Thursday, March 19, 2020

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ် သည့် လုပ်ငန်းစဉ် (UPR)ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ထိုင်နေသည်
နေပြည်တော် မတ် ၁၈



“ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review - UPR) ဆိုင်ရာ အကြံပြုတိုက်တွန်း ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ” ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြ သည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊
အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင် များဖြစ်ကြသည့်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်း ဒွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ် မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်လှထွန်းနှင့် ဒေါက်တာဒေါ်မြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အကြံပြုသုံးသပ်
အစည်းအဝေးတွင် ဒုတိယသမ္မတက “ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ် သည့် လုပ်ငန်းစဉ် (Universal Periodic Review - UPR)” အရ မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက် (၁၆၆)ချက်နှင့် ပတ်သက်၍ ကဏ္ဍ (၁၂)ရပ်အပေါ် တာဝန်ခံ ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများ၊ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီက ပြုစုတင်ပြလာသည့် အစီရင်ခံစာ(မူကြမ်း)တို့ကို အကြံပြု သုံးသပ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ ကို ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေး ကျင်းပပြုလုပ် ရခြင်းဖြစ်ပါကြောင်း။
တာဝန်ခံဆောင်ရွက်နေ
၂၀၁၉ ခုနှစ် မေလ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် “အမျိုးသားအဆင့်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး”တွင် အစည်းအဝေးဆုံးဖြတ်ချက် (၉)ချက် ချမှတ်ခဲ့ရာ ဆုံးဖြတ်ချက်များအားလုံး ဆောင်ရွက် ပြီးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ကဏ္ဍ (၁၂)ရပ်အပေါ် တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ တင်ပြချက်များအရ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “အဓိက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များတွင် ပါဝင်ချုပ်ဆိုရန်ကိစ္စရပ်များ” (၄၁)ချက်တွင် ဆောင်ရွက် ပြီး (၁၃)ချက်၊ ဆောင်ရွက်ဆဲ (၂၈)ချက်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တာဝန်ခံဆောင် ရွက်နေသော “အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ” (၇)ချက်တွင် ဆောင်ရွက်ပြီး (၁)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက တာဝန်ခံဆောင် ရွက်နေသော “ကုလသမဂ္ဂလူ့အခွင့်အရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ” (၄)ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၂)ချက်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တာဝန်ယူဆောင်ရွက် ရသည့် “ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးပြုပြင်ပြောင်းလဲရေး ကိစ္စရပ် များ” (၁၉) ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက် ဆဲ (၁၇)ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ကောင်းမွန်သော အုပ်ချုပ်မှု စနစ် ဖော်ဆောင်ရေးကိစ္စနှင့် မြေသိမ်းမှုကိစ္စရပ်များ” (၁၀)ချက်တွင် ဆောင်ရွက်ပြီး (၄)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေ သော “ကျား/မ တန်းတူရည်တူရှိမှုမြှင့်တင်ရေး ကိစ္စရပ် များနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေး ကိစ္စရပ်များ” (၁၅)ချက်တွင် ဆောင်ရွက်ပြီး (၉)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်နှင့် ခွဲခြားမှုမပြုရေးကိစ္စရပ်များ (၁၅)ချက်တွင် ဆောင်ရွက်ပြီး (၇)ချက်၊ ဆောင်ရွက်ဆဲ (၈)ချက်၊ ပညာရေးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက် နေသော “ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များ” (၁၃)ချက်တွင် ဆောင်ရွက်ပြီး (၈)ချက်၊ ဆောင်ရွက်ဆဲ (၅) ချက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ခံ ဆောင်ရွက်နေသော “ဘာသာပေါင်းစုံချစ်ကြည်ရေးကိစ္စ ရပ်များ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကိစ္စရပ်များ” (၁၈)ချက်တွင် ဆောင်ရွက်ပြီး (၁၄)ချက်၊ ဆောင်ရွက်ဆဲ (၄)ချက်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များ” (၅)ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၃)ချက်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်ရသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ” (၁၂)ချက်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “နိုင်ငံသားစိစစ်ရေး ကိစ္စရပ်များ၊ ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူ များ ကိစ္စရပ်များနှင့် လူကုန်ကူးခြင်းကိစ္စရပ်များ” (၇)ချက် တို့သည် ဆောင်ရွက်ဆဲကိစ္စရပ်များဖြစ်ပြီး စုစုပေါင်း အကြံပြုတိုက်တွန်းချက် (၁၆၆)ချက်တွင် ဆောင်ရွက်ပြီး (၆၂)ချက်နှင့် ဆောင်ရွက်ဆဲ (၁၀၄)ချက်ရှိသည်ကို တွေ့ရှိ ရပါကြောင်း၊ ဆောင်ရွက်ဆဲအချက်များထဲမှ စဉ်ဆက် မပြတ် လုပ်ဆောင်နေရမည့်ကိစ္စရပ်များမှလွဲ၍ ကျန်ကိစ္စ ရပ်များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် အလေးထား ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ထည့်သွင်းဖော်ပြထား
ကဏ္ဍ (၁၂)ရပ်အလိုက် တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများ တင်ပြလာမှုအပေါ် အခြေခံ၍ အစီရင်ခံစာ(မူကြမ်း)အား ရေးသားပြုစုပြီးဖြစ်ပါကြောင်း၊ အဆိုပါအစီရင်ခံစာ(မူကြမ်း)ကို အမျိုးသားအဆင့် ကော်မတီဝင်များအားလုံးသို့ ဖြန့်ဝေပေးပြီးဖြစ်သဖြင့် အကြံပြုလိုသည့်အချက်များရှိပါက ဆွေးနွေးအကြံပြုပေးကြစေလိုပါကြောင်း၊ အစီရင်ခံစာ (မူကြမ်း)တွင် အပိုင်း (၅)ပိုင်း ပါဝင်ကာ မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ အသေးစိတ်ကို ထည့်သွင်းဖော်ပြထားပါကြောင်း။
ဝိုင်းဝန်းပူးပေါင်းညှိနှိုင်း
နိုင်ငံခြားရေးဝန်ကြီးဌာန၏ တင်ပြမှုအရ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့တွင်၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂ ရက်မှ ၁၃ ရက်အထိ Universal Periodic Review (UPR) လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ကျင်းပပြုလုပ်မည်ဟု သိရှိရသည့်အတွက် UPR အစီရင်ခံစာ (မူချော) မြန်မာ ဘာသာကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ဒုတိယပတ်အတွင်း အပြီးသတ်ပြုစုဆောင်ရွက်ရန်နှင့် အင်္ဂလိပ်ဘာသာပြန်ဆို မှုကိုလည်း ၂၀၂၀ ပြည့်နှစ် မေလ ပထမပတ်အတွင်း အပြီးသတ် ရေးသားပြုစုနိုင်ရေး အထူးကိစ္စရပ်တစ်ခု အဖြစ်သတ်မှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ အစီရင်ခံစာ (မူချော) အား မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား ပြုစုပြီးချိန်တွင်လည်း UPR ဆိုင်ရာ အကြံပြုတိုက်တွန်း ချက်များနှင့် စပ်လျဉ်း၍ မိမိတို့၏ ဆောင်ရွက်ချက်များ ထဲမှ အထူးအလေးပေးဖော်ပြလိုသည့် ကိစ္စရပ်အသစ်များ ရှိပါက “အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီ” ထံသို့ ပေးပို့ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ဘေးအန္တရာယ်များ ဖယ်ရှားနိုင်
ယနေ့ကာလတွင် မိမိတို့နိုင်ငံအပေါ် လူ့အခွင့်အရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာကနည်းမျိုးစုံဖြင့် ဝိုင်းဝန်းထိုးနှက်နေသည့်အချိန် ဖြစ်သည့်အတွက် အထူး ဂရုပြု ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဘက်မှ မည်သို့ပင် ဖြေရှင်းကြိုးပမ်း ဆောင်ရွက်နေသော်လည်း အချို့သောနိုင်ငံများနှင့် အဖွဲ့အစည်းများက မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အသိအမှတ်မပြုဘဲ သက်သေခိုင်လုံမှုမရှိသည့် အကြောင်းအရာများကို အခြေခံ ပြီး စွပ်စွဲပြောဆိုနေကြသည်ကိုလည်း စိတ်မကောင်းစွာ တွေ့ရှိနေရပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာ၏ စွပ်စွဲချက်များသည် မှန်ကန်မှုမရှိကြောင်းကို အကောင်းဆုံး သက်သေပြနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှသာ မိမိတို့ နိုင်ငံအပေါ် ကျရောက်လာနိုင်သည့် မလိုလားအပ်သော ဘေးအန္တရာယ်များကို ဖယ်ရှားနိုင်ပြီး ပြည်သူတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပြည်တွင်း/ပြည်ပ ဖိအားများအပေါ် မည်မျှထိ ရင်ဆိုင်ဖြေရှင်းနေရသည်ကို ပြည်သူများသိရှိအောင် ချပြရန် လိုအပ်မှာဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့နည်းတူ ပြည်သူများကလည်း တစ်ဖက် တစ်လမ်းက ဝိုင်းဝန်းပူးပေါင်းကာ ကူညီဆောင်ရွက်ပေး လာအောင် စည်းရုံးဆောင်ရွက် သွားကြရမည် ဖြစ်ပါ ကြောင်း၊ INGO ၊ NGO များနှင့် CSO များ၏ အားကိုလည်း ရယူဆောင်ရွက်ရန် လိုအပ်ပြီး ၎င်းတို့၏ အကြံပြုချက် များကို အလေးအနက်ထား ထည့်သွင်းစဉ်းစားသင့်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့ရေးသားပြုစု နေသည့် အမျိုးသားအဆင့် အစီရင်ခံစာ (National Report) သည် ပိုမိုပြီးပြည့်စုံလာမည်ဟု ထင်မြင်ယူဆပါ ကြောင်း။
ပီပီပြင်ပြင် ရုပ်လုံးပေါ်လာ
တာဝန်ခံဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်း ကော်မတီနှင့် ကော်မတီများ၏ ကြိုးပမ်းအကောင်အထည် ဖော် ဆောင်ရွက်ခဲ့မှုများကြောင့် ယခုဆိုလျှင် National Report သည် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာပြီ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကလည်း တာဝန်ယူ ထားသည့် ကဏ္ဍအလိုက် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ပေးနေကြသည့်အတွက် တာဝန်ရှိသူအားလုံး ကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုပြုစုရေးသားထားသည့် National Report ကို ကြည့်ရှုလေ့လာမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်နေမှု များ မရှိသည်ကို ဖော်ထုတ်ပြသနိုင်မည် ဖြစ်သည့်အပြင် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေးအခြေအနေများ တိုးတက်မှုရှိစေရေးအတွက် ဘက်ပေါင်းစုံက အစွမ်းကုန် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည် ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍ များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ အစီရင်ခံစာ(မူကြမ်း)အပေါ် အကြံပြု လိုသည်များနှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေး အကြံပြုပေးစေလိုပါကြောင်း ပြောကြား သည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review - UPR) ဆိုင်ရာ အကြံပြုတိုက်တွန်းချက် များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသား အဆင့် ကော်မတီအတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အမျိုးသားအဆင့် ကော်မတီ၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် Universal Periodic Review (UPR) အကြံပြုတိုက်တွန်းချက် (၁၆၆) ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကဏ္ဍ (၁၂)ရပ်နှင့် စပ်လျဉ်း၍ တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာန များနှင့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် “အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ” ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆/၂၁ ၏ နောက်ဆက်တွဲပါ အပိုဒ်(၅)အရ မြန်မာနိုင်ငံက တင်သွင်း မည့် အမျိုးသားအဆင့် အစီရင်ခံစာ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ သည်။
အကြံပြုဖြည့်စွက်ဆွေးနွေး
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်သီတာဦးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြား ရေးမှူးချုပ် ဦးထင်ကျော်တို့က လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆/၂၁ ၏ နောက်ဆက်တွဲပါ အပိုဒ် (၅)အရ မြန်မာနိုင်ငံက တင်သွင်းမည့် အစီရင်ခံစာ (မူကြမ်း) နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြုဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြံပြုဆွေးနွေးတင်ပြချက် များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်

No comments:

Post a Comment