ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းနှင့်
ပြည်လမ်းထောင့်တွင်တည်ရှိသော ရန်ကုန် တက္ကသိုလ်သည် မြန်မာနိုင်ငံတွင်သာမက
နိုင်ငံတကာ ကပင် လူသိများလှပါသည်။ ရန်ကုန်တက္ကသိုလ်သည် ပြောင်းလဲလာသော
ခေတ်ကာလနှင့်အညီ နိုင်ငံတကာ အဆင့်မီတက္ကသိုလ်တစ်ခု ဖြစ်လာရေးအတွက်
ရုပ်ပိုင်း ဆိုင်ရာအသွင်အပြင်၊ သင်ကြားရေးဆိုင်ရာပြောင်းလဲမှု၊
သုတေသနဆိုင်ရာ အဆင့်မြှင့်တင်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု
စသည့် ဘက်ပေါင်းစုံမှ တိုးတက်လာ အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် တက္ကသိုလ်သည် ပြည်သူများအတွက် ပညာရှာ မှီးသည့်နေရာသာမက ဘာသာရပ်ဌာန
အသီးသီး၏ သုတေသနလုပ်ငန်းများသည်လည်း ပြည်သူနှင့် နိုင်ငံတော် အတွက်
ဖြစ်ရမည်ဟူသောဆောင်ပုဒ်နှင့်အညီ ဆောင်ရွက် နေခြင်းဖြစ်ရာ
ရန်ကုန်တက္ကသိုလ်နှင့်ပတ်သက်၍ ပညာ ရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန
(အောက် မြန်မာပြည်)ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ပြောကြား ချက်များကို
ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး။ ။ အစိုးရသစ်လက်ထက် ရန်ကုန်တက္ကသိုလ်
ပြန်လည်ပြင်ဆင်မှု အခြေအနေသိပါရစေ။
ပြန်လည်ပြင်ဆင်မှု အခြေအနေသိပါရစေ။
ဖြေ။ ။ ၂ဝ၁၁ ခုနှစ်နောက်ပိုင်းမှာ အဓိကကျတဲ့
ပြုပြင်ပြောင်းလဲမှုတွေအကြောင်းကို အဓိက ထားပြောပြပေးသွားပါ့မယ်။
ဘက်စုံပြုပြင်ပြောင်းလဲခဲ့တဲ့ နေရာမှာ အရည်အသွေးပိုင်းဆိုင်ရာနဲ့
ရုပ်ဝတ္ထုပစ္စည်း ပိုင်းဆိုင်ရာတွေ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေ ရဲ့
အရည်အသွေးတိုးတက်လာစေဖို့ သင်ကြားပေးတဲ့ ဆရာ ဆရာမတွေရဲ့
အရည်အသွေးတိုးတက်လာအောင် ဆောင်ရွက်ပေးတယ်။ သင်ကြားရေးမှာ တိုက်ရိုက်
အထောက်အကူပြုတဲ့ သင်ထောက်ကူပစ္စည်းနဲ့ လက်တွေ့ ခန်းသုံးပစ္စည်းတွေ
တိုးတက်လာအောင် ဆောင်ရွက်ပေး ပါတယ်။ စာအုပ်စာတမ်းတွေလည်း ဖြည့်ဆည်းပေးတယ်။
ဒါက အရည်အသွေးပိုင်းဆိုင်ရာ ကိစ္စတွေဖြစ်ပါတယ်။
ရုပ်ပတ်ဝန်းကျင်ပိုင်းမှာ အဓိကရည်မှန်းချက် ထားတာကတော့ တက္ကသိုလ်ဟာ
တက္ကသိုလ်နဲ့တူတဲ့ ရုပ် ပတ်ဝန်းကျင်ကောင်းတွေနဲ့ ပြည့်စုံရမယ်ဆိုတဲ့
ရည်မှန်း ချက်တွေဖြစ်ပါတယ်။ အဲဒီမှာ စာသင်ခန်းတွေ၊ လက်တွေ့
