Wednesday, November 5, 2014

နိုင်ငံတိုင်းသည် မိမိရပ်တည်ချက်ဖြင့် လျှောက်လှမ်းပိုင်ခွင့်ရှိ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်အောင် ဆက်လက်လျှောက်လှမ်းမည်


 

နေပြည်တော် နိုဝင်ဘာ ၎


 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် ညနေ ၃နာရီတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Mikhail Myasniko အား ဝန်ကြီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံသည်။

 အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်တပ်မတော်အရာရှိကြီးများ၊ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ယုနှင့်စစ်သံမှူး ဗိုလ်မှူးချုပ် ရဲနိုင်မျိုး တို့တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဌာနဝန်ကြီး Lt.Gen. Yuri Zhadobin ၊ နိုင်ငံတော်ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကော်မတီဥက္ကဋ္ဌ Lt.Gen. Gurulev Sergey Petrovich၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms Elena Kupchina၊ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး Ms Elena Kupchina ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် ဒေါက်တာအောင်မိုးမြင့်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်က ယခုခရီးစဉ်ကိုအခြေခံပြီး နှစ်နိုင်ငံအကျိုးရှိစေမည့် ဖွံ့ဖြိုးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ၏ တိုးတက်အောင်မြင်မှုများကိုလည်း ဂုဏ်ယူပါကြောင်း၊ ကမ္ဘာ့နိုင်ငံများကလည်း မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားမှုရှိကြပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံအနေဖြင့်လည်း စစ်ဘက်နည်းပညာနှင့်သိပ္ပံနည်းပညာဆိုင်ရာများ၊ စီးပွားရေးကူးသန်းရောင်းဝယ်မှု၊ စွမ်းအင်ဆိုင်ရာများ၊ ဆေးပညာနှင့်ဆေးဝါးထုတ်လုပ်မှုကိစ္စရပ်များတွင်ပူးပေါင်း ဆောင်ရွက်နိုင်ပါကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်နေပါကြောင်း၊နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံးများ အပြန်အလှန်ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ သွင်းကုန်ထုတ်ကုန်များအား အပြန်အလှန်တင်ပို့ခြင်းနှင့်ရင်နှီးမြှုပ်နှံမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန်အဆင်ပြေမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုအခွင့် အလမ်းများပိုမိုရရှိအောင် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း၊ မိမိနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်မှစ၍ နိုင်ငံရေး၊စီးပွားရေးဘက်ပေါင်းစုံမှ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးများအား ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူတို့၏လိုလားချက်အရ ပါတီစုံဒီမို ကရေစီသို့သွားနေပါကြောင်း၊ မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ မဖြစ်မနေအောင်မြင် အောင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းသည် မိမိရပ်တည်ချက်ဖြင့် လျှောက်လှမ်းပိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်အောင် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊ စစ်ဘက်နည်းပညာနှင့်ပညာရေးဆိုင်ရာကိစ္စရပ်များ၊ဆေးဝါးနှင့်ဆေးပညာကိစ္စရပ်များ၊စွမ်းအင် ဆိုင်ရာများသည် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေနိုင်မှာ သေချာပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် အချိန်စောစွာဆောင်ရွက်ခြင်းသည် ပိုမိုအခွင့်အရေးရနိုင်သဖြင့် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား မနှောင့်နှေးဘဲ ဆောင်ရွက်မည်ဆိုပါက ပိုမိုကောင်းမွန်ပါကြောင်း၊ စစ်ဘက်နည်းပညာဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှုမှာလည်း နယ်ပယ်များစွာရှိပါကြောင်း၊ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့်ဆောင်ရွက်ရန်ကိစ္စများစွာရှိ၍ အရေးကြီးသည်မှာယုံကြည်မှုနှင့် ရိုးသားမှုပင်ဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်ဆက်ဆံရေးကောင်းမွန်ခိုင်မာမှုသည် နှစ်နိုင်ငံဆက်ဆံရေးကိုပိုမို လေးနက်စေ၍ တပ်မတော်ချင်းဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး လက်ငင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် စစ်ဘက်နှင့်အရပ်ဘက် ပညာသင်ကြားရေးကိစ္စရပ်များ၊ ဆေးဘက်ဆိုင်ရာနှင့်စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

 ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၅နာရီတွင် ယာဉ်ယန္တရားများထုတ်လုပ်သည့် Minsk Wheel Tractor Plant (MZKT) သို့ရောက်ရှိပြီးယာဉ်၊ ယန္တရားများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ စစ်တက္ကသိုလ်သို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး ကျောင်းခန်းမ၌ စစ်တက္ကသိုလ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြကြသည်။

ယင်းစစ်တက္ကသိုလ်သည် ဗိုလ်လောင်းသင်တန်းမှ Doctor of Science ဘွဲ့အထိ စစ်ဘက်၊ အရပ်ဘက်အဆင့်မြင့် နည်းပညာဆိုင်ရာ သင်တန်းများကို နယ်ပယ်စုံလင်စွာသင်ကြားပို့ချပေးလျက်ရှိပြီး ၁၉၆၃ ခုနှစ်မှစတင်၍ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ လက်ရှိအချိန်ထိ နိုင်ငံတကာမှ သင်တန်းသားပေါင်း ၅ဝဝဝ ကျော်အား သင်ကြားမွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။   (မြဝတီ)

No comments:

Post a Comment