Sunday, March 15, 2020

တိကျစွာလိုက်နာ၍ တည်ငြိမ်မှုဆောင်ကြဉ်း



အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ    (COVID-19)    ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများအကြား   နေ့စဉ်နှင့်အမျှ   တိုးတက်ဖြစ်ပေါ်နေ သဖြင့် ထိုရောဂါကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့ မြန်မာ စံတော်ချိန်  ည  ၁၁  နာရီ  ၁၃  မိနစ်တွင် အတည်ပြုသတ်မှတ်ကြေညာခဲ့သည်။ 

ထိုရောဂါမှာ ၂၀၁၉ ခုနှစ်    ဒီဇင်ဘာလမှစ၍    တရုတ်နိုင်ငံ   ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့ပြီးနောက်  ကမ္ဘာ့နိုင်ငံများသို့ပျံ့နှံ့ခဲ့ရာတွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့်   ကမ္ဘာ့ပြည်သူများ   စိုးရိမ်ထိတ်လန့်ခြင်းမဖြစ်စေရန်  ရောဂါ ဖြစ်ပွားမှု၊ ထိန်းချုပ်နိုင်မှု၊   ပျံ့နှံ့မှုအခြေအနေတို့ကိုချင့်ချိန်၍ ရောဂါစတင် ဖြစ်ပွားပြီး နှစ်လကျော်ကြာမှ  ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် တရားဝင် ကြေညာခဲ့သည်။ 

ထိုရောဂါသည် ယနေ့လက်ရှိတွင် ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း  ၁၂၀  ခန့်သို့  ပျံ့နှံ့ ဖြစ်ပွားလာခဲ့ပြီး    ဓာတ်ခွဲအတည်ပြုလူနာတစ်သိန်းကျော်၊    သေဆုံးသူ ငါးထောင်ခန့်ရှိနေပြီဖြစ်သည်။   ရောဂါအတည်ပြုလူနာ  မတွေ့ရှိရသေးသော နိုင်ငံ  ၇၀  ကျော်ရှိပြီး    ထိုနိုင်ငံများတွင်    မြန်မာနိုင်ငံလည်းပါဝင်ပေသည်။ မြန်မာနိုင်ငံအနေဖြင့်  ကံကောင်းသည့်နိုင်ငံဟု  အတပ်ပြောမရဘဲ ကမ္ဘာလုံး ဆိုင်ရာရောဂါဆိုးဖြစ်၍  တစ်နေ့နေ့တွင်  ရင်ဆိုင်ကြုံတွေ့ကောင်း  ကြုံတွေ့ နိုင်ပေသည်။

မြန်မာနိုင်ငံအနေဖြင့်   ရောဂါကနဦးဖြစ်ပွားနိုင်ငံနှင့်    အိမ်နီးချင်းဖြစ် သည်က   တစ်ကြောင်း၊ နှစ်နိုင်ငံကူးလူးဆက်ဆံမှုရှိသည်က  တစ်ကြောင်းတို့ ကြောင့် တရုတ်နိုင်ငံတွင် ရောဂါစတင်ကူးစက်ပြန့်ပွားနေကြောင်း သိရှိသည် နှင့် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ရှာဖွေရေး၊ ကြိုတင်ကာကွယ်တားဆီး ရေးကို       အရှိန်အဟုန်မြှင့်ကာ    တောက်လျှောက်ဆောင်ရွက်လာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏      ကူးစက်ရောဂါပျံ့နှံ့မှုမရှိသေးသောနိုင်ငံများ  ဦးစားပေးဆောင်ရွက်ရမည့်   အကြံပြုချက်များနှင့်အညီ  တစ်နိုင်ငံလုံးလွှမ်းခြုံ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါကပ်ရောဂါမှာ မြန်မာနိုင်ငံသို့ ရောက်ရှိခြင်းမရှိသေးသော်လည်း အကယ်၍ ကူးစက်လူနာတစ်ဦးတွေ့ရှိရပါက အခြားသူများထံ အလွယ်တကူ ကူးစက်ပြန့်ပွားကာ    ရောဂါဖြစ်ပွားမှု    ရုတ်တရက်မြင့်တက်လာနိုင်ခြင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကြေညာလိုက် ခြင်းတို့ကြောင့် တားဆီးကာကွယ်ရေးကို  အရှိန်မြှင့်နိုင်ရန်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက  မတ်လ ၁၃ ရက်နေ့တွင် လိုက်နာရန်တို့ကို ပြည်သူသို့ အသိပေးပန်ကြားခဲ့သည်။

COVID-19 ရောဂါသည် လူစုလူဝေးများပြားရာနေရာများတွင် လျင်မြန် စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့်ကျင်းပ သော    အခမ်းအနားများ၊    ပွဲလမ်းသဘင်များ   (သင်္ကြန်ပွဲတော် မဏ္ဍပ် ဆောက်လုပ်ခြင်းအပါအဝင်)   မပြုလုပ်ကြရန်  အသိပေးထားသည်။  အခမ်း အနားများ၊  ပွဲလမ်းသဘင်များကို  မတ်လ  ၁၃  ရက်နေ့မှစ၍ ၂၀၂၀ ပြည့်နှစ် ဧပြီလ  ၃၀  ရက်နေ့အထိ  ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကို  သက်ဆိုင်ရာ များသို့ ညွှန်ကြားထားပြီး လိုအပ်ပါက ရပ်ဆိုင်းကာလကို  ထပ်မံတိုးမြှင့် သတ်မှတ်သွားမည်ဟု သိရသည်။
ထို့အပြင် ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ပြည်သူလူထုအကြား အထိတ် တလန့်ဖြစ်အောင်၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်မှုနှင့် သက်ဆိုင်သည့်ကိစ္စများကို  အရေးယူမည်ဖြစ်ကြောင်း  အသိပေးထားသည်။ ပြည်သူများအနေဖြင့်    သက်ဆိုင်ရာက   အသိပေးထားသည့်   ကျန်းမာရေး ဆိုင်ရာအချက်အလက်များကို  လိုက်နာဆောင်ရွက်ကြရန်နှင့် မမှန်သတင်း များ၊ ကောလာဟလသတင်းများ မဖြန့်ဝေမိကြရန် လိုအပ်သည်။ မြန်မာနိုင်ငံ သည်  နိုင်ငံရှိလူဦးရေနှင့်  ပြည်တွင်းစားနပ်ရိက္ခာ  လောက်ငဖူလုံပိုလျှံသော နိုင်ငံဖြစ်ရာ    စားသောက်ကုန်များကို    ပုံမှန်အတိုင်း    ဝယ်ယူစားသုံးနိုင်ပြီး မတော်လောဘဖြင့် ရောင်းချပါက အရေးယူခံရမည်သာ ဖြစ်သည်။

သို့ဖြစ်ရာ    ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ     (COVID-19)    သည် တစ်ကမ္ဘာလုံးကြုံတွေ့မည့်    ကူးစက်ရောဂါဖြစ်၍   မြန်မာနိုင်ငံအနေဖြင့့် ရှိသည့်အင်အားညီညွတ်မှုများဖြင့်     ထုတ်ပြန်ထားသည့်အချက်များကို တိကျစွာလိုက်နာဆောင်ရွက်ခြင်းဖြင့်  တည်ငြိမ်အေးချမ်းမှု   မပျက်ယွင်း အောင် ဆောင်ကြဉ်းရမည် ဖြစ်ပါကြောင်း။        ။



No comments:

Post a Comment