Wednesday, March 18, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ် ကျောက်တစ်လုံး IDP စခန်း ပိတ်သိမ်းရေး ကွင်းဆင်းဆောင်ရွက် မှုများ အွန်လိုင်းဖြင့် ဆက်သွယ်ဆွေးနွေး




ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၃ ဦး၊ ထိုင်နေသော လူများ၊ စားပွဲ၊ ဖန်သားပြင် နှင့် အခန်းတွင်း
နေပြည်တော် မတ် ၁၇



လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့ညနေပိုင်း တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရှိ ကျောက်တစ်လုံး IDP စခန်း ပိတ်သိမ်းနိုင်ရေးအတွက် မြေပြင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ကို အွန်လိုင်းဖြင့် ဆက်သွယ်ဆွေးနွေး သည်။
အွန်လိုင်း အစည်းအဝေးတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကိုကိုနိုင်နှင့် မြေပြင် ကွင်းဆင်းအဖွဲ့က ယနေ့နံနက်ပိုင်း တွင် ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့မှုများကို တင်ပြသည်။
ထိုသို့တင်ပြရာတွင် ပြန်လည် နေရာချထားရန် ရွေးချယ်ထားသည့် လက်ရှိစခန်းမှ နှစ်ဖာလုံအကွာနေရာ တွင် နေအိမ်၊ ရေနုတ်မြောင်းများ၊ လမ်းနှင့် ရေတားတမံများ တည်ဆောက် ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် လိုအပ် သော အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရေးတို့ကို ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့မှု၊ ကျောက် တစ်လုံး IDP စခန်းနေသူများနှင့် ထပ်မံတွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့မှု၊ မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ကျောက်ဖြူမြို့ခံ ရပ်မိရပ်ဖ ခုနစ်ဦးတို့နှင့် ထပ်မံတွေ့ဆုံ ညှိနှိုင်းခဲ့မှုတို့ကိုတင်ပြရာ ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဆက်လက်ဆောင်ရွက်သွားရမည့် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေး ပြောကြားသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်း နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ညွှန်ကြား ရေးမှူးချုပ်နှင့်အဖွဲ့သည် IDP စခန်း ပြန်လည်နေရာချထားရေးကို ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment