Wednesday, January 28, 2015

နှစ် (၃ဝဝ)သက်တမ်းရှိ တယောပြန်တွေ့ရှိမှုကြောင့် အက်ဖ်ဘီအိုင်ကိုဂုဏ်ပြု


 



မီလ်ဝေါ်ကီး (ဝက်စ်ကွန်ဆင်ပြည်နယ်) ဇန်နဝါရီ ၂၇

၂ဝ၁၄ ခုနှစ်က ခိုးယူခံခဲ့ရသည့် နှစ် (၃ဝဝ)သက်တမ်းရှိ ပြီး အမေရိကန်ဒေါ်လာ ၅ သန်းတန်ဖိုးရှိ တယောတစ်လက် ပြန်လည်တွေ့ရှိမှုကြောင့် ပိုင်ရှင်ဖြစ်သူ တယောပညာရှင် တစ်ဦးက အက်ဖ်ဘီအိုင်မှ ဝန်ထမ်းများအား အထူးဖျော်ဖြေမှုတစ်ရပ်ဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သည့်နှစ် ဇန်နဝါရီလက တယောသူခိုးကို ရက်သတ္တတစ်ပတ်အကြာတွင် ဖမ်းမိခဲ့သည့်အတွက် မီလ်ဝေါ်ကီးသံစုံတီးဝိုင်းခေါင်းဆောင် ဖရန့်ခ်အယ်လ်မွန်သည် ပြီးခဲ့သည့်လက မီလ်ဝေါ်ကီးမြို့တော်ရှိ အက်ဖ်ဘီ အိုင်ဌာနချုပ်တွင် အက်ဖ်ဘီအိုင် ဝန်ထမ်းများအတွက် ဂီတဖျော်ဖြေပွဲတစ်ရပ် ကျင်းပခဲ့သည်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ညက အယ်လ်မွန်မှာ သူ့ကားရှိရာ လမ်းလျှောက်လာစဉ် လေဆာလျှပ်စစ်သေနတ်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သူခိုးတစ်ဦးက သူ၏တယောကို ခိုးယူသွားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အက်ဖ်ဘီအိုင်သည် မီလ်ဝေါ်ကီးမြို့တော်တွင် အဆိုပါတယောနှင့်တယော ဘိုးတံများအား မပျက်မစီးဘဲ ပြန်လည်တွေ့ရှိခဲ့သည်။

အဆိုပါလုယက်မှုနှင့်ပတ်သက်၍ ဆံပင်ညှပ်သမား တစ်ဦးက ၂ဝ၁၄ ခုနှစ် မေလတွင် အပြစ်ရှိကြောင်း ထွက်ဆိုခဲ့ပြီး ၎င်းအား ထောင်ဒဏ်သုံးနှစ်ခွဲ ချမှတ်ခဲ့သည်။ အခြား မီလ်ဝေါ်ကီးမြို့သားတစ်ဦးဖြစ်သူ ဆယ်လ်လာက ခိုးယူမှုတွင် အပြစ်ရှိကြောင်း ထွက်ဆိုပြီးနောက် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့သည်။

တယ်လီဂရပ်။

No comments:

Post a Comment