အမျိုးသားလွှတ်တော် အစည်းအဝေး
နေပြည်တော် ဇန်နဝါရီ ၂၇
နေပြည်တော် ဇန်နဝါရီ ၂၇
ပထမအကြိမ် အမျိုးသား လွှတ် တော် (၁၂)ကြိမ်မြာက် ပုံမှန်အစည်း အဝေး
သတ္တမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌
ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဥာဏ စိုး၏
''နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ မီးဖွားခွင့်ခံစားခြင်းကို ကလေးမိခင်
ဖခင်များ ထိရောက်စွာ ခံစားနိုင်စေရန် တိကျသည့် အမိန့်၊ ညွှန်ကြားချက်များ
ထုတ်ပြန်ပေးရန် အစီအစဉ်ရှိ၊ မရှိ'' မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု
ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများတွင်
မီးဖွားခွင့်နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထား ရှိသော နည်းဥပဒေ ၁ဝ၁ နှင့် နည်း
ဥပဒေ ၁ဝ၂ ပါ စကားရပ်များသည် နှီးနွှယ်သက်ဆိုင်သည့် ကျန်းမာရေး ဝန်ကြီးဌာန၊
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အမျိုး
သမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး
အသင်းတို့နှင့် ညှိနှိုင်းဆွေးနွေးရရှိ ချက်များအပေါ်မူတည်၍ သတ်မှတ်
ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ရာ တိကျလုံလောက် မှုရှိပြီး ဒွိဟဖြစ်စရာမရှိသည်ကို
တွေ့ရှိရပါကြောင်း။
ထို့အပြင် နိုင်ငံ့ဝန်ထမ်း နည်း ဥပဒေများ၊ နည်းဥပဒေ ၁ဝ၁၊ နည်း ဥပဒေခွဲ(ဇ)တွင် ''မီးဖွားသူဝန်ထမ်း အမျိုးသမီး၏ခင်ပွန်း''ဟူ၍ တိကျစွာ ဖော်ပြသုံးနှုန်းထားရှိရာ ဝန်ထမ်း မဟုတ်သော အမျိုးသမီးများ မီးဖွား ခြင်းနှင့် အကျုံးမဝင်သည့်အပြင် ဝန်ထမ်းဖြစ်သည့် ခင်ပွန်းသည်အား ကလေးပြုစုစောင့်ရှောက်ခွင့် ရက် သတ္တပတ် (၂)ပတ် ခံစားခွင့်ပြုရမည် ဆိုပါကလည်း နိုင်ငံ့ဝန်ထမ်း နည်း ဥပဒေများနှင့် ညီညွတ်မှုရှိမည် မဟုတ်ပါကြောင်း၊ သို့ရာတွင် ဝန်ထမ်းမဟုတ်သော ဇနီးဖြစ်သူ မီးဖွားသဖြင့် ပြုစုစောင့်ရှောက်ရန် အမျိုးသားဝန်ထမ်းသည် ခွင့်ခံစား လိုပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၁၄ ပါ ခွင့်အမျိုးအစား (၁ဝ)မျိုး အနက် ဆီလျော်သည့် ခွင့်တစ်မျိုး မျိုးကို ခံစားနိုင်သည့် အခွင့်အလမ်း ရှိပါကြောင်း။
နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁ဝ၁ ပါ ပြဋ္ဌာန်းချက်နှင့် အညီ မီးဖွားခွင့်ကို ခံစားနေစဉ် ကာလအတွင်း မွေးကင်းစကလေးငယ် သေဆုံးခဲ့ပါက မိခင်ဖြစ်သူဝန်ထမ်း အား သတ်မှတ်ထားသော (၆)လ အနက်မှ ကျန်ရှိနေသည့် ခွင့်ကာလ ကို ဆက်လက်ခံစားခွင့် ပြုနိုင်ပါ ကြောင်း၊ သို့ရာတွင် နည်းဥပဒေ ၁ဝ၁၊ နည်းဥပဒေ(ဇ)အရ မွေးကင်းစ ကလေးအား ပြုစုစောင့်ရှောက်နိုင် ရန် ရည်ရွယ်၍ ဖခင်ဖြစ်သူအား ခံစားခွင့်ပြုထားသည့် ကလေးပြုစု စောင့်ရှောက်ခွင့် ရက်သတ္တပတ်(၂)ပတ်ကိုမူ ခွင့်ပြုကာလထက် ကျော် လွန်၍ ခံစားခွင့်ပြုရန် အမိန့်၊ ညွှန် ကြားချက်များ ထုတ်ပြန်ပေးရန် အစီ အစဉ်မရှိပါကြောင်းဖြင့် ဖြေကြား သည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၁)မှ ဦးစိုးသက်၏ ''ငြိမ်းချမ်းရေး ဖော်ဆောင်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းနှင့် ယင်းအဖွဲ့အစည်းတို့ နှင့် ဆက်စပ်နေသော တိုင်းရင်းသား များက ၄င်းတို့နယ်မြေအတွင်း နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင်လည်းကောင်း၊ စီးပွား ရေးလုပ်ငန်းများ ဖော်ဆောင်ရန် အတွက် လာရောက်ကြသော လုပ်ငန်းရှင်များ၊ ကုမ္ပဏီများကို တားဆီးခြင်းအပေါ် မည်သို့ညှိနှိုင်း ပေးမည်ကို သိရှိလိုခြင်း'' မေးခွန်း နှင့် စပ်လျဉ်း၍ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်းက နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်း (၁၆)ဖွဲ့အနက် (၁၄)ဖွဲ့နှင့် အပစ် အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားပြီး လက်မှတ် ရေးထိုးရန် ကျန်ရှိသည့် နှစ်ဖွဲ့အနက်မှ KIO အဖွဲ့နှင့် ပဋိပက္ခများလျှော့ချရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ပါကြောင်း၊ ယခုအချိန် အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် သဘောတူညီမှု (၃၈)ခုကို လက်မှတ်ရေးထိုးထားပြီးဖြစ်ပါကြောင်း၊ လက်ရှိသဘောတူညီချက် များအရ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များနှင့် ဆက်စပ်လျက် ရှိသော ဒေသများ၌ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင် မည်ဆိုပါက ထိုဒေသရှိ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားသည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင် ၍ လုပ်ဆောင်သွားရန် သဘောတူညီ ထားပါကြောင်း။
ယခုလက်ရှိ အခြေအနေတွင် သဘောတူညီမှုရရှိရန် ဆောင်ရွက် နေသည့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူညီချက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ် နယ်မြေများ၌ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ရန် အတွက် အစိုးရနှင့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ ညှိနှိုင်းဆောင်ရွက်မှု များကို ပြုလုပ်သွားရန်နှင့် ပတ်သက် သည့် အချက်များပါရှိပါကြောင်း၊ ထိုသဘောတူညီချက် လက်မှတ် ရေးထိုးပြီးချိန်တွင် ဖွံ့ဖြိုးရေးနှင့် စီးပွားရေး လုပ်ငန်းများအတွက် ညှိနှိုင်းဆောင်ရွက်မှုများကို ပို၍ ထိရောက်စွာ လုပ်ဆောင်သွားနိုင် မည်ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ ပြည်နယ် အဆင့်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများကြားတွင် ငြိမ်းချမ်းရေးကို နောက်ကြောင်း ပြန်သွားစေနိုင်မည့် မည်သည့်အပြုအမူကိုမဆို နှစ်ဖက် စလုံးက လုပ်ဆောင်ခြင်းမပြုကြ ရန် သဘောတူညီပြီးဖြစ်ပါကြောင်း၊ မတော်တဆချိုးဖောက်မှုများရှိလာ သည့်အခါ နှစ်ဖက်ပူးပေါင်းညှိနှိုင်း ပြီး နှစ်ဖက်လိုက်နာရမည့် အခြေခံ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဖြေ ရှင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် နောက် ကြောင်းပြန်သွားစေမည့် အပြုအမူ အသုံးအနှုန်းများနှင့် လက်မှတ်ရေးထိုး သူတိုင်း တိကျစွာ လိုက်နာရမည့် အခြေခံကျင့်ဝတ်စည်းကမ်းများကို ပြီးပြည့်စုံစွာ ထည့်သွင်းသွားရန် ညှိနှိုင်းထားပြီး ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်ဇော၏ ''ရထား လမ်းသစ်စီမံကိန်းများတွင် Standard Guage စနစ်ဖြင့် စတင်ပြင်ဆင် ဖောက်လုပ်သွားရန် အစီအစဉ်ရှိ၊ မရှိ'' မေးခွန်းနှင့် စပ်လျဉ်း၍ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းက အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) ၏ စီမံ ကိန်းတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ဆက်သွယ် မည့် အာရှရထားလမ်းမကြီးစီမံကိန်း နှင့် စင်ကာပူ-ကူမင်း ရထားလမ်း စီမံ ကိန်းတို့၏ ရထားကွန်ရက်သည် မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ် ရန် ရေရှည်လုပ်ငန်းစဉ်အဖြစ် ရေးဆွဲ ထားရှိပါကြောင်း၊ ထိုသို့ ရထားလမ်း ဖောက်လုပ်ပါကStandard Gauge အဖြစ် ဖောက်လုပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် Meter Gauge နှင့် Standard Gauge E နှစ်မျိုးအသုံးပြုနိုင်သည့် Dual Gauge ကွန်ကရစ်ဇလီဖား များကို စမ်းသပ်ထုတ်လုပ်ခဲ့ရာ အောင် မြင်မှုများ ရရှိနေပြီဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မြန်မာ့မီးရထား အနေဖြင့် Standard Gauge ဖောက် လုပ်ရေးအတွက် နောင်အနာဂတ် တွင် ပေါ်ပေါက်လာမည့် နည်းပညာ များနှင့်အညီ နှစ်ရှည်အစီအစဉ်ဖြင့် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ် ပါကြောင်းဖြင့် ဖြေကြားခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment