Sunday, April 5, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုနှစ် သင်္ကြန်ကို ဖြတ်ကျော်ရန်နှင့် ပတ်သက်၍ ပြည်သူများထံ သတင်းစကားပါး




နေပြည်တော် ဧပြီ ၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာ၌ ယခုနှစ်သင်္ကြန်ကို ဖြတ်ကျော်ရန်နှင့်ပတ်သက်၍ ပြည်သူများထံ အောက်ပါအတိုင်း သတင်းစကားပါး ရေးသားထားသည် -

“ဒီနေ့ဟာ COVID ရောဂါ ရှိနေသူတစ်ဦးကို မြန်မာ ပြည်တွင်းမှာ ပထမဆုံးတွေ့ရှိပြီး (၁၄)ရက်မြောက်နေ့ ဖြစ်ပါတယ်။ နောက်(၂)ပတ်၊ (၃)ပတ်အတွင်းမှာ ရောဂါ ပျံ့ပွားနှုန်းဘယ်လောက် မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာပါ လိမ့်မယ်။ ဒီအချိန်မှာ ပြည်သူတွေအားလုံး အထူးသတိ ဝိရိယနဲ့ ရောဂါမပျံ့ပွားရေးအတွက် စည်းကမ်းညွှန်ကြားချက်တွေလိုက်နာဖို့ အရေးကြီးပါတယ်။

ကျွန်မတို့တွေ မတွေ့ရမကြုံရဖူးတဲ့ သင်္ကြန်မျိုးကို ဖြတ်ကျော်ရပါမယ်။ လူစုလူဝေး လုံးဝ ရှောင်ရမဲ့ သင်္ကြန်ပါ။

လူစုလူဝေးဆိုတာ ဘယ်နှစ်ယောက်လဲလို့ စဉ်းစားတာ တွေရှိမှာပါ။ လူနည်းလေ ကောင်းလေ၊ အလှမ်းဝေးလေ ကောင်းလေပါ။
ထိတွေ့မှုရှိသူတစ်ဦး ပိုလာတာနဲ့ အန္တရာယ်တစ်ခု ပိုလာပြီလို့ မှတ်ပါ။ သတိဆိုတာ လွန်ကဲတယ်လို့ မရှိပါဘူး။ ရေထွက်မကစားရတဲ့သင်္ကြန်၊ ခြိမ့်ခြိမ့်သဲအလှူတွေနဲ့ ရပ်ကွက် မပျော်ကြရတဲ့သင်္ကြန်ဆိုပြီး စိတ်မပျက်ကြပါနဲ့။

“အာရောဂျံ ပရမံလာဘံ” အနာကင်းခြင်း (ကျန်းမာ ခြင်း)သည် အကောင်းဆုံး လာဘ်လာဘဖြစ်၏ပါတဲ့။ ကိုယ့် အတွက်သာမက၊ အများအတွက် အကောင်းဆုံး လာဘ်လာဘကို ပေးကမ်းတဲ့ စေတနာအလှူကြီး ကျွန်မတို့ အားလုံး လုပ်နိုင်ပါတယ်။

ကိုယ့်ကိုကိုယ်ထိန်းခြင်းနဲ့ သမာဓိအားပွားနိုင်ပါတယ်။ ထူးကဲတဲ့ သင်္ကြန်ကြီးမှာ ထူးကဲတဲ့ကုသိုလ်တွေ ပြုနိုင်ပါ တယ်။ အိမ်မှာ ငြိမ်ငြိမ်လေးနေပြီး ပြုနိုင်ပါတယ်။

ပြည်သူပြည်သားအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းကြ ပါစေ။”

“အာရောဂျံ ပရမံလာဘံ” အနာကင်းခြင်း(ကျန်းမာခြင်း)သည် အကောင်းဆုံး လာဘ်လာဘ ဖြစ်၏ ပါတဲ့။ ကိုယ့်အတွက်သာမက၊ အများအတွက် အကောင်းဆုံး လာဘ်လာဘကို ပေးကမ်းတဲ့ စေတနာ အလှူကြီး ကျွန်မတို့အားလုံး လုပ်နိုင်ပါတယ်။



ကိုယ့်ကိုကိုယ်ထိန်းခြင်းနဲ့ သမာဓိအား ပွားနိုင်ပါတယ်။ ထူးကဲ တဲ့ သင်္ကြန်ကြီးမှာ ထူးကဲတဲ့ ကုသိုလ်တွေ ပြုနိုင်ပါတယ်။ အိမ်မှာ ငြိမ်ငြိမ်လေးနေပြီး ပြုနိုင်ပါတယ်။

No comments:

Post a Comment