Wednesday, March 18, 2020

ခရိုအေးရှားနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ အိုင်ဗန်ဗဲလစ်မေ စတာချဲဗစ် အား ခန့်အပ်ရန် မြန်မာနိုင်ငံအစိုးရက သဘောတူ




နေပြည်တော် မတ် ၁၈


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ခရိုအေးရှားနိုင်ငံ သံအမတ်ကြီး မစ္စတာ ခရက်ဆို ဂလာဗာ့ (ဂျ်) ၏ နေရာတွင် မစ္စတာ အိုင်ဗန်ဗဲလစ်မေ စတာချဲဗစ် အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီ ပြီးဖြစ်သည်။
မစ္စတာ အိုင်ဗန်ဗဲလစ်မေ စတာချဲဗစ် ကို ၁၉၅၄ ခုနှစ်၊ မေလတွင် မွေးဖွားခဲ့သည်။ ၎င်းသည် Zagreb မြို့ရှိ၊ Zagreb University မှ ၁၉၇၇ ခုနှစ်တွင် ဥပဒေဘွဲ့ကို လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် ဥပဒေမဟာဘွဲ့ကို လည်းကောင်း၊ ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့ကို လည်းကောင်း အသီးသီးရရှိခဲ့သည်။
၎င်းသည် ၁၉၇၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ခရိုအေးရှားပါလီမန်၌ လည်းကောင်း၊ ၁၉၉၂ ခုနှစ်မှ ယနေ့အထိ ခရိုအေးရှားနိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီးဌာန၌ ရာထူးအဆင့်ဆင့်ဖြင့်လည်းကောင်း တာဝန် အသီးသီး ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဟယ်လင်းနစ်သမ္မတနိုင်ငံဆိုင်ရာ ခရိုအေးရှား သံအမတ်ကြီးအဖြစ် လည်းကောင်း၊ Euroasia, Eastern Partnership, Asia and Oceania တွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိစကားတို့ကို တတ်ကျွမ်းသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှစ၍ မလေးရှားနိုင်ငံဆိုင်ရာ ခရိုအေးရှား သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
၎င်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားသမီးတစ်ဦးရှိသည်။
သတင်းစဉ်

No comments:

Post a Comment