သင်ကြားရေးအခန်းတွေ၊ စာကြည့်တိုက်တွေရှိရမယ်။ ကလေးတွေ လွတ်လွတ်လပ်လပ်နဲ့
ဆွေးနွေးနိုင်တဲ့ Seminar Room နဲ့ Conference Room တွေလည်း ရှိဖို့လိုတယ်။
နောက်ပြီး ကလေးတွေ နားနားနေနေ နေလို့ ရတဲ့ Recreation Centerလို့ဆိုတဲ့
အဆောက်အအုံတွေ လည်း ရှိရပါမယ်။ တခြား Activities တွေအားလုံးလုပ်လို့
ရတဲ့ဟာတွေအားလုံးကို ရအောင်ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ အဓိက
အခြေခံလိုတာကတော့ စာသင် ဆောင်နဲ့ စာသင်ခန်းတွေ၊ ကျောင်းသူ ကျောင်းသားတွေရဲ့
အဆောင်တွေ၊ ဆရာ ဆရာမတွေရဲ့ ဝန်ထမ်းအိမ်ရာတွေ ရှိရေးဆိုတဲ့ အချက်တွေပဲ
ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ရုပ်ပိုင်းဆိုင်ရာ ပြုပြင်မှု
အားလုံးကိုဆောင်ရွက်တဲ့အခါ တက္ကသိုလ်ဆိုတာဟာ ပြင်ပက
သာမန်ရပ်ကွက်တစ်ခုနဲ့မတူဘဲနဲ့ တက္ကသိုလ်ထဲကို ဝင်လိုက်တာနဲ့
တက္ကသိုလ်ရဲ့အရှိန်အဝါအရ ဝင်လိုက်တဲ့ ကျောင်းသားဟာလည်း မိမိကိုယ်မိမိ
ဂုဏ်ယူသွားမယ်၊ မိမိရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသွားချင်တဲ့ စိတ်ပေါက်လာ
အောင်ကို ဖန်တီးထားပေးရတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ၂ဝ၁၁
ခုနှစ်ကတည်းက သိသိ သာသာကို ပြောင်းလဲသွားအောင် ပြင်လိုက်တယ်။
တက္ကသိုလ်ကြီးကို ဝင်လိုက်တာနဲ့ ရန်ကုန်တက္ကသိုလ်ဆိုတဲ့ အထိမ်းအမှတ်ကတော့
အဓိပတိလမ်းပဲလေ၊ အဲဒီတော့ အဓိပတိလမ်းတစ်လျှောက် ဖြောင့်ဖြောင့်ဖြူးဖြူး
သန့်သန့် ရှင်းရှင်းဖြစ်သွားတယ်။ လမ်းဘေးတစ်ဖက်တစ်ချက်မှာ
သပ်ရပ်တဲ့ပလက်ဖောင်းရှိတယ်၊ စိမ်းလန်းနေတဲ့မြက်ခင်း တွေ၊
ဘေးတစ်ဖက်စီမှာလည်း ပါမောက္ခတွေနေတဲ့အိမ် တွေ သပ်သပ်ရပ်ရပ်ဖြစ်သွားတယ်။
အဲဒါနဲ့ တစ်ဆက် တည်းမှာ ကျောင်းသား ကျောင်းသူတွေ တကယ်ကို တန်ဖိုး ထားတဲ့
ဘွဲ့နှင်းသဘင်ကြီးကိုလည်း ပြင်ပေးတယ်။ အဲဒါ တွေကို မူလအသွင်မပျက်ဘဲနဲ့
ပိုပြီးသန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်တာဖြစ်ပါတယ်။
အဲဒီမှာလည်း တစ်ခုပြောစရာရှိတယ်။ ၂ဝ၁၁ ခုနှစ်က
ဒီလိုပြုပြင်လိုက်တဲ့အချိန်မှာ ပြင်ပြီးခါစမှာပဲ အမေရိကန်သမ္မတ
အိုဘားမားလာတယ်။ အဲဒီတော့ အပြင်ကလူတွေအားလုံးဟာ အိုဘားမားလာမယ်ဆိုလို့
ပြင်တယ်လို့ယူဆပြီး ပြောနေကြတာဖြစ်တယ်။ တကယ် တမ်းကျတော့ ကျွန်တော်တို့က
ပညာရည်မြှင့်တင်ရေး အစီအစဉ်အရ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအနေနဲ့
