ပြည်ထောင်စုလွှတ်တော် အစည်းအဝေး
နေပြည်တော် ဇန်နဝါရီ ၂၇
နေပြည်တော် ဇန်နဝါရီ ၂၇
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး
ဆဋ္ဌမနေ့ကို ယနေ့ မွန်းလွဲပိုင်းတွင် အစီအစဉ်(၆)ခုဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ၂ဝ၁၅ ခုနှစ် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းများတွင် ပါဝင် သော စီမံကိန်းလုပ်ငန်းများ၊ ဘဏ္ဍာ ငွေ အရအသုံးဆိုင်ရာများနှင့် စပ် လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ပြည် ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ က လွှတ်တော်သို့ ဆက်လက် ရှင်း လင်းတင်ပြကြသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်မြတ်ဦးက ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် သားငါးထွက်ပစ္စည်း နှင့် သားငါးထွက်ပစ္စည်း မွမ်းမံထုတ် လုပ်မှုတန်ဖိုး ရည်မှန်းချက်ပြည့်မီ ရေး ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ် များ၊ နိုင်ငံတကာအကူအညီဖြင့် ကျေးလက်လမ်းတံတားများ၊ ရပ်ရွာ အခြေခံအဆောက်အအုံများ၊ သန့် ရှင်းသော သောက်သုံးရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ ရေပေးဝေရေး၊ ကျေးလက်မီးလင်းရေး၊ ရေရှည် တည်တံ့သော အစားထိုးအသက်မွေး ဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များနှင့် အသုံးစရိတ်လျာထားမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ဝန်ကြီးဌာန၏ ရငွေစာရင်း၊ အသုံး စရိတ်စာရင်း၊ ကြွေးမြီစာရင်း အခြေ အနေများနှင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ ရေးနှစ်အတွင်း တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးကဏ္ဍ၏ တယ်လီဖုန်း သိပ်သည်းဆ (၇၅)ရာခိုင်နှုန်းမှ (၈ဝ)ရာခိုင်နှုန်းအထိ တိုးတက်မြင့် မားလာစေရန် ရည်မှန်းဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ဆက် သွယ်ရေးကဏ္ဍ၏ ဂျီဒီပီတန်ဖိုး တိုးတက်လာမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အသုံး စရိတ်နှင့်ပတ်သက်၍ အရင်းအမြစ် များအကျိုးရှိစွာ ခွဲဝေသုံးချဆောင်ရွက် နိုင်ရေးနှင့် အခွန်ကောက်ခံရာတွင် စနစ်တကျ ကောက်ခံနိုင်ရေးအတွက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ ခေတ်ကာလနှင့် လျော်ညီခြင်းမရှိ သည့် ဘဏ္ဍာရေးစည်းမျဉ်းများကို သုံးသပ်ပြင်ဆင်မည့် လုပ်ငန်းစဉ်များ၊ မြန်မာ့စီးပွားရေးဘဏ် ဘဏ်လုပ်ငန်း စနစ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်မည့်လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ အရ အသုံး ခန့်မှန်းခြေငွေစာရင်း အခြေ အနေများ၊ အခွန်အကောက်ရငွေ အခြေအနေများ၊ အသုံးစရိတ်လျာ ထားမှု အခြေအနေများ၊ ပြည်ပချေး ငွေနှင့် အတိုးပေးရမည့် အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က ဝန်ကြီးဌာန ၏ သာမန်ရငွေ၊ သာမန်အသုံးစရိတ် နှင့် ငွေလုံးငွေရင်းအသုံးစရိတ် အခြေ အနေ၊ သာမန်အသုံးစရိတ်တွင် ပါဝင် သည့် လစာနှင့်စရိတ်၊ ခရီးသွားလာ စရိတ်၊ လုပ်အားဆောင်ရွက်မှုကုန်ကျ စရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ်၊ လွှဲ ပြောင်းသုံးစွဲငွေ၊ ဧည့်ခံကျွေးမွေး စရိတ်နှင့် ထောက်ပံ့ငွေအသုံးစရိတ် တို့အတွက် လျာထားတောင်းခံထားမှု အခြေအနေ၊ ငွေလုံးငွေရင်း အသုံး စရိတ်တွင်ပါဝင်သည့် ဆောက်လုပ် ရေးနှင့် စက်ပစ္စည်းများအတွက် လျာ ထားတောင်းခံထားမှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။
ယနေ့အစည်းအဝေးကို ညနေ ပိုင်းတွင် ရပ်နားလိုက်ပြီး အစည်း အဝေး သတ္တမနေ့ကို ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment