Sunday, March 15, 2020

COVID-19 ရောဂါလူနာများတွေ့ရှိပါက ကုသမှုပေးရာ၌ အသုံးပြုရန်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံသုံးစက်ပစ္စည်းနှင့် အလှူငွေများ လှူဒါန်း



နေပြည်တော်  မတ်  ၁၄

COVID-19    ရောဂါလူနာများတွေ့ရှိပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုပေးရာ၌ အသုံးပြုရန်အတွက် ဆေးရုံသုံးစက်ပစ္စည်းနှင့် အလှူငွေများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင်  ရန်ကုန်မြို့ရှိ  ရန်ကုန်ပြည်သူ့ ဆေးရုံကြီး သင်တန်းခန်းမ၌ ကျင်းပသည်။

ပါဝင်သွားမည်

အခမ်းအနားတွင် အလှူရှင်များကိုယ်စား Shwe Taung Group of Companies ၏ ဥက္ကဋ္ဌ ဦးအိုက်ထွန်းက   မိမိတို့အနေဖြင့်   နိုင်ငံနှင့် ပြည်သူများအကျိုးအတွက်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်နေသော COVID-19   ရောဂါ  ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင်   တစ်တပ်တစ်အား ပါဝင် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ဆက်လက်၍ နိုင်ငံ နှင့် ပြည်သူများအကျိုးအတွက် မိမိတို့တတ်နိုင် သည့်  အခန်းကဏ္ဍမှ  ပါဝင်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆေးရုံ ပိုင်းဆိုင်ရာ  ကုသရေးလုပ်ငန်းများ   ကြိုတင် ပြင်ဆင်ဆောင်ရွက်မှုများသည် အရေးကြီးပါ ကြောင်း၊  ယခုကဲ့သို့  လှူဒါန်းမှုသည် အမှန် တကယ် လိုအပ်နေသည့်အချိန်တွင်  အမှန် တကယ် လိုအပ်သည့်နေရာသို့  လှူဒါန်းခြင်း ဖြစ်ပြီး ကူးစက်ရောဂါအမျိုးမျိုး အပါအဝင် လူနာများကို    ကိုင်တွယ်ကုသနေရသည့် ကျန်းမာရေးဝန်ထမ်းများအတွက်   များစွာ အထောက်အကူပြု အကျိုးရှိပါကြောင်း။
ယခုကဲ့သို့    လှူဒါန်းမှုကြောင့်  လူနာ များစွာ၏ အသက်ကို ကယ်တင်ကုသမှုပေးနိုင် မည်ဖြစ်၍ တစ်ကြိမ်တစ်ခါ လှူဒါန်းခြင်းဖြင့် အကြိမ်များစွာ ကုသိုလ်ရ၊  အကျိုးရှိစေသည်ကို အလှူရှင်များအနေဖြင့် သိရှိဝမ်းမြောက်စေလို ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလှူရှင်များ ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက်   ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အလှူရှင် များကို  ကျေးဇူးတင်စကားပြောကြားသည်။

လက်ခံရယူ

ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အလှူရှင်များ၏ လှူဒါန်းမှု ကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပေးအပ်ကြသည်။

အဆိုပါ   ဆေးရုံသုံးစက်ပစ္စည်းနှင့် လှူဒါန်းငွေများကို IBPC မှ ငွေကျပ်သိန်း ၅၀၀၊ Asia Royal Hospital  မှ ငွေကျပ် ၃၁၅ သိန်း၊ Shwe Taung Group ၊ GGI Tokio Marine နှင့် GGI NIPPON Life တို့မှ ကုမ္ပဏီတစ်ခုလျှင် ငွေကျပ်သိန်း ၃၀၀ စီ၊ ကြယ်တံခွန်ဖောင်ဒေးရှင်း မှ   ငွေကျပ်သိန်း  ၅၀၊ ဦးစုဝေနှင့် ဦးဝင်းနိုင် မိသားစု၊ ဦးသော်ဇင် မိသားစု၊ ဦးစိုးပိုင် မိသားစု၊ ဦးအုံးဆိုင်  မိသားစု၊   ဦးနေဝင်း   မိသားစု၊ ဦးကျော်အောင် မိသားစု၊   ဦးရုံးမူ  မိသားစု၊ ဦးအိုက်စိုင်း မိသားစု၊ ဦးသိန်းဝင်း မိသားစုနှင့် ဦးထွန်းဦး မိသားစုတို့မှ  မိသားစုတစ်စုလျှင် ငွေကျပ် ၂၅ သိန်းစီ၊   Tokyu Construction Co.Ltd မှ ငွေကျပ် ၁၀ သိန်း၊ Rolex Group ၊ International School of Myanmar ၊ ရတနာ ရှင်းသန့် ကုမ္ပဏီနှင့် Brightex Family Co.Ltd တို့မှ တစ်လုံးလျှင်  ငွေကျပ် ၇၅ သိန်းတန်ဖိုးရှိ အသက်ရှူစက်(Ventilator)လေးလုံး လှူဒါန်း ခဲ့ကြပြီး စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၂၃၂၅ သိန်းဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်

No comments:

Post a Comment