လုပ်တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ တိုက်ဆိုင်ပြီး နိုင်ငံ တကာအဆင့်မှာကိုပဲ
ထည်ထည်ဝါဝါအဆင့်မီမီ သပ်သပ် ရပ်ရပ်နဲ့ ပြုပြင်ပြောင်းလဲတဲ့ အဆင့်အထိ
ရောက်သွား တာဖြစ်ပါတယ်။
ဒါဟာ နိုင်ငံတော်ရဲ့ အစီအစဉ်အရ တိုးတက်
အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်။ အခြားနိုင်ငံတကာ ဧည့်သည်လာမှာမို့
အထူးအလေးပေးပြင်ဆင်ထားတဲ့ အစီအစဉ်မဟုတ်ဘူးဆိုတာ ပြောပြခြင်းဖြစ်ပါတယ်။
မေး။ ။ နှစ်အလိုက် ဘတ်ဂျက်သုံးစွဲမှုကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ပိုပိုပြီး ခွင့်ပြုခဲ့
တာရှိပါတယ်။ ၂ဝ၁၁ ခုနှစ်လောက်မှာ ၂ ဒသမ ၈ ဘီလီယံ လောက်ပဲရှိခဲ့တာ။ နောက်တစ်နှစ်က နေစပြီး ၆ ဘီလီယံ ပတ်ဝန်းကျင်ရှိခဲ့တယ်။ နှစ်စဉ် သုံးနှစ် ဆက်တိုက်ရှိပြီ သုံးစွဲထားတာဖြစ်ပါတယ်။ အချုပ်အား ဖြင့်ဆိုရင် ၂ ဆ ၃ ဆလောက် သုံးစွဲ လာတာဖြစ်ပါတယ်
တာရှိပါတယ်။ ၂ဝ၁၁ ခုနှစ်လောက်မှာ ၂ ဒသမ ၈ ဘီလီယံ လောက်ပဲရှိခဲ့တာ။ နောက်တစ်နှစ်က နေစပြီး ၆ ဘီလီယံ ပတ်ဝန်းကျင်ရှိခဲ့တယ်။ နှစ်စဉ် သုံးနှစ် ဆက်တိုက်ရှိပြီ သုံးစွဲထားတာဖြစ်ပါတယ်။ အချုပ်အား ဖြင့်ဆိုရင် ၂ ဆ ၃ ဆလောက် သုံးစွဲ လာတာဖြစ်ပါတယ်
မေး။ ။ Centre of Excellence ဆောင်ရွက်နေမှုကို
ရှင်းပြပေးပါ။
ရှင်းပြပေးပါ။
ဖြေ။ ။ Centre of Excellence ဟာ နိုင်ငံတကာ
အဆင့်မီတဲ့ပညာရပ်ကို သင်ပေးနိုင်တဲ့ Centre အမျိုးအစားဖြစ်ရမယ်ဆိုတဲ့
အစီအစဉ်ပဲဖြစ် ပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှ Social Science ဘာသာရပ်အတွက်
Centre of Excellence ကို ဖွင့်ထား ပေးတာရှိပါတယ်။ ရန်ကုန်တက္ကသိုလ်
သိပ္ပံဆောင်ဘက် မှာ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်နဲ့တွဲပြီး ဖွင့်လှစ်ထားတာ
ရှိပါတယ်။ အဲဒီအစီအစဉ်ကနေပြီးတော့ ပထမဆုံး နိုင်ငံ တကာဆက်ဆံရေးဘာသာရပ် ဆရာ
ဆရာမတွေကို အရည်အချင်းစစ်ရွေးချယ်ပြီးတော့ တစ်နှစ်သင်တန်း ပေးနေတာရှိပါတယ်။
အဲဒီသင်တန်းကို နိုင်ငံတကာက ဆရာတွေ လာရောက်ပြီး ဆွေးနွေးပို့ချပေးတာဖြစ်ပါ
တယ်။ ဒါ့အပြင် ရှေးဟောင်းသုတေသနပညာရပ်နဲ့ ဆိုင်တဲ့ အပိုင်း၊
မနုဿဗေဒပညာရပ်နဲ့ဆိုင်တဲ့အပိုင်း၊ ဥပဒေပညာ ရပ်နဲ့
ဆိုင်တဲ့အပိုင်းတွေမှာလည်း နိုင်ငံတကာတက္ကသိုလ် တွေနဲ့ တွဲပြီး subject
ဧရိယာအလိုက် centre of excellence တိုးချဲ့ပြီး ဖွင့်လှစ်နေပါတယ်။ အဲဒီ
centre တွေမှာ အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ internet access များ
discussion room တို့ကို ဖြည့်ဆည်းထား ပေးတယ်။ သင်ကြားရေးစနစ်မှာ
ဆရာနဲ့ကျောင်းသား အပြန်အလှန် သင်ကြားသင်ယူတဲ့စနစ်ကို ပြောင်းပါတယ်။ ဒါဟာ
တက္ကသိုလ်မှာ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက ပါတဲ့ အချက်တစ်ချက်ပါ။
စာသင်ခန်းအနေအထားကိုလည်း ပြောင်းလဲရပါမယ်။ ကျယ်ပြန့်တဲ့ အခန်းအဖြစ်
ပြောင်းလဲ ပြီး အဓိကကတော့ စိတ်ပါဝင်စားမှုအပြည့်အဝရရှိအောင်
ဖန်တီးပေးရပါမယ်။ အရည်အသွေးတက်အောင် ဆရာ ဆရာမတွေရဲ့ အရည်အသွေးကို
ဖြည့်ဆည်းပေးမယ်။ သင်ကြားပုံ သင်ယူနည်းကိုလည်း ပြောင်းလဲပေးမယ်။
သင်ကြားမှုကတစ်ဆင့် concept ကိုရရှိပြီး ပြန်အသုံးချတဲ့ဘက်ကို
သွားတာမျိုးဖြစ်လို့ ကျောင်းသား ကိုယ်တိုင်ကလဲ လေ့လာဖို့လိုအပ်လာပါတယ်။
အဲဒီ အတွက် အင်တာနက်တို့ စာကြည့်တိုက်တို့ လိုအပ်ပြီး တော့
ပြီးပြည့်စုံအောင်ဖန်တီးပေးရမယ်။ အဲဒါကလည်း ပြုပြင်ပြောင်းလဲမှု
တစ်ခုဖြစ်ပါတယ်။
စာကြည့်တိုက်တွေကို ပြုပြင်ပြောင်းလဲပေးတဲ့
နေရာမှာလည်း ဟိုအရင်ကလို စာအုပ်တွေကို ဘာသာရပ် အလိုက်ခွဲပေးတာမျိုးမဟုတ်ဘဲ
module အလိုက် သင် ကြားမယ့်ဘာသာရပ်အားလုံးရဲ့ စာအုပ်တွေအားလုံးကို
စာကြည့်တိုက်မှာရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
တက္ကသိုလ်ဟာ
လွတ်လပ်ပြီး တက်ကြွနေတဲ့ သင်ကြားသင်ယူမှုစနစ်နဲ့ ပြည့်စုံတဲ့
တက္ကသိုလ်ဖြစ်ဖို့ ဆိုတဲ့ ပန်းတိုင်ကိုထားပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။
တက္ကသိုလ်ထဲမှာလည်းပဲ ကျောင်းသား ကျောင်းသူတွေဟာ University Life
ပြန်ရနိုင်အောင် လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာ အပိုင်းတွေရော
အဓိကဖြည့်ဆည်းပေးသွားမယ်။
မေး။ ။ အဆောင်တွေ ပြုပြင်ဆောင်ရွက်မှုနဲ့ ပတ် သက်ပြီး ဘယ်လိုစီမံဆောင်ရွက်နေပါသလဲ။
ဖြေ။ ။ ရုပ်ပိုင်းဆိုင်ရာထဲမှာ ဘာတွေလိုလဲ ဆိုလို့ ရှိရင်
အဆောင်လိုအပ်ချက်ကလည်းပဲ အဓိက ဖြစ်တယ်။ အဆောင်ထားခြင်းအားဖြင့်
ကျောင်းသားတွေ ဟာ ပေါင်းသင်းဆက်ဆံမှုလည်းရလာမယ်။ မိမိကိုယ်ကို
