Thursday, March 19, 2020

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မြန်မာ - နီပေါ သံတမန် ဆက်သွယ်မှု နှစ် (၆၀)ပြည့် အခါသမယ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့




နေပြည်တော် မတ် ၁၉



၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် နှစ် (၆၀)ပြည့် အခါသမယ အား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နီပေါနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ တို့သည်လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီတို့သည်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန် ပေးပို့ခဲ့ကြ သည်။
သတင်းစဉ်

No comments:

Post a Comment