရှုံးမှုကိစ္စများနှင့်     အခြေခံ လူတန်းစားများအတွက် အရစ်ကျပေး ချေသည့် တိုက်ခန်းကိစ္စများ မည်သို့ စီစဉ်ထားသည်ကို သိရှိလိုကြောင်း''မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ် ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးစိုးတင့်က   လယ်ယာမြေဆုံးရှုံးမှု ကိစ္စများသည်   မြို့သစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် အများ ပြည်သူအကျိုးအတွက် လယ်မြေများ ကို အခြားနည်းဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး     မြို့သစ်စီမံကိန်းများမှာ လည်း   အမှန်တကယ်တည်ဆောက် အကောင်အထည်ဖော်ခဲ့ခြင်း  ဖြစ် ပါကြောင်း။

မြို့ပြစီမံကိန်းများ ဖော်ထုတ်စဉ် အချိန်ကာလတွင် လူနေထိုင်မှုရှိသော အဆောက်အအုံ၊ လယ်တဲ၊ ကျူးကျော် တဲများကို နေထိုင်မှုအဆင်ပြေစေရန် ပေ(၂ဝ x ၆ဝ )၊  ပေ(၄ဝ x ၆ဝ) မြေကွက်များကို  မြေစည်ပင်စရိတ် အခမဲ့ဖြင့်လည်းကောင်း၊ မြေစည်ပင် စရိတ် ပေးသွင်းခြင်းဖြင့်လည်းကောင်း ပြန်လည်    နေရာချထားပေးခဲ့ပါ ကြောင်း၊ အချို့ဒေသများတွင် မစိုက် ပျိုးထားသော လယ်မြေတစ်ဧကလျှင် ကျပ် တစ်သောင်းနှုန်း၊  စိုက်ပျိုးထား သော လယ်မြေတစ်ဧကလျှင် ကျပ်နှစ် သောင်းနှုန်းဖြင့် လျော်ကြေးပေးခဲ့ပြီး ထိုအချိန်ကာလ   ပေါက်ဈေးထက် ကျော်လွန်၍    ပေးခဲ့ခြင်းဖြစ်ပါ ကြောင်း။

အနေကြာ   ကျူးကျော်သူများ အတွက်   အငှားချပြည်သူ့အိမ်ရာ စနစ်ကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ နေထိုင်ရန် တိုက်ခန်းများကို အခြေခံလူတန်းစား များအတွက် အမှန်တကယ်လက်တွေ့ ကျကျဖြစ်နိုင်သည့်  လစဉ်အရစ်ကျ ပေးသွင်းသည့်စနစ်မျိုးနှင့် ပတ်သက် ၍ လစာဝင်ငွေပုံမှန်ရှိသော  အလုပ် အကိုင်ရှိသူတိုင်း   အကျုံးဝင်မည့် တစ်ဦးကျ ဝင်ငွေစုဆောင်းမှုစနစ်ကို ထူထောင်ရန်နှင့် ဝင်ငွေနည်းပြည်သူ များ ဝယ်ယူနိုင်စွမ်းရှိစေမည့် တန်ဖိုး နည်းအိမ်ရာစီမံကိန်းများ  ရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး  လစဉ်အရစ် ကျပေးသွင်းနိုင်ရေးအတွက် နှစ်ရှည် အရစ်ကျပေးသွင်းသည့်  စနစ်ဖြင့် ဝယ်ယူနိုင်အောင် အသေးစိတ်တွက် ချက်၍    စီစဉ်ပေးသွားမည်ဖြစ်ပါ ကြောင်းဖြင့် ဖြေကြားသည်။

