Wednesday, November 5, 2014

ဆန်းဒါးလန်းပရီမီယာလိဂ်တွင် စတင်အနိုင်ရ


 


 ပရီမီယာလိဂ်လက်ကျန်ပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်နှင့် ဆန်းဒါးလန်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဆန်းဒါးလန်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် ဖလက်ချာက နှစ်ဂိုးသွင်းယူပေးခဲ့သဖြင့် ဆန်းဒါးလန်းတို့ တန်း ဆင်းဇုန်အတွင်းမှ လွတ်မြောက်လာခဲ့သည်။ ဖလက်ချာက ပွဲစပြီး ၁၃ မိနစ် အကြာ ခေါင်းတိုက်ဂိုးဖြင့် အဖွင့်ဂိုးသွင်းယူခဲ့သည်။ သို့သော်လည်း ခရစ္စတယ် ပဲလေ့စ်အတွက် ချေပဂိုးကို ဝက်ဘရောင်းက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိပြီး ရခဲ့သည်။ ဂျော်ဒီဂိုမက်ဇ်က ဧည့်အသင်းဆန်းဒါးလန်းအတွက် ဒုတိယဦးဆောင် ဂိုးပြန်သွင်းခဲ့သည်။ ယင်းပွဲတွင် ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင် မီလီဂျက်ဒီနက် နှစ်ဝါတစ်နီဖြင့် ထွက်ခဲ့ရသည်။ ဆန်းဒါးလန်းသည် ၂ဝ၁၂ ခုနှစ် ဧပြီလနောက်ပိုင်း ပထမဆုံးအနိုင်ရခဲ့ခြင်းဖြစ်သည်။


ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment