Wednesday, January 28, 2015

သီရိလင်္ကာ၌ ဆရာများနှင့် ကျောင်းသားများ စစ်ပညာသင်ယူရမှု အဆုံးသတ်




 


ကိုလံဘို ဇန်နဝါရီ ၂၇

 သီရိလင်္ကာနိုင်ငံ၌ ကျောင်းဆရာ ဆရာမများနှင့် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ မသင်မနေရ စစ်ပညာသင်ခန်းစာ သင်တန်းကို အစိုးရအဖွဲ့သစ်က ဖျက်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက ဇန်နဝါရီ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ယခင်သမ္မတ မဟိန္ဒရာ ရာဇာပက်ဆေး လက်ထက်က ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများ ရက်သတ္တသုံးပတ်ကြာ စစ်ပညာသင်ခန်းစာကို မသင်မနေရ သင်ယူခဲ့ကြရသည်။ ယင်းကဲ့သို့ စစ်ပညာ သင်ခန်းစာသင်ယူရခြင်းနှင့် ပတ်သက်၍ ကျောင်းသား သမဂ္ဂများနှင့် ဆရာသမဂ္ဂများက နှစ်သက်မှု မရှိခဲ့ကြပေ။

သန္နိဋ္ဌာန် ချမှတ်

ဇန်နဝါရီ ၈ ရက် သမ္မတရွေးကောက်ပွဲတွင် မေသရီ ပါလာ သီရိသေနာ အောင်ပွဲခံခဲ့ပြီးနောက် သီရိလင်္ကာ လူ့အဖွဲ့အစည်းအတွင်း တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချရန်သန္နိဋ္ဌာန် ချမှတ်ခဲ့သည်။

ပညာရေးကဏ္ဍတွင် စစ်ပညာသင်ယူရမှုရှိတော့မည် မဟုတ်ကြောင်း ပညာရေးဝန်ကြီး အာကီလာကာရီယာ ဝါဆမ်က ပြောကြားသည်။

ပီတီအိုင်။

No comments:

Post a Comment