နေတတ်ထိုင်တတ်တဲ့စနစ်လေးလည်း ရသွားမယ်။ Hostel Life ဆိုတဲ့အဆောင်နေစဉ်မှာ
ခင်မင်ရင်းနှီးတဲ့ အခြေ အနေလေးဟာ နောင်ပြန်ရနိုင်တဲ့
အနေအထားမျိုးမရှိဘူး။Hostel Life ထဲမှာ ခင်မင်ရင်းနှီးတဲ့ဟာတွေဟာ ဘဝ
တစ်လျှောက်လုံးအတွက် အဖော်ကောင်းဖြစ်ပါတယ်။ ဒီခေတ်ဒီအခါမှာလည်းပဲ
ဆောင်ရွက်တဲ့အခါမှာ အပေါင်း အသင်း ချိတ်ဆက်မှုဟာ အင်မတန်အရေးကြီးတယ်၊
ဒီအဆောင်ဟာ ဘဝတစ်လျှောက်လုံးအတွက် Networ- king ပေးတဲ့အတွက် အဆောင်တွေကို
ဖြည့်ဆည်းပေး နေပါတယ်။ အဲဒီတော့ တက္ကသိုလ်ရဲ့ အဆောင်တွေဖြစ်တဲ့ သီရိဆောင်၊
မာလာဆောင် ဒီအဆောင်တွေ အားလုံးကိုလဲ အခုအဆောင်သစ်ပြုပြင်ပြောင်းလဲပြီးတော့
ပြန်လည်ပြင် ဆင်နေပြီ။ အခုလာမယ့် ကျောင်းဖွင့်ပြီဆိုလို့ရှိရင်တော့ အဲဒါသည်
တက္ကသိုလ်အဆောင်အဖြစ် ပြန်မြင်ရတော့ မှာဖြစ်တယ်။ တစ်ယောက်အိပ်ခုတင်ရှိမယ်၊
စာဖတ်နိုင် ဖို့အတွက် စာရေးစားပွဲရှိမယ်၊ ထိုင်ခုံရှိမယ်၊ အလားတူပဲ
အေးအေးဆေးဆေး နားနားနေနေဖတ်ဖို့အတွက် easy chair ရှိမယ်ဆိုတဲ့
အနေအထားလေးကို ကျွန်တော်တို့က ဖန်တီးထားပေးတာပဲဖြစ်တယ်။ နောက်တစ်ခုကတော့
ကလေးတွေ သက်သောင့်သက်သာနေနိုင်ဖို့ ဆိုတာကတော့ ထမင်းစားတဲ့အခန်းနဲ့
သန့်စင်ခန်းကလည်း သန့်ရှင်း သပ်ရပ်ဖို့ အရေးကြီးတယ်။
ယခင်အဆောင်တွေနဲ့မတူဘဲနဲ့ သပ်သပ်ရပ်ရပ် ရှိတဲ့ အနံ့အသက်ကင်းစင်တဲ့
သန့်စင်ခန်းမျိုးဖြစ်အောင်ကို ဖန်တီးထားပေးတယ်။ ဒါဟာလည်း ဘာလဲဆိုလို့ရှိရင်
ဒီလို ဖန်တီးပေးခြင်းဟာ သပ်သပ်ရပ်ရပ်သုံးစေချင်တဲ့ဆန္ဒ တစ်ခုတည်းမဟုတ်ဘဲနဲ့
နောင်တစ်ချိန်မှာ ဒီလိုသပ်သပ် ရပ်ရပ်နေသွားတတ်အောင်၊
နိုင်ငံတကာကိုသွားမယ်ဆိုရင် အခုလိုပဲ တက္ကသိုလ်အဆောင်တွေမှာသွားတဲ့အခါ နေ
တတ်ထိုင်တတ်အောင်လို့ လေ့ကျင့်ပေးတဲ့သဘောလည်း ဖြစ်တယ်။ နောက်တစ်ခါ
ဒီလိုအဆင့်အတန်းမြင့်မြင့်ထား တာကို ထိန်းသိမ်းရမယ်ဆိုတဲ့ အလေ့အကျင့်ကောင်း
တစ်ခုကိုလည်း ရစေချင်တယ်။ အဲဒီတော့ အဆင့်မြင့်မြင့် နေစေချင်တာဖြစ်သလို
ဒီလိုထိန်းသိမ်းရမယ်ဆိုတဲ့ စိတ် ဓာတ်ကိုလည်း ဖြစ်စေချင်တာ။
အဲဒီလိုနေထိုင်နိုင်အောင် ဖန်တီးပေးထားတာ ကို တန်ဖိုးထားပြီးတော့
ထိန်းသိမ်းဖို့လိုတဲ့ စိတ်ဓာတ်ကို လည်းပဲ လေ့ကျင့်ပြုစုပျိုးထောင်ပေးတာ
ဖြစ်ပါတယ်။ လူငယ်တွေ ပြုမူပြောဆိုဆက်ဆံမှုဟာ လူကြီးလူကောင်းလို
ပြုမူပြောဆိုဆက်ဆံတဲ့ တွေးခေါ်တဲ့အပိုင်းကလည်း
အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ကိစ္စတစ်ခု တိုင်းမှာ သူများပြောလို့
လိုက်လုပ်တာမျိုးမဟုတ်ရဘူး။ သူငယ်ချင်းတွေလုပ်လို့
လိုက်လုပ်တာမျိုးမဟုတ်ဘဲနဲ့ တကယ်လုပ်သင့် လုပ်ထိုက်တာကိုပဲ လုပ်တယ်ဆိုတဲ့
အနေအထားမျိုး ဖြစ်လာဖို့ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ရော
စည်းကမ်းပိုင်းဆိုင်ရာမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ် ပါတယ်။
မေး။ ။ နိုင်ငံတကာအဖွဲ့အစည်းနဲ့ ပြည်ပ ပညာရှင် တွေက ကူညီဆောင်ရွက်မယ်ဆိုရင် ဘယ်လို ဆောင်ရွက်ဖို့ရှိပါသလဲ။
ဖြေ။ ။ အဲဒီတော့ ကျွန်တော်တို့ တက္ကသိုလ် အရည်အသွေးတိုးတက် ရေး၊
ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေး ဆောင်ရွက်တဲ့အခါမှာ ပါဝင်
ကူညီဆောင်ရွက်လိုတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ ပြည်တွင်းပြည်ပ မည်သူ့ကို
မဆို လက်ကမ်းကြိုဆိုဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့အထိလည်း တက္ကသိုလ်
ကျောင်းသားဟောင်းတွေ ပါဝင်ကူညီနေတာတွေ အများကြီးရှိပါတယ်။ ဒါပေ မယ့်
ဒီလိုဆောင်ရွက်တဲ့အခါမှာ ၂ဝ၁၁ ခုနှစ်ကနေစပြီး တက္ကသိုလ်ကို ရုပ်ပိုင်း
ဆိုင်ရာရော၊ အရည်အသွေးပိုင်းဆိုင်ရာရော တိုးတက်အောင် လုပ်ဆောင် တဲ့နေရာမှာ
စီမံကိန်းချမှတ်ဆောင်ရွက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ စီမံကိန်းထဲမှာ
ပါဝင်ပြီးတော့ ဆောင်ရွက်ဖို့ မည်သူ့ကိုမဆို ဖိတ်ခေါ်ဆောင်
ရွက်လျက်ရှိနေပါတယ်ဆိုတဲ့အကြောင်းကို သတင်းကောင်းပါးချင်ပါတယ်။
ပြည်တွင်းပြည်ပက မည်သူ့ကိုမဆို ပူးပေါင်းဆောင်ရွက်မှုကို လက်ခံ
တဲ့အကြောင်းနဲ့ ဒီလိုပါဝင်ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့Master Plan
နဲ့အညီ ပါဝင်ဆောင်ရွက်ကြဖို့လိုတဲ့အကြောင်း ပြောပြချင်ပါတယ်။
မေး။ ။ ရှေ့ဆက် ဆောင်ရွက်မယ့် အခြေအနေနဲ့ အခြားပြောကြား လိုတာများရှိရင် ပြောပြပေးစေလိုပါတယ်။
ဖြေ။ ။ ဖြည့်စွက် ပြောကြားလိုတာကတော့ ၂ဝ၁၁ ခုနှစ်ကနေစပြီး
ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေ ဆောင်ရွက်တယ်။ နိုင်ငံတော် အဆင့်အနေနဲ့
ကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးပေါ့။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း တွေထဲမှာ