ချောင်းဆုံမဲဆန္ဒနယ်မှ   ဦးလှ မောင်၏ ''ပျူမြို့ဟောင်း သုံးမြို့ သည်    ပုဂံခေတ်အား မြန်မာမှု လက်ရာမြောက်မှုနှင့်  ယဉ်ကျေးမှု ဆိုင်ရာ    အဆင့်အတန်းမြင့်မားမှု များ ကျန်ရစ်အောင်   မျိုးစေ့ချပေးခဲ့ ခြင်းဆိုသည့်      အကြောင်းအရာ ကိစ္စရပ်များကို သိရှိလိုကြောင်း'' မေး ခွန်းနှင့်စပ်လျဉ်း၍ ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေက ပျူယဉ်ကျေးမှု(ဝါ)   ပျူမြို့ဟောင်း သုံးမြို့သည် လွန်ခဲ့သောနှစ်(၂ဝဝဝ)ခန့်က ဘာသာ၊  စာပေ၊  ကိုးကွယ်မှု၊ ဓလေ့ထုံးစံ၊ ဗိသုကာ၊  အနုပညာ၊ အတတ်ပညာတို့သည် ဗုဒ္ဓဘာသာနှင့်  ဗုဒ္ဓယဉ်ကျေးမှုကို အခြေခံသော မြို့ပြ မြို့ဟောင်းများဖြစ်သည်ဟု  ကောက် ချက်ချနိုင်ပါကြောင်း။

အနော်ရထာခေတ်    မတိုင်မီ ကတည်းက  ပုဂံဒေသ၌    ပျူ၏ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ဗိသုကာ၊ အနုပညာလက်ရာများ ရှိ နေသည့် အထောက်အထားများရှိပါ ကြောင်း၊  ပုဂံနှင့်ပျူ   ကောင်းစွာ ဆက်စပ်နေကြောင်းကိုလည်း ပညာ ရှင်အသီးသီးက   လေ့လာဆန်းစစ်တင်ပြပြီးဖြစ်ပါကြောင်း၊ ပုဂံဒေသ တွင် တွေ့ရှိရသော ပျူ၊ မွန်၊ မြန်မာ တို့၏   ပေါင်းစပ်ဖွဲ့စည်းထားသော ယဉ်ကျေးမှုဆိုင်ရာ သက်သေသာဓက များသည်  ပုဂံယဉ်ကျေးမှုမြင်ကွင်း အတွက်  အရေးပါသောအချက်ဟု မှတ်ယူနိုင်ပါကြောင်း၊  ရှေးဟောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြချက် များကို   ရှေးဟောင်းသုတေသန အထောက်အထားများဖြင့် ပိုမိုပြည့်စုံ စွာ    ပုံဖော်တည်ဆောက်ခြင်းဖြင့် သက်ဆိုင်ရာယဉ်ကျေးမှုနှင့်  ယဉ် ကျေးမှုကို ဖန်တီးခဲ့သော  လူမှုအဖွဲ့ အစည်း၏ကြီးကျယ်မှု၊    တီထွင် ဖန်တီးနိုင်မှုစွမ်းအားကို   ပိုမိုသိရှိ နားလည်နိုင်မည်ဖြစ်ပါကြောင်း။

ထို့ကြောင့် ပုဂံခေတ် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတို့သည် ပျူ ယဉ်ကျေးမှုနှင့်   ပျူလူမျိုးများက  ပါဝင်၍ မျိုးစေ့ချခဲ့သည်ကို သမိုင်း ဆိုင်ရာ    ရှေးဟောင်းသုတေသန  အထောက်အထားများက  ထောက်ခံ  ညွှန်ပြလျက်ရှိပါကြောင်းဖြင့် ဖြေကြား သည်။

ထို့နောက် ဒဂုံမြို့သစ် (မြောက် ပိုင်း)မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးက ''ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ တော်၏ ဓနအင်အားဖွံ့ဖြိုးရေးတွင် အရေးပါလှသော   နိုင်ငံခြားအဖွဲ့ အစည်း၊    ကုမ္ပဏီများနှင့်ပူးတွဲ၍ စွမ်းအင်ဝန်ကြီးဌာန၊    လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊   သတ္တုတွင်း ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီး ဌာန စသည်တို့တွင် ထုတ်ယူသုံးစွဲမှု၊ ရောင်းချမှုနှင့်   လုပ်ငန်းဆောင်ရွက်မှု လုပ်ဆောင်ရန် ထုတ်လုပ်မှုခွဲဝေရေး စာချုပ်စာတမ်းများ (Product Sharing Contract) ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်သည့်ကိစ္စရပ်များအတွက် နိုင်ငံတော်အဆင့်    ကြီးကြပ်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန်   နိုင်ငံ တော်အစိုးရအား တိုက်တွန်းကြောင်း'' အဆိုကို တင်သွင်းသည်။

အဆိုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု   ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊   သတ္တုတွင်း ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့မှ ချုပ်ဆိုသော  ထုတ်လုပ်မှု ခွဲဝေခံစားရေးစာချုပ်များသည် လုပ် ငန်းသဘာဝအရ   တစ်ခုနှင့်တစ်ခု တူညီမှုမရှိပါကြောင်း၊  ဝန်ကြီးဌာန တစ်ခုတည်း၌ပင်  လုပ်ငန်းသဘော သဘာဝအရ    ချုပ်ဆိုသည့်စာချုပ် တစ်ခုနှင့်တစ်ခု ကွဲပြားမှုရှိပါကြောင်း။

စီးပွားရေး စာချုပ်စာတမ်းများ နှင့်ပတ်သက်၍    အငြင်းပွားမှု ပေါ်ပေါက်ပါက  နိုင်ငံတကာတွင် အငြင်းပွားမှုဖြေရှင်းရာ၌ အမှုတစ်ခု ချင်းစီအလိုက်     အနုညာတစီရင် ဆုံးဖြတ်ခြင်းဆိုင်ရာ  နည်းလမ်းများ ကျင့်သုံးပြီး ဆုံးဖြတ်လေ့ရှိပါကြောင်း၊ အနုညာတ    စီရင်ဆုံးဖြတ်ခြင်းများ     ကို  နယူးယောက်ကွန်ဗင်းရှင်းအရ အကောင်အထည်ဖော်ဆောင်ရွက် ရပါကြောင်း၊ ယင်းကွန်ဗင်းရှင်းသည် မြန်မာနိုင်ငံတွင် အာဏာအသက်ဝင် ပြီးဖြစ်သဖြင့်     အဆိုပါကွန်ဗင်းရှင်း ကို     ပြည်တွင်းဥပဒေပြဋ္ဌာန်း၍ အကောင်အထည်ဖော်ဆောင်ရွက် ရန်အတွက်     ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးက    ဥပဒေရေးဆွဲ လျက်ရှိပါကြောင်း။

စာချုပ်စာတမ်းများနှင့်   ပတ် သက်၍ အငြင်းပွားဖွယ်ရာများပေါ်ပေါက်သည့်ကိစ္စရပ်များအတွက် နိုင်ငံ တော်အဆင့် ကြီးကြပ်သည့်ကော်မတီ တစ်ရပ်ဖွဲ့စည်းရန်   ဥပဒေကြောင်း အရ မလွယ်ကူပါကြောင်း၊  စာချုပ်ပါ အချက်များကို ကြီးကြပ်ရာတွင် သက် ဆိုင်ရာစာချုပ်ကို  ချုပ်ဆိုသောအဖွဲ့ အစည်းကသာ ကြီးကြပ်ရန်လိုအပ် ပါကြောင်း၊   လုပ်ငန်းဌာနအဆင့် ချုပ်ဆိုမှုများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကသာ  တာဝန်ယူသင့် ပါကြောင်း၊    ကော်မတီတစ်ရပ် ဖွဲ့စည်းပါက   ဈေးကွက်စီးပွားရေး စနစ်နှင့် ကိုက်ညီမှုမရှိဘဲ ဗဟိုကချုပ် ကိုင်သည့် သဘောသက်ရောက်မည် ဖြစ်ပါကြောင်း။

နိုင်ငံတော်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုခိုင်မာလာသည့် အချိန်ကျ မှသာ အငြင်းပွားမှုဖြေရှင်းရေးစင်တာ များထူထောင်၍ အငြင်းပွားမှုများ ကိုကိစ္စရပ်တစ်ခုချင်းအလိုက် ဖြေရှင်း ခြင်းအား စဉ်းစားသင့်ပါကြောင်းဖြင့် ရှင်းလင်းဆွေးနွေးသည်။

ယင်းအဆိုကို   လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ    ထောက်ခံ ဆန္ဒမဲများသည့်အတွက်  အဆိုကို အတည်ပြုကြောင်း     ဆုံးဖြတ်ခဲ့ သည်။  
(သတင်းစဉ်)

ပြည်သူ့လွှတ်တော်အစည်းအဝေး

No comments:

Post a Comment