ကျွန်တော်တို့ ပညာရေးအပိုင်းအနေနဲ့လည်း ပြုပြင်ပြောင်းလဲမှုတွေ
လုပ်ဆောင်တယ်။ အဓိကပြုပြင်ပြောင်းလဲခြင်းဟာ ဥပဒေနဲ့အညီ ပြုပြင်ပြောင်း
လဲခြင်းဖြစ်ဖို့ လိုအပ်ပါတယ်။ တည်ဆဲဥပဒေနဲ့အညီဖြစ်ဖို့အတွက် အမျိုးသား
ပညာရေးဥပဒေကိုလည်း ရေးဆွဲပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ လွှတ်တော်ကနေလည်း
အတည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။ အတည်ပြုပြီးဖြစ်တဲ့ အမျိုးသားပညာရေး ဥပဒေကနေ
ဆက်လက်ပြီးဆွဲရမယ့် ဥပဒေတွေကတော့ အဆင့်မြင့်ပညာ ဥပဒေ၊ အခြေခံပညာဥပဒေ၊
အသက်မွေးဝမ်းကျောင်းပညာဥပဒေ၊ ဆရာ အတတ်ပညာဥပဒေနဲ့ ပုဂ္ဂလိကဆိုင်ရာဥပဒေတွေကို
ဆက်ပြီးဆွဲရမှာ ဖြစ်ပါ တယ်။ ခုလောလောဆယ် အဆင့်မြင့်ပညာဥပဒေနဲ့
အခြေခံဥပဒေတွေကို ရေးဆွဲနေပါတယ်။ ရေးဆွဲတဲ့ဥပဒေတွေမှာ အဓိကကတော့
တက္ကသိုလ်တွေဟာ လွတ်လပ်စွာရပ်တည်ပြီး သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊
သုတေသနဆိုင် ရာကိစ္စရပ်၊ ဘဏ္ဍာငွေသုံးစွဲရေးဆိုင်ရာကိစ္စရပ်၊
စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စ ရပ်တွေကို မိမိတို့ကိုယ်တိုင်
စီမံခန့်ခွဲတဲ့စနစ်ကို သွားဖို့ပဲဖြစ်တယ်။
အဲဒီလိုသွားတဲ့အခါမှာ
မူဝါဒအားဖြင့် အမျိုးသားပညာရေးဥပဒေမှာ ခွင့်ပြုထားပြီးဖြစ်ပါတယ်။
ဘယ်ပုံစံနဲ့ သွားကြမယ်။ ဘယ်လိုသွားကြမယ် ဆိုတာကို အခုဆက်လက်ရေးဆွဲမယ့်
အခုအမျိုးသားပညာရေးနည်းဥပဒေနဲ့ အဆင့်မြင့်ပညာကဏ္ဍ ဥပဒေတွေမှာ မူတည်တယ်။
တက္ကသိုလ်တိုင်းမှာ တက္ကသိုလ်ပဋိညာဉ်ကိုလည်း ရေးဆွဲရမယ်။
အဲဒီတက္ကသိုလ်ပဋိညာဉ်မှာ ကိုယ့် တက္ကသိုလ်မှာ ဘယ်လိုအချက်တွေကို
ဆောင်ရွက်မယ်။ မဆောင်ရွက်ဘူးဆိုတဲ့ do and don’t ဆိုတာတွေကို
ပြဋ္ဌာန်းထားမှာဖြစ်တယ်။ တက္ကသိုလ် ကျောင်း သားတိုင်းဟာ
တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝခံစားနိုင်ဖို့ ရည်ရွယ် ပါတယ်။
တက္ကသိုလ်က မွေးထုတ်လိုက်တဲ့ ကလေးတိုင်းကို မိမိဘဝမှာ မိမိသင်ကြား
ခဲ့တာတွေနဲ့အညီ အလုပ်အကိုင် အခွင့်အလမ်းတွေရရှိဖို့ အဓိကဆောင် ရွက်နေပါတယ်။
သင်ကြားမယ့် သင်ရိုးညွှန်းတမ်းတွေကိုလည်း တက္ကသိုလ်က ပါမောက္ခတွေကနေ
လက်တွေ့စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်
ဆောက်ရေးလုပ်ငန်းအစရှိသဖြင့် လုပ်ငန်းရှင်တွေနဲ့တိုင်ပင်ပြီး ဆောင်ရွက်
တယ်။ လက်တွေ့လုပ်ငန်းခွင်မှာ လိုအပ်နေတဲ့ အရည်အသွေးနဲ့ မွေးထုတ်
ပေးလိုက်တဲ့ ကလေးတွေရဲ့ အရည်အချင်းနဲ့ ကိုက်ညီစေဖို့ပဲ ဖြစ်ပါတယ်။
လာရောက်ပြီး လေ့လာချင်ရင်လည်း ဖိတ်ခေါ်ပါတယ်။ အကြံဥာဏ်တွေ ပေးမယ်ဆိုရင်လည်း
ဖိတ်ခေါ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ အားလုံးကို ကြိုဆိုပါတယ်။
လှူဒါန်းမှုတွေကို ကြိုဆိုပါတယ်။ ရရှိလာတဲ့ လှူဒါန်းမှုတွေကို ထင်သာမြင်သာနဲ့
ပွင့်လင်းမြင်သာမှုရှိရှိနဲ့ သုံးမယ်ဆိုတာ အာမခံပြီး ဆောင် ရွက်ပါမယ်။
သုတေသနအပိုင်းမှာလည်း တက္ကသိုလ်ကပြုလုပ်တဲ့ သုတေသနတွေဟာ
တက္ကသိုလ်စာကြည့်တိုက်မှာ သိမ်းဆည်းထားပြီး ပြီးဆုံးသွားတာမျိုး မဟုတ်ဘဲ
လက်တွေ့နယ်ပယ်ထဲမှာ အသုံးချနိုင်အောင် ဆောင်ရွက်ပါမယ်။
စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း တက္ကသိုလ်မှာ လုပ်ဆောင်နေတဲ့
သုတေသနလုပ်ငန်း တွေကို သိရှိစေချင်တယ်။ အဲဒီလိုသိစေဖို့ သိပ္ပံပွဲခင်းကို
ဆောင်ရွက်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ကြီးဟာ
အရင်အခြေအနေတွေနဲ့မတူတော့ဘဲ ရုပ်ပိုင်း ဆိုင်ရာရော
အရည်အသွေးအပိုင်းတွေမှာပါ တိုးတက်လာအောင် စီမံကိန်းတွေ နဲ့ ဆောင်ရွက်နေတယ်။
နှစ်စဉ်ဘဏ္ဍာငွေတွေကို တိုးမြှင့်ပြီးလည်း ဆောင်ရွက် ပါတယ်။ အားလုံးကိုလည်း
ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ပြောကြားချင် ပါတယ်။
အဆောင်ဟောင်းတွေကို ပြင်ဆင်တဲ့အပြင် နိုင်ငံတက္ကသိုလ်တွေက လာ တဲ့အခါ
အဆင်ပြေအောင် ကျောင်းသူ ၄ဝဝ ဆံ့ အဆောင်တွေ၊ ကျောင်းသား ၄ဝဝ ဆံ့ အဆောင်တွေ
ဆောက်လုပ်နေတယ်ဆိုတာကိုလည်း သိစေချင်ပါ တယ်။ ဆရာ ဆရာမတွေ၊ ဝန်ထမ်းတွေရဲ့
အိမ်ရာစီမံကိန်းတွေကို စတင်ဆောက် လုပ်နေပါပြီ။ အခုအထိတော့
နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ဆောင်ရွက်နေပါတယ်။
တက္ကသိုလ်တွေမှာ
လေ့လာသင်ယူတဲ့အခါ ဘာသာရပ်တိုင်းအတွက် အင်္ဂလိပ်စာအသုံးပြုလေ့လာရတဲ့အတွက်၊
နိုင်ငံတကာကျောင်းတွေနဲ့ ဆက်သွယ်တဲ့အခါမှာလည်း အင်္ဂလိပ်လို
အသုံးပြုရတဲ့အတွက် တက္ကသိုလ် တွေမှာ ပြိုင်ပွဲတွေပြုလုပ်ပေးပြီး ဆရာ
ဆရာမတွေကိုလည်း အင်္ဂလိပ်စာ သင်တန်းတွေ ပေးနေပါတယ်။ ။ ဟန်နီဝင်း(သတင်းစဉ်)
ဓာတ်ပုံ-ကိုကိုလေး
ဓာတ်ပုံ-ကိုကိုလေး
No comments:
Post a Comment